Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Game of Thrones” အပြီးမှာ စိတ်ကျန်းမာရေး ကုသမှု ခံယူနေရတဲ့ မင်းသား Kit Harington

$
0
0

ကြည့်ရှုသူပေါင်း သန်းပေါင်းများစွာရှိပြီး အအောင်မြင်ဆုံး တီဗီစီးရီးတခုဖြစ်တဲ့ Game of Thrones ဟာဆိုရင်တော့ နောက်ဆုံး Final Season မှာ ပရိသတ်တွေကို အကြီးအကျယ် တုန်လှုပ်မှုတွေ ပေးခဲ့ပါပြီ။

နောက်ဆုံး Final Season ထွက်ရှိပြီးတဲ့နောက်မှာ ပြန်လည် ရိုက်ကူးပေးဖို့ ပရိသတ်တွေရဲ့ တောင်းဆိုမှုတွေ ဂယက်ရိုက်ခဲ့တဲ့အပြင် GOT ဟာ ပရိသတ်တွေအပေါ်မှာသာ သက်ရောက်မှု ပြင်းထန်ခဲ့တာ မဟုတ်ဘဲ ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင်တွေ အပေါ်မှာပါ သက်ရောက်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

Game of Thrones စီးရီးမှာ Jon Snow အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Kit Harington ဟာဆိုရင်တော့ Season8 အပြီးမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကုသမှု ခံယူနေရတာပဲ ဖြစ်ပါတယ်။ နောက်ဆုံး Final Season ရဲ့ ဇာတ်ညွှန်းဖတ်ပြီးချိန်မှာ စိတ်ထိခိုက်ခဲ့ရပြီး ဇာတ်လမ်းရိုက်ကူးနေစဉ် အချိန်ကာလအတောအတွင်းမှာ စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းမှုတွေကို ဖြေဖျောက်နိုင်ဖို့ အရက်သေစာ သောက်စားမှုတွေ ပြုလုပ်ခဲ့တာကြောင့်လည်း စိတ်ကျန်းမာရေးအခြေအနေဟာ ဆိုးရွားသွားခဲ့တာပါ။

စိတ်ဖိစီးမှုနဲ့ စိတ်ထိခိုက်ခံစားရမှုတွေ ပျောက်ကင်းစေဖို့အတွက် Mindful Meditation နဲ့ Cognitive Behavioral Therapy ကုထုံးတွေနဲ့ ကုသမှုခံယူနေရပြီး ဒီလိုကုသမှုခံယူနေရတာ တလကျော်လောက် ကြာမြင့်နေပြီလို့လည်း သိရပါတယ်။ အစမ်းရိုက်ကူးခဲ့တဲ့ ရိုက်ကူးရေးမှာတောင် မင်းသားဟာ နောက်ဆုံးအခန်းအတွက် ဖြေမဆည်နိုင်အောင် မျက်ရည်ကျခဲ့ရပြီး ဆက်လက် မရိုက်ကူးနိုင်တော့ဘူးလို့တောင် သူ့ကိုယ်သူ သံသယတွေ ဝင်ခဲ့ရတယ်လို့ အင်တာဗျူးတခုမှာ ဖြေကြားသွားခဲ့ပါတယ်။

“နောက်ဆုံး Final Season အတွက် ဇာတ်ညွှန်းဖတ်ပြီးချိန်မှာ တော်တော်လည်း အံ့အားသင့်သွားသလို Shock လည်းရသွားတယ်။ Final Season အတွက် ရိုက်ကူးနေရတဲ့ အချိန်တွေဟာ ကျနော့်ဘဝအတွက် အမှောင်မိုက်ဆုံး အချိန်တွေပါပဲ။ ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်ပါမလားလို့တောင် သံသယတွေ ဝင်ခဲ့ရပြီး မျက်ရည်ကျတဲ့အထိ ဖြစ်ရတဲ့ ဆို့နင့်နင့်ခံစားမှုကို အခုချိန်ထိ မမေ့နိုင်သေးဘူး” လို့ ဖြေသွားခဲ့ပါတယ်။

Ref. www.thewrap.com

You may also like these stories:

လူကြည့်နှုန်း အများဆုံးစံချိန်နဲ့ အဆုံးသတ်သွားပြီဖြစ်တဲ့ “Game of Thrones” စီးရီး

‘Game of Thrones’ စီးရီးကို ဆင်ဆာဖြတ်တောက်လို့ တရုတ်ပရိသတ်တွေဝေဖန်

“Game of Thrones” တီဗီစီးရီးကို ကြိုက်နှစ်သက်ကြတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်များ

Game of Thrones စီးရီးထုတ်လုပ်ရေးမှူး နှစ်ဦးကို Star Wars ရုပ်ရှင်မှ ဖယ်ရှားပေးရန် တောင်းဆိုခံရ

Game of Thrones ဇာတ်လမ်းတွဲထဲကTyrion Lannister နဲ့တူလွန်းတဲ့ စားပွဲထိုး

“Game of Thrones” သီးခြား ခွဲထွက်ဇာတ်လမ်း ၃ ခု ရိုက်ကူးရန် ပြင်ဆင်နေပြီလို့ သိရ

The post “Game of Thrones” အပြီးမှာ စိတ်ကျန်းမာရေး ကုသမှု ခံယူနေရတဲ့ မင်းသား Kit Harington appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ