Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သားဖြစ်သူနဲ့ အတွေးအခေါ်တွေ မတူတဲ့အကြောင်း ပြောပြတဲ့ စင်ရော်မောင်မောင်

$
0
0

ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးမယ့် “တိမ်ပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ သားဖြစ်သူ မင်းသန့်မောင်မောင်က တွဲဖက် ဒါရိုက်တာအဖြစ် ပါဝင် ရိုက်ကူးပေးမှာဖြစ်ပြီး သားဖြစ်သူရဲ့ အတွေးအခေါ်နဲ့ သူ့ရဲ့အတွေးအခေါ် တော်တော် ကွာသွားတာကြောင့် သေချာ စဉ်းစားပြီး သားဖြစ်သူ ပြောတာကို လက်ခံရတယ်လို့ စင်ရော်မောင်မောင်က ဆိုပါတယ်။

“ဒီကားကို ပြင်ဆင်တာ ၁ နှစ် ရှိပြီ။ ကျနော့် အိပ်မက်ပါ။ လုပ်ရမှာတွေက အများကြီးပဲ။ တထစ်ချင်း သွားနေတယ်။ အရမ်း ပင်ပန်းတယ်။ မင်းသန့်မောင်မောင်နဲ့ တွေ့တာ ဇာတ်ညွှန်းကို ၇ ကြိမ် ရေးရတယ်။ စနစ်အရမ်းကောင်းတဲ့ အိမွန်တို့အဖွဲ့ကို အပ်ထားပါတယ်။ ကိုယ်လိုချင်တဲ့ အရာတွေအားလုံးကို အရောင်တွေက အစ အသေးစိတ် ဖန်တီးပေးထားတယ်”လို့ ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောပါတယ်။

“ဇာတ်ညွှန်းတွေကို အထပ်ထပ်လေ့လာပြီး လိုအပ်တဲ့ အရာမှန်သ မျှကို ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ အဝတ်အစားနဲ့ လိုက်တဲ့ အရောင်တွေနဲ့ ပေးမယ့် Lighting တွေအပြင် အိုက်တင်တွေကအစ အားလုံးကို အသေးစိတ် ပြင်ဆင်ထားတယ်”လို့လည်း စင်ရော်မောင်မောင်က ဆိုပါတယ်။

“သားက ပရိသတ်အတွက်၊ အဆင့်တခုအတွက် ခေါင်းထဲမှာ တွေးတယ်။ အဖေ မလျှော့နဲ့၊ ကျနော်တို့ တိုင်းပြည်က ဒီလောက်တော့ လုပ်ရမယ်။ ကျနော်တို့ တိုင်းပြည်က ကားက ဒီလောက်တော့ အဆင့် ရှိရမယ်ဆိုပြီး ဆွဲဆွဲခေါ်သွားတယ်။ ကျနော်လည်း သူဆွဲတာ တော်တော် ပင်ပန်းနေပြီ။ အဆင့်က တော်တော် တက်သွားတာပေါ့။ စောင့်ကြည့်ပေးကြပါ။ ဇာတ်ညွှန်း အယူအဆတွေ၊ အတွေးအခေါ်တွေက ကျနော်နဲ့ တော်တော် ကွဲသွားတယ်။ ခေါင်းအေးအေး စဉ်းစားပြီး သူပြောတာကို ကျနော် လက်ခံရတယ်”လို့ စင်ရော်မောင်မောင်က ပြောပါတယ်။

မင်းသန့်မောင်မောင်ကတော့ ဖခင်ဖြစ်သူ စင်ရော်မောင်မောင် ဆီကနေ ဦးဆောင်မှုနဲ့ အတွေ့အကြုံတွေ အများကြီး သင်ယူရတယ်လို့ ဆိုပါတယ်။

“အဖေ့ဆီက ဦးဆောင်မှုရယ်၊ အတွေ့အကြုံရယ်တော့ အများကြီး သင်ယူရတာပေါ့။ အဖေ့ဆီက အမြဲ သင်ယူနေရပါတယ်။ ကျနော့် အတွေးအခေါ်နဲ့ အဖေ့ အတွေးအခေါ်က မတူဘူး။ အမြဲတမ်း ရှင်းပြတယ်။ ကျနော် ပြောပြတာတွေ အဖေ လက်မခံတဲ့အခါ ဘာလို့လဲလို့ ပြန်မေးဖြစ်တယ်။ အဲဒါမှ သင်ယူလို့ ရမှာကိုး။ ကျနော်လည်း သင်ယူနေတုန်း။ ကျနော် ကိုယ်တိုင်လည်း အတွေ့အကြုံတွေ လိုချင်တယ်။ အဲဒါကြောင့် အမြဲတမ်း မေးဖြစ်တယ်။ စကားပြောဖြစ်တယ်။ ရန်လည်း ဖြစ်တယ်။ အကောင်းဆုံး ဖြစ်ချင်တာကြောင့်ပါ”လို့ သားဖြစ်သူ မင်းသန့်မောင်မောင်က ပြောပါတယ်။

“ကျနော် မှားတာတွေ ရှိရင်လည်း ခွင့်လွှတ်ပါ။ ဒီကားမှာ အမေကတော့ Main Actor တော့ မဟုတ်ဘူး။ ကျနော်က နည်းနည်းတော့ ဝမ်းနည်းတာပေါ့။ အဓိကကတော့ ကျနော် အလုပ်လုပ်တဲ့အချိန်မှာ မိသားစုနဲ့ အလုပ်လုပ်ချင်တာပေါ့။ ပိုလည်း ကောင်းတယ်။ အမေက ဘေးကနေ အားပေးတာဆိုတော့ အမေ့ကိုလည်း ဘေးမှာ ရှိစေချင်တယ်”လို့ မင်းသန့်မောင်မောင်က ဆိုပါတယ်။

ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သရုပ်ဆောင် မေသန်းနုတို့ရဲ့ တဦးတည်းသော သားဖြစ်သူ မင်းသန့်မောင်မောင်ဟာ အမေရိကန် ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ New York Film Academy မှာ ၃ နှစ်ကျော် ပညာသင်ကြားခဲ့ပြီးနောက် Bachelor of Fine Arts in Filmmaking ဘွဲ့ကို ရရှိကာ မြန်မာနိုင်ငံကို အပြီး ပြန်လာခဲ့တာ ဖြစ်ပါတယ်။

You may also like  these  stories:

“ခသုံးလုံးရဲ့ တတိယမြောက်ရုပ်ရှင် ထူးပိုင်ဇော်ဦးကို အကုန်အပ်ထားတယ်”လို့ ထွန်းအိန္ဒြာဗိုပြော

ဇာတ်ညွှန်းရေးဆရာ ဆုသြချယ် ကွယ်လွန်မှုအပေါ် အနုပညာရှင်များရဲ့ ဝမ်းနည်းစကား

“စာရေးဆရာတွေ ပေးချင်တဲ့ ရသ မပျောက်အာင် ရုပ်ရှင်မှာ ပြန်ရိုက်တယ်”လို့ ဒါရိုက်တာ ဏကြီး ပြော

The post သားဖြစ်သူနဲ့ အတွေးအခေါ်တွေ မတူတဲ့အကြောင်း ပြောပြတဲ့ စင်ရော်မောင်မောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ