Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“အချစ်ကိုရှာတဲ့ မိန်းမထဲမှာ မပါဘူး”လို့ ပြောတဲ့ အဆိုတော် ဆိုဖီယာ

$
0
0

လတ်တလောမှာ ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့ အဆိုတော် ဆိုဖီယာကတော့ အချစ်အတွက်ကို အချိန်ပေးပြီး စဉ်းစားမှာ မဟုတ်သလို အချစ်ကိုရှာတဲ့ မိန်းမ အမျိုးအစားထဲမှာ မပါဘူးလို့ ပြောပါတယ်။

“အချစ်အတွက်ကို အဲ့လောက်ထိ အချိန်ပေးပြီး စဉ်းစားမှာလည်း မဟုတ်ဘူး။ အဲ့လောက်ထိ ထိုင်စောင့်နေမှာလည်း မဟုတ်ဘူး။ ရှာလည်း ရှာမှာ မဟုတ်ဘူး။ အရင်ကတည်းကလည်း အချစ်ကို ရှာတဲ့ မိန်းမထဲမှာ မပါဘူးဆိုတော့ ကိုယ့်ကိုလာပြောတဲ့ဟာကိုပဲ ရွေးရင်လည်း ရွေးမှာပေါ့နော်။ အချိန်တခု ရောက်ရင်ပေါ့” လို့ အဆိုတော် ဆိုဖီယာက ပြောပါတယ်။

ဆိုဖီယာရဲ့ ချစ်သူက နိုင်ငံခြားမှာ ကျောင်းသွားတက်တာ ဖြစ်တဲ့အတွက် Long Distance Relationship ကို အယုံအကြည် မရှိတာကြောင့် လမ်းခွဲခဲ့တာဖြစ်ပြီး လူကောင်းတယောက်နဲ့ တွေ့ဆုံခဲ့တာပါလို့ ဆိုဖီယာက ပြောပါတယ်။

“အချစ်ရေးကတော့ ဒီတိုင်း တယောက်တည်းပါပဲ။ ဘာမှတော့ မဖြစ်ပါဘူး။ အဆင်ပြေပါတယ်။ လူကောင်း တယောက်နဲ့ တွေ့ခဲ့တာပါ။ အဆင်ပြေပါတယ်။ ဒါပေမဲ့ အကြောင်းအရာလေးတွေ တယောက်နဲ့ တယောက် အဆင်မပြေတဲ့အချိန်မှာ တယောက်တည်း ဖြစ်သွားတယ်ပေါ့။ ဒီလိုပါပဲ။ အဲဒီထက်တော့ ပိုလည်း ပြောမပြတတ်ဘူး။ နှစ်ယောက်စလုံးက ကိုယ့်အလုပ်ကိုယ်ပဲ လုပ်နေကြတာပေါ့”လို့ ဆိုဖီယာက ပြောပါတယ်။

 

ဆိုဖီယာက အချစ်ကို လိုက်ရှာတဲ့သူတယောက် မဟုတ်တဲ့အတွက် ရောက်လာတဲ့သူကိုသာ ရွေးချယ်မှာဖြစ်တဲ့အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။ “အချိန်ကာလအပေါ် မူတည်တယ်ပေါ့။ Right Time နဲ့ Right Person က ရှေ့ရောက်လာရင်တော့ တမျိုးပေါ့။ မဟုတ်ရင်တော့ ကံအလျှောက်ပဲပေါ့”လို့ ဆိုဖီယာက ဆိုပါတယ်။

ပရိသတ်များကိုလည်း ဆိုဖီယာက သူ့ရဲ့အနုပညာလှုပ်ရှားမှုများကိုသာ စောင့်ကြည့်စေချင်ပြီး အချစ်ရေးကို စိတ်မဝင်စားပါနဲ့ဦးလို့ ပြောပါတယ်။ “အလုပ်နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေပဲ စောင့်ပေးပါလို့။ အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်မဝင်စားကြပါနဲ့ဦး။ အခုတော့ တယောက်တည်းပဲပေါ့”လို့ ဆိုဖီယာက ဆိုပါတယ်။

လတ်တလောမှာတော့ ဆိုဖီယာက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာပေါ်မှာ Sexy ကျကျ စုံတွဲဓာတ်ပုံ တပုံကို တင်ခဲ့ပြီး အဆိုပါ ဓာတ်ပုံကတော့ မကြာခင်မှာ ထွက်ရှိမှာ Music Video အတွက် ရိုက်ကူးထားတဲ့ပုံလို့ သိရပါတယ်။

Sophia MV Cover

“အခု မစန္ဒီမြင့်လွင်နဲ့ နှစ်ယောက်ပေါင်းပြီးတော့ “1 On 1” ဆိုတဲ့ အခွေ ထွက်မယ်။ နောက်ပြီးတော့ နင်ဇီမေနဲ့သီချင်းတွေ Solo သီချင်းတွေ၊ Music Video တွေ လာဖို့ ရှိပါတယ်။ အခု ဇွန်လ ၆ ရက်နေ့ ၇ ရက်နေ့လောက် MV တပုဒ် တင်ပါမယ်။ မနှစ်က သီချင်းအမြူးတွေချည်းပဲ။ ဒီနှစ် အသည်းကွဲသီချင်းတွေပဲ လာမယ် ထင်တယ်။ ဆိုဖီ ကိုယ်တိုင်တော့ မရေးပါဘူး” ဆိုဖီယာက ပြောပါတယ်။

အဆိုတော် ဆိုဖီယာကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေ လူသိများလာပြီး ပရိသတ် အားပေခြင်းခံရတဲ့ အဆိုတော်တဦးလည်း ဖြစ်ပါတယ်။

The post “အချစ်ကိုရှာတဲ့ မိန်းမထဲမှာ မပါဘူး”လို့ ပြောတဲ့ အဆိုတော် ဆိုဖီယာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ