Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“မိန်းကလေးချင်း ချစ်သူထားရင် ပြတ်သွားရင်တောင် ထိခိုက်မှုမရှိဘူး” လို့ မော်ဒယ်ဂျေနော် ပြော

$
0
0

ကချင်တိုင်းရင်းသူ စူပါမော်ဒယ် ဂျေနော်ကတော့ ယောကျာ်းတွေကို ချစ်သူအဖြစ် ကြိုက်ရတာကြောက်လာလို့ မိန်းကလေးချင်းပဲ ကြိုက်တော့မယ်လို့ ဆိုပါတယ်။

“အချစ်ဟာ ပြေးလိုက်လို့လိုက်တာလား လိုက်လို့ပြောတာလားဆိုရင် စိန်ပြေးလိုက်တမ်းကစားနေတာတော့ မဟုတ်ဘူး ပေါ့။ ကိုယ့်ဆီကနေ ထွက်ပြေးသွားတဲ့သူ ကိုယ့်ရင်ခွင်မှာနေလို့မှ မပျော်တဲ့သူတယောက်ကို လိုက်မနေတော့ဘူး။ လွှတ်ပေးလိုက်တယ်။ နောက်လူရင်မှာပျော်ရွှင်ပါစေပေါ့။ ယောကျာ်းတွေကို ကြိုက်ရတာကြောက်လာသလိုပဲ။ အဲ့အတွက် မိန်းကလေးချင်းကြိုက်ရင် ပိုကောင်းလိမ့်မယ်လို့ ထင်တယ်။ ကိုယ်တိုင်ကလည်း မိန်းကလေးတွေ လှရင် စိတ်ဝင်စားတယ်”

“အဲ့ အတွက် မိန်းကလေးချင်းပဲကြိုက်တော့မယ်ဆိုပြီး Status တင်ဖြစ်တာ။ နောကို ချစ်တဲ့မိန်းကလေးတွေ အများကြီးပဲ။ တွေ့လိုက်ရင် နောကို အရမ်းချစ်တယ်။ ကြိုက်တဲ့သူတွေ အများကြီးပဲ။ မိန်းကလေးချင်းကြိုက်ရင် စိတ်ချမ်းသာမယ်လို့ ခံစားရတယ်”

“ အခုခေတ်ကြီးက နားလည်သည်းခံ အသည်းကွဲကျန်ခေတ်လေ။ နားလည်မှုတွေ ပေးလိုက် သည်းခံမှုတွေပေးလိုက် အဲ့ဒါဆိုသေချာတယ်။ အသည်းကွဲကျန်တော့မှာ ဆိုတော့ နားလည်မှုလည်း မပေးနိုင်တော့ဘူး။ သည်းလည်း မခံနိုင်တော့ ဘူး” လို့ မော်ဒယ် ဂျေနော်က ပြောပါတယ်။

မိန်းကလေးချင်း ချစ်သူထားတဲ့အတွက် ချစ်သူနဲ့ ပြတ်သွားရင်တောင် ဘာမှထိခိုက်မှုမရှိဘူးလို့ ဂျေနော် ကဆိုပါတယ်။

“ မိန်းကလေးချင်းကြိုက်တော့ သူငယ်ချင်းလိုလည်း ပေါင်းလို့ရတယ်။ ညီမတွေလိုလည်း ပေါင်းလို့ရတယ်။ မိန်းကလေး ချင်း Relationship ချိတ်တာက နောက်ဆုံးတယောက်နဲ့ တယောက် သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲသွားတယ် ဆိုရင်တောင်မှ ဘာမှ ထိခိုက်နစ်နာမှုမရှိဘူး”

“ကိုယ်တိုင်က LGBT ထောက်ခံသူလားဆိုတော့ နောက လူသားအားလုံးကို လူလို့ပဲမြင်တယ်။ အာလုံးအပေါ်မှာ တန်းတူညီမျှအကုန်လုံးကို လူထဲကလူလို့ပဲမြင်ထားတာမို့ အကုန်လုံးကိုချစ်တယ်။ ယောကျာ်းလေးတွေ အတွက် လောလောဆယ်တော့ Chance မရှိဘူး” လို့ ဂျေနော် က ပြောပါတယ်။

ဖက်ရှင် Catwalk Runway လမ်းတွေထက်က စူပါလ်မော်ဒယ်လ်တယောက်ဖြစ်တဲ့ ဂျေနော် ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမော်ဒယ်လ်တွေထဲက တယောက် ဖြစ်ပါတယ်။ သူမဟာ မိန်းကလေးတိုင်းအားကျရလောက်အောင် အနေအထိုင်၊ ဖက်ရှင်ကျပြီး အမြဲတမ်း စမတ်ကျသူတယောက်ဖြစ်ပါတယ်။

You may also like these stories:

ခန္ဓာကိုယ်မှာ ဘာခွဲစိတ်မှုမှ လုပ်မထားတဲ့ Supermodel ဂျေနော

“မိဘက နောလေးကို စီးပွားရေး လုပ်ငန်းရှင် တယောက်ပဲ ဖြစ်စေချင်တယ်”

The post “မိန်းကလေးချင်း ချစ်သူထားရင် ပြတ်သွားရင်တောင် ထိခိုက်မှုမရှိဘူး” လို့ မော်ဒယ်ဂျေနော် ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ