Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ဗိုလ်ချုပ်ရုပ်ရှင်” ရိုက်ကူးရေးမစဖြစ်သေးတဲ့အပေါ် ပြောပြလာတဲ့ လူမင်း

$
0
0

ဗိုလ်ချုပ်ရုပ်ရှင်ပြင်ဆင်မှုတွေ မပြီးသေးတဲ့အတွက် ရိုက်ကူးရေးမစနိုင်သေးဘူးလို့ ပြောတဲ့ ဒါရိုက်တာလူမင်းက ဒီကားကို ၂၁၀၉ခုနှစ်ထဲမှာတော့ ရိုက်ကူးရေးစတင်မှာလို့ သေချာပါတယ်လို့ ဆိုပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်က အရမ်းခက်ခဲပါတယ်။ ဇာတ်ညွှန်းပိုင်းဆိုင်ရာမှာရော သရုပ်ဆောင်တွေရွေးချယ်တဲ့ နေရာမှာရောပေါ့နော်။ ဗိုလ်ချုပ်တယောက်ကို ရွေးချယ်ပြီးရုံနဲ့မှမရတာ အထင်ကရနိုင်ငံရေးသမားကြီးတွေ နေရာမှာ သရုပ်ဆောင်ဖို့ သရုပ်ဆောင်မရသေးဘူး”

“လူသူအင်အား၊ လက်နက်အင်အားတွေနဲ့ ရိုက်ရမှာတွေ၊ ဒီဘက်ခေတ် အခြေအနေမှာ မြင်နေရတဲ့ နေရာတွေကို ဟိုဘက်ခေတ်လိုဖြစ်အောင်ကွန်ပျူတာ အထူးပြုလုပ်ချက်တွေ အတွက် ပညာရှင်တွေနဲ့ တိုင်ပင်ရတဲ့အပိုင်းတွေ ပြင်ဆင်ရေးအပိုင်းတွေ မပြီးမပြီးနဲ့ ဖြစ်နေတဲ့အတွက် ရိုက်ကူးရေးကို မစနိုင်သေးတာပါ”

“ သေချာတာကတော့ ဒီနှစ်ထဲ ရိုက်ဖြစ်မှာပါ။ အမေစုနဲ့ ဒီလထဲမှာ တွေ့ဖို့ရှိပါတယ်။ တွေ့ဖြစ်ရင်တော့ တင်ပြစရာတွေ တင်ပြမှာပါ ” လို့ ဗိုလ်ချုပ်ရုပ်ရှင်ကို ရိုက်ကူးမယ့် ဒါရိုက်တာ လူမင်းက ပြောပါတယ်။

မြန်မာနိုင်ငံက ရိုက်ကွင်းတွေမှာ အာမခံမရှိတဲ့ အပေါ် သရုပ်ဆောင်လူမင်းက တဖြည်းဖြည်းနဲ့တော့ လိုအပ်ချက်တွေ ဖြည့်ရင်း ပြောင်းလဲတိုးတက်လာတာတွေ တွေ့ရမှာပါလို့ ဆိုပါတယ်။

“ ဒါရိုက်တာ ကိုပေါက်ရိုက်တဲ့ ကားလေးကို ကြည့်ဖြစ်တယ်။ ဘန်ကောက်မှာ သွားရိုက်တယ်။ တရားဝင်ခွင့်ပြုချက် တွေနဲ့ ရိုက်ခဲ့တယ်။ ဟိုဘက်က သရုပ်ဆောင်တွေလည်းပါတယ်ပေါ့။ တကယ့်ဖျော်ဖြေမှုပေးနိုင်တဲ့ ကားလေး တကားပါ။ သူတို့ ရိုက်ကွင်းအတွက် အာမခံထားကြတယ်။ အဲ့လိုပဲဖြစ်သင့်တာပေါ့”

“ ရိုက်ကွင်းတခုမှာပါတဲ့သူတွေ အားလုံးရဲ့ ကျန်းမာရေး စားရေးသောက်ရေးအားလုံးကို Productor ဘက်က တာဝန်ယူမှု အပြည့်ရှိရမှာပေါ့။ ကျနော်တို့ဆီမှာကတော့ သူ့ဟာနဲ့သူ ပေါ့နော်။ ရိုက်ကူးလာတဲ့ အတွေ့အကြုံနဲ့ အလေ့အထကိုက လိုအပ်ချက်တွေ အများကြီး ဖြစ်နေတာပေါ့” လို့ လူမင်းက ဆိုပါတယ်။

လူမင်းက သရုပ်ဆောင်စတင်လုပ်ကိုင်စဉ်က အခက်အခဲတွေကိုလည်း အခုလိုပြောပါတယ်။

“ကျနော်တို့ မင်းသားဖြစ်စတုန်းက အနုပညာကို ရူးသွပ်နေတော့ ဝရံတာကနေခုန်ချလိုက်ဆိုတာနဲ့ အောက်ကဆွဲ ပေမယ့် ပရော်ဖက်ရှင်နယ်တွေ မဟုတ်တော့ ခါးနဲ့ ပစ်ရိုက်တာပဲလေ။ ကံကောင်းလို့ အောက်ပိုင်းမသေတာပေါ့။ ရိုက်ကူးရေးမှာ မြင်းကန်ခံရတာတွေ မျက်နှာထိတာတွေ အတွက် အာမခံဘာမှမရှိဘူး။ အခုတော့ ကိုယ်တို့ရုပ်ရှင် လောက တဖြည်းဖြည်း နဲ့တော့ လိုအပ်ချက်တွေ ဖြည့်ရင်းပြောင်းလဲ တိုးတက်လာတာတွေ တွေ့ရပါတယ်” လို့ လူမင်းက ပြောပါတယ်။

၃ ထပ်ကွမ်း အကယ်ဒမီဆုရှင် သရုပ်ဆောင် လူမင်းဟာ၂၀၁၃ ခုနှစ်၊ ဇွန်လက စတင်ကာ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌအဖြစ် ၄ နှစ်ကျော် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ လူမင်းက ဗိုလ်ချုပ်ရုပ်ရှင်အတွက် ဒါရိုက်တာအဖြစ် တာဝန်ယူကာ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

You may also like these stories:

“ဗိုလ်ချုပ်ရုပ်ရှင်ကို ဘဝနဲ့ရင်းပြီး ရိုက်တယ်လို့ ခံယူထားတယ်”လို့ လူမင်း ပြော

ဗိုလ်ချုပ်ရုပ်ရှင်ကို နိုင်ငံတကာ အဆင့်မီဖြစ်ဖို့ အာမခံတယ်လို့ ဒါရိုက်တာ လူမင်းပြော

The post “ဗိုလ်ချုပ်ရုပ်ရှင်” ရိုက်ကူးရေးမစဖြစ်သေးတဲ့အပေါ် ပြောပြလာတဲ့ လူမင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ