Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ရုပ်သံ ဇာတ်လမ်းတွဲအဖြစ် မြင်တွေ့ရမယ့် “Baby Shark”

$
0
0

ကလေးတွေ ကြားမှာ အရမ်းရေပန်းစားခဲ့တဲ့ Baby Shark သီချင်းကို အားလုံး သိကြဦးမယ် ထင်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့  ဒီသီချင်းဟာ Youtube မှာ ကြည့်ရှုသူ ၂ ဒဿမ ၉ ဘီလီယံ ရှိခဲ့ပြီး နိုင်ငံတိုင်း နီးပါးမှာ အောင်မြင်ခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ Billboard မှာ ရက်သတ္တပတ် ၂၀ ကျော်ကြာ အောင်မြင်ခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။

ကလေးတွေသာမက လူကြီး အဆိုတော်တွေကပါ ဒီသီချင်းကို Cover ပြန်ဆိုတဲ့ ဗီဒီယို ၇ သောင်းကျော် ရှိခဲ့ပြီး နေရာတိုင်းနီးပါးမှာ ကြားခဲ့ရတဲ့ သီချင်းဆိုရင်လည်း မမှားပါဘူး။ အခု ဒီသီချင်းကို နာမည်ကျော် ကာတွန်း ကုမ္ပဏီဖြစ်တဲ့ Nickelodeon က ရုပ်သံဇာတ်လမ်းတွဲအဖြစ် ပြသတော့မယ်လို့ သတင်းတွေ ထွက်ရှိလာပါတယ်။

Nickelodeon ရဲ့ ရုပ်သံထုတ်လုပ်သူ တယောက်ကတော့ “ကျနော်တို့မှာ ပြန်လည် သစ်ဆန်းစရာတွေ အများကြီး ရှိပါတယ်။ ကျနော်တို့ရဲ့ ထူးခြားတဲ့ ထုတ်လုပ်ရိုက်ကူးမှုတွေနဲ့ အတူ Baby Shark ကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် မြင်ရမှာပါ။ မိသားစုတွေကြားမှာ ဒီထက် ပိုလေးနက်တဲ့ ပုံစံနဲ့ Baby Shark ကို မြင်ရအောင် ကြိုးစားနေပါတယ်”လို့ ဆိုပါတယ်။

Baby Shark ဟာ သီချင်းအနေနဲ့ အောင်မြင်ရုံသာမက စီးပွားရေးပိုင်းမှာလည်း အရုပ်တွေနဲ့ တီရှပ်တွေကို ရောင်းချနေပြီး ဝယ်သူတွေလည်း အများကြီးရှိနေတယ်လို့ သိရပါတယ်။

Ref. hollywoodreporter.com

You may also like these stories:

“Baby Shark” ကိုရီးယားကလေးသီချင်း Billboard Hot 100 စာရင်းမှာ ၂ ပတ် ဆက်တိုက်ပါဝင်

Meme ထဲက လူတွေရဲ့ လက်တွေ့ဘဝ ပုံရိပ်များ

The post ရုပ်သံ ဇာတ်လမ်းတွဲအဖြစ် မြင်တွေ့ရမယ့် “Baby Shark” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ