Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဖျော်ဖြေပွဲတွေ ပြန်လုပ်မယ်လို့ အဆိုတော် Britney Spears အတည်ပြု

$
0
0

ကမ္ဘာကျော် အဆိုတော် Britney Spears ဟာ ဖျော်ဖြေပွဲတွေ ပြန်လုပ်မယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ် နှောင်းပိုင်းတွေမှာ အထူး နာမည်ကျော်ကြားခဲ့တဲ့ ပေါ့ပ်အဆိုတော် Britney ဟာ နောက်တကြိမ် ဖျော်ဖြေမှုတွေ လုပ်နိုင်မှာ မဟုတ်တော့ဘူးလို့ သူ့ရဲ့ မန်နေဂျာ Larry Rudolph က ပြောကြားလိုက်ပြီးနောက် သူဟာ စင်မြင့်ပေါ်ကို နောက်တကြိမ် ပြန်တက်မှာလို့ ဝန်ခံပြောလိုက်တာလည်း ဖြစ်ပါတယ်။

စင်ပေါ်ကို တက်ပြီး ပြန်ဖျော်ဖြေမှာလားလို့ သတင်းထောက်တွေရဲ့အမေးကို သူက “ဟုတ်တယ်၊ ပြန်တက်မယ်” လို့ ဖြေခဲ့တာပါ။ Britney ဟာ ဖျော်ဖြေပွဲတွေ လုပ်တော့မှာ မဟုတ်တော့ဘူးလို့ ပြောခဲ့တဲ့ မန်နေဂျာကတော့ သူပြောခဲ့တဲ့ မှတ်ချက် စကားကို မကြာသေးခင်တုန်းကပဲ ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

ကြေညာချက်တခုမှာ Larry က “Britney က နောက်တကြိမ် ဖျော်ဖြေပွဲတွေ လုပ်တော့မှာ မဟုတ်ဘူးလို့ TMZ မီဒီယာကို ပြောခဲ့တဲ့ ကျနော့် ပြောစကားကို မီဒီယာအချို့က အဓိပ္ပာယ် တလွဲကောက်ခဲ့ပုံ ရပါတယ်။ ကျနော် ပြောခဲ့တာ အဲ့ဒီလို မဟုတ်ပါဘူး” လို့ ပြောပါတယ်။

လတ်စ်ဗေးဂတ်စ်မြို့မှာ ပြုလုပ်နေတဲ့ အခြေစိုက် ဖျော်ဖြေပွဲတွေဟာ အခုအချိန်မှာ တရားဝင် ပြီးဆုံးခဲ့ပြီဖြစ်တဲ့အပြင် မန်နေဂျာဖြစ်သူနဲ့ တခုခုလုပ်ဖို့ ပြောဆိုဆွေးနွေးတာမျိုး မရှိတော့လို့ နောက်တကြိမ် အလုပ်တွေပြန်လုပ်ချင်သလားဆိုတာ သူကတော့ မသေချာဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အခု သီတင်းပတ် အစောပိုင်းမှာတော့ Larry က Britney နောက်တကြိမ် ဖျော်ဖြေမှုတွေ လုပ်နိုင်ဖို့ အချိန်တော်တော်လေး ကြာနိုင်ပြီးတော့ စင်ပေါ်ကို ဘယ်တော့မှ ပြန်မလာနိုင်တော့တာမျိုးလည်း ဖြစ်နိုင်တယ်လို့ အရိပ်အမြွက်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သူက “ သူ့ရဲ့အနုပညာလုပ်ငန်းတွေကို လမ်းညွှန်နေတဲ့ လူတယောက် အနေနဲ့ သူနဲ့အတူ အလုပ်လုပ်ခဲ့တဲ့ ပရော်ဖက်ရှင်နယ်တွေ အားလုံးနဲ့ ကျနော် ရရှိထားတဲ့ အချက်အလက်တွေကို အခြေခံပြီးပြောရမယ်ဆိုရင် သူဟာ လတ်စ်ဗေးဂတ်စ် အခြေစိုက် ဖျော်ဖြေပွဲကို ပြန်လုပ်တော့မှာ မဟုတ်ဘဲ နောက်အနာဂတ်မှာလည်း နောက်တကြိမ် ဖျော်ဖြေဖို့ရာ ဖြစ်နိုင်မှာ မဟုတ်တော့ပါဘူး” လို့ပြောပါတယ်။

Britney ဟာ ၂၀၀၇ ခုနှစ်မှာ စိတ်ဓာတ်ကျနေတဲ့ အချိန်ကစလို့ သူ့ရဲ့ ဖခင်က ငွေကြေးပိုင်းဆိုင်ရာနဲ့ ဘဝနေထိုင်မှုအပေါ် အပြည့်အဝ ထိန်းချုပ်ထားတဲ့ အုပ်ထိန်းမှု စနစ်ကနေ လွတ်လပ်ခွင့်ပေးဖို့အတွက် အခုလအစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ တရားခွင်ကို လာရောက်ခဲ့ပါသေးတယ်။

အဲ့ဒီတရားခွင် လာရောက်မှုမှာတော့ ဖခင်ဖြစ်သူဟာ သူ့ရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး စိတ်ကျန်းမာရေး ဆေးရုံသို့ သွားခိုင်းတဲ့အကြောင်းနဲ့ မူးယစ်ဆေး အတင်းအကြပ် သုံးခိုင်းတဲ့အကြောင်း Britney က စွပ်စွဲပြောဆိုခဲ့ပါတယ်။

Ref: asiaone

You may also like these stories:

ဂျပန်အပြာမင်းသမီးဟောင်းရဲ့ ကလေးမီးဖွားမှု Live ထုတ်လွှင့်ချက်ကို ကြည့်ရှုသူ သိန်းချီရှိ

ပရိသတ်ရှေ့မှောက် တဖန်ပြန်ရောက်လာခဲ့တဲ့ မင်းသမီး ဖန်ပင်းပင်း

BigBang အဖွဲ့ဝင်ဟောင်း Seungri အတွက် ဖမ်းဝရမ်း ရဲတပ်ဖွဲ့ တောင်းခံ

“Game of Thrones” သီးခြား ခွဲထွက်ဇာတ်လမ်း ၃ ခု ရိုက်ကူးရန် ပြင်ဆင်နေပြီလို့ သိရ

သေသင့်၊ မသေသင့် Instagram မှာ မဲပေးခိုင်းပြီးနောက် ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ မိန်းကလေး

The post ဖျော်ဖြေပွဲတွေ ပြန်လုပ်မယ်လို့ အဆိုတော် Britney Spears အတည်ပြု appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)