Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဇာတ်ညွှန်းရေးဆရာ ဆုသြချယ် ကွယ်လွန်မှုအပေါ် အနုပညာရှင်များရဲ့ ဝမ်းနည်းစကား 

$
0
0

မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ဇာတ်ညွှန်း ရေးသားခဲ့သူ ဇာတ်ညွှန်းရေးဆရာ ဆုသြချယ်ဟာ မေလ ၂၉ ရက်နေ့၊ မနက် ၁၀ နာရီအချိန်က ကွယ်လွန်ခဲ့ပါတယ်။ ယနေ့၊ မေလ ၃၁ ရက် မနက်ပိုင်းမှာတော့ သူ့ရဲ့ ရုပ်အလောင်းကို ရေဝေးသုသာန်မှာ မီးသြင်္ဂိုဟ်ခဲ့ပါတယ်။ ဆုသြချယ်ရဲ့ နောက်ဆုံးခရီးကို ရုပ်ရှင်သရုပ်ဆောင် အချို့ လိုက်လံပို့ဆောင်ပေးခဲ့ကြပြီး ဆုသြချယ်အတွက် ဝမ်းနည်းစကားများကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။

ခန့်စည်သူ

“ဆရာ ဆုသြချယ်နဲ့ ဟိုးအရင်ကတည်းက နှစ်ပေါင်းများစွာ လက်တွဲပြီး အလုပ်လုပ်ခဲ့ရတဲ့၊ တကယ်တော်တဲ့ ဇာတ်ညွှန်းရေး ဆရာပါ။ ကျနော်တို့က ဆရာမ လို့ နောက်နေတာပေါ့။ အားလုံးသွားရမယ့်လမ်း သူအရင်သွားပြီပေါ့။ တကယ့်ကို တော်တဲ့ ဇာတ်ညွှန်းရေးဆရာ၊ သူက စကားလုံးတွေ တော်တော် ထွက်တယ်။ နားမလည်တာတွေ မေးရင် စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြတယ်။ ကျနော်တို့ လောကအတွက် ဆုံးရှုံးရတာပေါ့။ ရှာလည်း မတွေ့ ကြာလည်း မမေ့ ပါဘူး”

ဇော်မြင့်ဦး

“ဇာတ်ညွှန်းတွေရေးတဲ့ ဆရာ ဆုသြချယ်။ ကျနော်နဲ့ လက်တွဲခဲ့တဲ့ ဆရာ၊ ဘဝတပါးကို ပြောင်းသွားတဲ့ အတွက် အရမ်းဝမ်းနည်းမိပါကြောင်း၊ ကျနော် ဇာတ်ညွှန်းတွေ ရေးနေတဲ့ ခဲဆံ ဘောပင်လေးက ဆရာ လက်ဆောင် ပေးခဲ့တာလေးနဲ့ ရေးနေတာပါ။ အဲ့အတွက် အရမ်းဝမ်းနည်းမိပါတယ်”

ထွန်းအိန္ဒြာဗိုလ်

“ဆရာနဲ့ ကျမအလုပ်တွေ အများကြီး တွဲလုပ်ဖူးပါတယ်။ ဆရာ့ ဇာတ်ညွှန်းတွေနဲ့လည်း ကျမကို အသိအမှတ်ပြုခံရတဲ့ ကားတွေလည်း ရှိခဲ့ဖူးပါတယ်။ ဆရာ့ကို ကျေးဇူးတင်ပါတယ်။ ဆရာ အရင်ဆုံး ထွက်သွားနှင့်တော့ ကျမတို့လည်း နောက်က လိုက်ရမှာပါပဲ။ ဆရာကောင်းရာ သုဂတိလားပါစေ”

မေသန်းနု

“ဆရာဆုသြချယ် ရေးတဲ့ ဇာတ်တွေကို မဆင့် ရိုက်ဖူးတယ်လေ။ ဇာတ်ညွှန်းရေးတာ သူ့လိုလူ ရှားတယ်။ အနုပညာ လောကအတွက် ဆုံးရှုံးမှုတခုပေါ့။ ကွယ်လွန်သွားတာ စိတ်မကောင်းဘူး။ မဆင့် သူနဲ့ မတွေ့တာ တော်တော်ကြာသွားပြီ။ အခုလို ဖြစ်တော့ စိတ်မကောင်းဘူး”

ခိုင်သင်းကြည်

“ဆရာကြီး ဆုံးပြီလို့ သတင်းကြားတော့ စိတ်မကောင်းဘူး။ ဗီဒီယိုခေတ်တုန်းက မခိုင်တို့ ဆရာ့ကားတွေ အများကြီး ရိုက်ခဲ့ဖူးတယ်။ နယ်တွေ သွားရင် အမြဲတမ်းပါတယ်။ ရှုတင်နားရင်လည်း ရယ်စရာတွေ ပြောဆို  နေကြ ကိုယ်နဲ့ လက်တွဲ လာတဲ့ အနုပညာရှင် တယောက် ဆုံးရှုံးရတဲ့အတွက် မိသားစုနဲ့ ထပ်တူ မခိုင်တို့ အများကြီး ဝမ်းနည်းရပါတယ်”

You may also like these stories:

သရုပ်ဆောင် မင်းသွေးအတွက် အနုပညာရှင်များရဲ့ ဝမ်းနည်းစကား

ကွယ်လွန်သူ ဦးရဲလွင်အတွက် အနုပညာရှင်များရဲ့ ဝမ်းနည်းစကားများ

The post ဇာတ်ညွှန်းရေးဆရာ ဆုသြချယ် ကွယ်လွန်မှုအပေါ် အနုပညာရှင်များရဲ့ ဝမ်းနည်းစကား  appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ