Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မိဘမဲ့ကလေး အယောက် ၁၀၀ ကို ကစားကွင်း လိုက်ပို့ခဲ့တဲ့ ရွှေပိုးအိမ်

$
0
0

သရုပ်ဆောင် ရွှေပိုးအိမ်ဟာ မကြာသေးခင်က မိဘမဲ့ကလေးများကို ကစားကွင်း လိုက်ပို့ပြီး ကုသိုလ်ယူခဲ့တာနဲ့ ပတ်သက်လို့ ဒီလိုလုပ်ပေးဖြစ်တာ ကလေးတွေ စိတ်ချမ်းသာစေချင်တဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။

“ကလေးတွေကို ကစားကွင်းပို့ဖြစ်တာက ဘုန်းဘုန်းကြီးက ကလေးတွေကို ကစားကွင်းပို့ပေးချင်တယ်ပေါ့။ ရွှေပိုးတို့မှာလည်း ကလေးတွေကို ပို့ပေးဖို့ အလှူငွေ လုံလုံလောက်လောက် မရှိဘူး။ ရွှေပိုး ကလေးတွေကို ဘယ်ပို့ပေးရမလဲ၊ ဘာလုပ်ပေးရမလဲပေါ့။ ကိုယ်လုပ်လိုက်တဲ့ အရာလေးကြောင့် ကလေးတွေ စိတ်ချမ်းသာသွားတာမျိုးလည်း ဖြစ်စေချင်တယ်ပေါ့”

“Happy Zone က အစ်မနဲ့ ခင်နေတော့ အစ်မကို အကူအညီတောင်းလိုက်တာ လာဆော့ခွင့်ပေးပါတယ် ဆိုတာနဲ့ ကလေးတွေနဲ့ Volunteer တွေကို လွှတ်ပေးလိုက်တယ်။ ရွှေပိုးက အာဟာရဒါန လှူဒါန်းပေးခဲ့ပါတယ်။ ကလေးတွေက အယောက် ၁၀၀ ကျော်လောက် ရှိတယ်။ အလှူရှင်တွေ လိုအပ်တယ်”လို့ ရွှေပိုးအိမ်က ပြောပါတယ်။

ဆက်လက်ပြီး အလှူအတန်းများ လုပ်ဖြစ်နေပုံံနဲ့ ပတ်သက်လို့လည်း ရွှေပိုးအိမ်က အခုလိုပဲ ဆိုပါတယ်။

“ဆွမ်းစားဆောင်ကြီး အမိုးတွေ လန်သွားတယ်။ ရွှေပိုးလေ အလှူတွေ လုပ်နေတာ စီစဉ်ပြီး လုပ်နေတာ ဘာတခုမှ မရှိဘူး။ သွားလိုက်တဲ့ နေရာတိုင်းမှာ အလှူငွေ လှူနိုင်ရင် လှူတယ်။ မလှူနိုင်ရင် ဘယ်လိုမျိုး လှူပေးရမလဲ၊ သူတို့ကို ဘာလုပ်ပေးရမလဲ အတတ်နိုင်ဆုံး လုပ်ပေးဖြစ်တယ်”လို့ ရွှေပိုးအိမ်က ဆိုပါတယ်။

သရုပ်ဆောင် ရွှေပိုးအိမ်ကတော့ သူမကို ချစ်ခင်အားပေးကြတဲ့ အမာခံ ပရိသတ်တွေနဲ့အတူ အလှူအတန်းများ လုပ်လေ့ရှိပြီး လက်ရှိမှာတော့ ပရိသတ်တွေနဲ့ အလှူလုပ်ဖို့ ပိုက်ဆံတွေ စုနေကြတယ်လို့ ဆိုပါတယ်။

“Fan နဲ့အတူတူ အလှူလုပ်ဖို့တော့ ရှိပါတယ်။ ဒါပေမယ့် အကုန်လုံးက ချမ်းသာတဲ့သူတွေ မဟုတ်ကြတော့ မုန့်ဖိုးလေးတွေ စုပြီးတော့ လှူကြတာ ဆိုတော့ စဉ်းစားထားတာတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ မလုပ်ဖြစ်သေးဘူး။ ရွှေပိုးလည်း ပြည့်စုံတဲ့သူတယောက် မဟုတ်တော့ မုန့်ဖိုးလေးတွေထဲက ဖဲ့ပြီး စုရတာမျိုး ရှိတယ်။ သူတို့လေးတွေကလည်း အလုပ်တွေလုပ်ပြီးမှရလာတဲ့ ပိုက်ဆံကို ချွေတာပြီးမှ စုရတာဆိုတော့ စုပေါင်းပြီးတော့ အလှူလုပ်ဖို့ အစီအစဉ် ရှိပါတယ်”လို့ ရွှေပိုးအိမ်က ပြောပါတယ်။

သရုပ်ဆောင် ရွှေပိုးအိမ်ကို ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပြီး သူ့အနေနဲ့ ဇာတ်ကား တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ရွှေပိုးအိမ်က ခေါင်းဆောင်မင်းသမီး အနေနဲ့ ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။

You may also like these stories:

ကလေးမွေးပြီး ခန္ဓာကိုယ်ဝလာတယ် အပြောခံရလို့ စိတ်မကောင်းဖြစ်နေတဲ့ ချောရတနာ

မွေးနေ့အလှူ လုပ်ဖြစ်တဲ့အကြောင်း ပြောပြတဲ့ သရုပ်ဆောင် လူမင်း

ဂျိုလီနဲ့ကလေးတွေကို ထောက်ပံ့ငွေ ဒေါ်လာ ၁ သန်းကျော် ပေးခဲ့ကြောင်း ဘရက်ပစ် ပြန်လည် ချေပ

ရှူတင်တွေကို မိခင်အစား ဖခင်ပဲ လိုက်ပေးတဲ့အကြောင်း ပြောပြတဲ့ ယဉ်လက်

The post မိဘမဲ့ကလေး အယောက် ၁၀၀ ကို ကစားကွင်း လိုက်ပို့ခဲ့တဲ့ ရွှေပိုးအိမ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)