Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တရုတ်နိုင်ငံမှာ ဂျက်ကီချန်းနဲ့ တွေ့ဆုံခဲ့တဲ့ ဘောလိဝုဒ်မင်းသား Hrithik Roshan

$
0
0

မြန်မာနိုင်ငံမှာ လက်ပွားမင်းသားလို့ လူသိများတဲ့ ဘောလိဝုဒ်မင်းသား Hrithik Roshan ဟာ မကြာခင် ရုံတင်တော့မယ့် “Kaabil” ရုပ်ရှင်အတွက် တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ မင်းသား ဂျက်ကီချန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မင်းသား Roshan ဟာ သူနဲ့ ဂျက်ကီချန်းအတူ ရိုက်ထားတဲ့ ဓာတ်ပုံ တပုံကို မျှဝေခဲ့ပါတယ်။ ပြီးတော့ သူက “ဂျက်ကီချန်းနဲ့ တွေ့ဆုံခဲ့တာဟာ လက်ဖျား ခါရလောက်အောင် အဆင့်တွေ အများကြီး တက်သွားသလိုပါပဲ။ ထူးခြားတဲ့ အတွေ့အကြုံ ဖြစ်ပါတယ်။ လေးစားအားကျမိပါတယ်” လို့ ရေးသားခဲ့ပါတယ်။

အဲဒီ ဓာတ်ပုံ နှစ်ပုံမှာတော့ သူတို့ နှစ်ယောက်လုံးဟာ ပြုံးရွှင်နေတဲ့ မျက်နှာထားနဲ့ မြင်တွေ့ခဲ့ရပါတယ်။ မင်းသား Roshan ကတော့ သူ့ရဲ့ရုပ်ရှင်အတွက် တရုတ်နိုင်ငံကို ရောက်နေစဉ် ဆိုရှယ်မီဒီယာပေါ်မှာ သူ့ရဲ့ ခရီးစဉ်အတွက် မှတ်တမ်းတင်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ရုပ်ရှင်မှာ သူနဲ့အတူ ပူးတွဲ ပါဝင်ထားတဲ့ မင်းသမီး Yami Gautam ကလည်း ဇွန်လ ၅ ရက်နေ့ ရုပ်ရှင် မဖြန့်ချိခင်မှာ တရုတ်နိုင်ငံမှာ မင်းသားနဲ့အတူ ပါဝင်လာဦးမှာပါ။

“Kaabil” ရုပ်ရှင်ကို ဒါရိုက်တာ Sanjay Gupta က ရိုက်ကူးပေးထားပြီး မင်းသား Roshan ရဲ့ ဖခင် Rakesh Roshan က ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

အဲဒီ ရုပ်ရှင်ဟာ အိန္ဒိယမှာ ၂၀၁၇ ခုနှစ်မှာ မင်းသား ရှရွတ်ခန် ပါဝင်တဲ့ “Raees” ရုပ်ရှင်နဲ့အပြိုင် ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အချိန်တုန်းက ရုံဝင်ငွေစာရင်းမှာ Raees ရုပ်ရှင်က တော်တော်လေး ဝင်ငွေကောင်းခဲ့ပေမယ့် Kaabil ကတော့ အခြေအနေမလှ ဖြစ်ခဲ့ရပါတယ်။ Raees ရုပ်ရှင်ဟာ အဲ့ဒီနှစ်ရဲ့ ဆဋ္ဌမမြောက် ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်ခဲ့ပြီးတော့ Kaabil ရုပ်ရှင်ကတော့ အိန္ဒိယမှာ ဝင်ငွေ ရူပီကုဋေ ၁၀၀ ရရှိခဲ့ပါတယ်။

မင်းသား Roshan အတွက် ဇာတ်ကားအသစ် အနေနဲ့ကတော့ လာမယ့် ဇူလိုင်လမှာ “Super 30” ဆိုတဲ့ ရုပ်ရှင် ထွက်ရှိလာဖို့ ရှိပါတယ်။ အဲဒီ ရုပ်ရှင်ကတော့ အိန္ဒိယနည်းပညာ အင်စတီကျု ဝင်ခွင့်စာမေးပွဲအတွက် ငွေကြေး မတောင့်တင်းတဲ့ ကျောင်းသား ၃၀ ကို လေ့ကျင့်ပေးခဲ့ရတဲ့ သင်္ချာပညာရှင် Anand Kumar ရဲ့ အကြောင်းကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။

Ref: ndtv

The post တရုတ်နိုင်ငံမှာ ဂျက်ကီချန်းနဲ့ တွေ့ဆုံခဲ့တဲ့ ဘောလိဝုဒ်မင်းသား Hrithik Roshan appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ