Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မင်္ဂလာသက်တမ်း ၄၆ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ မင်းသားကြီး အမီတာဘဂျမ်းတို့ ဇနီးမောင်နှံ

$
0
0

နာမည်ကျော် ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်းနဲ့ ဇနီး မင်းသမီး ဂျာယာဘချနွန်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်ဟာ ဇွန်လ ၃ ရက်နေ့မှာ ၄၆ နှစ် တင်းတင်းပြည့်ပြီ ဖြစ်ပါတယ်။

သူတို့စုံတွဲ နှစ်ယောက်ဟာ တဦးကို တဦး သိပ်ချစ်ပါတယ်လို့ တဖွဖွ မပြောတတ်ကြပေမယ့် ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ညတုန်းကတော့ သူတို့ရဲ့ မင်္ဂလာ နှစ်ပတ်လည်နဲ့ ပတ်သက်လို့ ဘလော့ဂ်မှာ အထူးပို့စ်တခုကို မင်းသားကြီး အမီတာက ဝေမျှခဲ့ပါတယ်။

သူတို့နဲ့ မင်္ဂလာပွဲနဲ့ ပတ်သက်တဲ့ ပုံမှန် မဟုတ်တဲ့ အခြေအနေတွေကို ပြောဆိုခဲ့တဲ့ မင်းသားကြီးက ၁၉၇၃ ခုနှစ်မှာ ဇနီး ဂျာယာနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ရတဲ့ မယုံကြည်နိုင်လောက်တဲ့ အကြောင်းပြချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အဲဒီ အချိန်တုန်းက မင်းသားကြီးဟာ ဂျာယာ၊ သူ့သူငယ်ချင်းတွေနဲ့အတူ လန်ဒန်ကို အပန်းဖြေခရီး သွားချင်ခဲ့ပေမယ့် ဖခင်ဖြစ်သူ Harivansh Rai Bachchan က နှစ်ဦးသား လက်ထပ်ပြီးမှသာ သွားလို့ရမယ့်အကြောင်း သူ့ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်တုန်းက အမီတာနဲ့ ဂျာယာတို့ဟာ တွဲနေတုန်းပဲ ရှိပါသေးတယ်။

တကယ်လို့သာ “Zanjeer” ရုပ်ရှင် နာမည်ကျော်မယ်ဆိုရင် သူငယ်ချင်းတွေကို လန်ဒန်မြို့ဆီ အားလပ်ရက် အပန်းဖြေခရီးအတွက် ခေါ်သွားမယ် ကတိပေးတယ်လို့ ဆိုပါတယ်။

မင်းသားကြီးက “သူငယ်ချင်းတွေနဲ့အတူ အင်္ဂလန်ကိုသွားမယ်လို့ မိဘတွေကို ပြောကြည့်တော့ အဖေ့ဆီကနေ ဘာပြန်ကြားရသလဲဆိုတော့ ဂျာယာလည်း မင်းနဲ့ လိုက်မှာလား။ မင်းတို့ နှစ်ယောက်တည်းလား။ လက်ထပ်ပြီးရင်တော့ သွားပေါ့” လို့ ပြောခဲ့တဲ့ အကြောင်း သူ့ရဲ့ ဘလော့ဂ်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့်မင်းသားကြီး အမီတာနဲ့ ဂျာယာတို့ဟာ နောက်တရက်မှာပဲ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး လန်ဒန်ကို ညတွင်းချင်းပဲ လေယာဉ်နဲ့ သွားဖို့ စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။

ရုတ်တရက် စီစဉ်လိုက်ရတဲ့ မင်္ဂလာပွဲနဲ့ ပတ်သက်လို့ မင်းသားကြီးက “ကျနော်က ပုံမှန် အိန္ဒိယရိုးရာ မင်္ဂလာဝတ်စုံကို ဝတ်ခဲ့တယ်။ ပြီးတော့ ကားထဲကို ဝင်ပြီး သူ့သူငယ်ချင်းတွေနေတဲ့ Malabar Hill ဆီ မောင်းသွားခဲ့တယ်။ အဲဒီမှာ လက်ထပ်ပွဲ လုပ်မှာလေ။ ကျနော့် ယာဉ်မောင်း Nagesh က ကျနော့်ကို တွန်းထုတ်ပြီး မင်္ဂလာပွဲဆီ သူလိုက်ပို့ပေးမယ့် အကြောင်းပြောတယ်။ ရိုးရာမြင်း အသုံးပြုမယ့်အစား သူ့ကိုသုံးပါဆိုပြီးတော့ပေါ့။ နောက်နာရီ အနည်းငယ်အကြာမှာပဲ လက်ထပ်ပွဲ ပြီးတယ်။ ဇနီးမောင်နှံ ဖြစ်ခဲ့ကြတယ်။ ဒါပါပဲ” လို့ ရေးသားထားပါတယ်။

အမီတာနဲ့ ဂျာယာတို့ဟာ Sholay၊ Silsila ၊ Abhimaan နဲ့ Kabhie Khushi Kabhie Gham တို့လိုမျိုး ရုပ်ရှင်တွေမှာ အတူတွဲပြီး သရုပ်ဆောင်ခဲ့ကြပါတယ်။ ပြီးတော့ သားဖြစ်သူ မင်းသား Abhishek Bachchan နဲ့ သမီးဖြစ်သူ စာရေးဆရာ Shweta Bachchan တို့ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သားဖြစ်သူ Abhishek ကတော့ မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည်အတွက် မိဘနှစ်ပါးကို ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။

Ref: hindustantimes

You may also like these stories:

“Star Wars” ရုပ်ရှင်ထဲက Chewbacca သရုပ်ဆောင် မင်းသားကြီး Peter Mayhew ကွယ်လွန်ပြီ

၄ နှစ်ကြာ တွဲခဲ့တဲ့ ချစ်သူနဲ့ တိတ်တဆိတ် လက်ထပ်လိုက်တဲ့ မင်းသားကြီး Jude Law

၂၀၂၁ ခုနှစ်ရောက်မှသာ ရုံတင်ပြသနိုင်တော့မယ့် “Fantastic Beasts 3”

The post မင်္ဂလာသက်တမ်း ၄၆ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ မင်းသားကြီး အမီတာဘဂျမ်းတို့ ဇနီးမောင်နှံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ