Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပြသတဲ့ ပထမဆုံးရက်မှာတင် ကြည့်ရှုနှုန်း အမြင့်ဆုံး စံချိန်တင်ခဲ့တဲ့ “Arthdal Chronicles”

$
0
0

ဇွန် ၁ ရက်နေ့မှာ tvN ရုပ်သံလိုင်းကနေ စတင်ထုတ်လွှင့်ပြသခဲ့တဲ့  “Arthdal Chronicles” ဇာတ်လမ်းတွဲအသစ်ဟာ ပြသတဲ့ ပထမဆုံးရက်မှာတင် ကြည့်ရှုနှုန်း အမြင့်ဆုံး စံချိန်တင်သွားခဲ့ပါတယ်။ ဂျန်ဒေါင်ဂန်၊ ဆောင်ဂျွန်ကီတို့လို ထိတ်ထိတ်ကြဲ သရုပ်ဆောင်တွေ ပါဝင်ထားတာကြောင့်လည်း ကြည့်ရှုသူ ပိုမိုစိတ်ဝင်စားစေတာပါ။

ထုတ်လုပ်မှု ကုန်ကျစရိတ် ခန့်မှန်းချေ ကိုရီးယာဝမ် ၅၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၅ ဒဿမ ၄ သန်း) ကျော် အကုန်ကျခံ ရိုက်ကူးထားတဲ့ “Arthdal Chronicles” ဇာတ်လမ်းတွဲအသစ်ဟာ စတင်ပြသတဲ့နေ့မှာပဲ တနိုင်ငံလုံးရဲ့ ကြည့်ရှုနှုန်း ပျှမ်းမျှ ၆ ဒဿမ ၇ ရာခိုင်နှုန်း၊ အမြင့်ဆုံး ၈ ရာခိုင်နှုန်းထိ မြင့်တက်သွားခဲ့ပြီး ပထမဆုံးပြသရက်မှာ အမြင့်ဆုံးစံချိန်တွေနဲ့ အရင်တင်ထားသမျှ ဒရာမာတွေကိုဖြတ်ကျော်ပြီး ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ပါတယ်။

အမြင့်ဆုံးကြည့်ရှုနှုန်း စံချိန်ဟာ ကိုရီးယားနိုင်ငံမှာ အခပေး ကေဘယ်လ်လိုင်းတွေက ကြည့်ရှုသူတွေကို ကောက်ယူထားတဲ့ စံချိန်တင် မဟုတ်ဘဲ ရိုးရိုးလိုင်းတွေမှာပါ ကြည့်ရှုသူအမြင့်ဆုံး ဖြစ်သွားခဲ့တာပါ။ ကြည့်ရှုသူတွေရဲ့ အသက်အရွယ်ကလည်း အသက် ၂၀၊ ၃၀၊ ၄၀ အတွင်းဖြစ်ပြီး ပျှမ်းမျှ ၄ ဒဿမ ၉ ကနေ အမြင့်ဆုံး ၆ ရာခိုင်နှုန်းထိ ရှိခဲ့ပါတယ်။

ကြည့်ရှုသူတွေထဲမှာ အသက် ၄၀ ရွယ် အမျိုးသမီးတွေ အများဆုံး စိတ်ဝင်စားကြပြီး ဒီအပိုင်းအခြား တခုတည်းတင် ၉ ဒဿမ ၉ ရာခိုင်နှုန်းကနေ အမြင့်ဆုံး ၁၂ ဒဿမ ၄ ရာခိုင်နှုန်းထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပါဝင်တဲ့ နာမည်ကြီး သရုပ်ဆောင်တွေအပြင် “Arthdal Chronicles” ကို ရေးသားခဲ့တဲ့ စာရေးဆရာနှစ်ယောက်ကလည်း “The Great Queen Seon Deok”၊ “Tree with Deep Roots” နဲ့ “Six Flying Dragons” အောင်မြင်ကျော်ကြားခဲ့တဲ့ ရာဇဝင် ဇာတ်ကားတွေကို ရေးသားခဲ့သူတွေဖြစ်ပြီး၊ ဒါရိုက်တာကတော့ “Incomplete Life”၊ “Signal” နဲ့ “My Ahjussi” ဇာတ်ကားတွေကို ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

မင်းသား ဆောင်ဂျွန်ကီအတွက်လည်း ယခုဇာတ်လမ်းတွဲဟာ လက်မထပ်ခင် ရိုက်ကူးခဲ့တဲ့ “Descendants of the Sun” ပြီးကတည်းက ၃ နှစ်အကြာမှ ပြန်လည် ရိုက်ကူးခဲ့တာဖြစ်သလို မင်းသား ဂျန်ဒေါင်ဂန်ကတော့ ၂၀၁၈ က “Suits” ဇာတ်လမ်းတွဲအပြီး နောက်ထပ် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

“Arthdal Chronicles” ဇာတ်လမ်းတွဲကို tvN ရုပ်သံလိုင်းကနေ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ကိုရီးယားစံတော်ချိန် ည ၉ နာရီမှာ ပြသသွားမှာ ဖြစ်ပါတယ်။

Ref: Soompi

The post ပြသတဲ့ ပထမဆုံးရက်မှာတင် ကြည့်ရှုနှုန်း အမြင့်ဆုံး စံချိန်တင်ခဲ့တဲ့ “Arthdal Chronicles” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ