Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“မေတ္တာရောင်ပြန်ဟပ်လို့ ပရိသတ်တွေက ချစ်ကြတာပါ” လို့ ဆိုလာတဲ့ ရွှေပိုးအိမ်

$
0
0

အဆိုတော်မနောရဲ့ သီချင်းမှာပါဝင်သရုပ်ဆောင်ရာမှ ပရိသတ်များသတိထားခံခဲ့ရတဲ့ သရုပ်ဆောင်ရွှေပိုးအိမ်ကတော့ ယခုနောက်ပိုင်းမှာ ပရိသတ်များရဲ့အချစ်ကို ပိုမိုရရှိနေတာဟာ မေတ္တာရောင်ပြန်ဟပ်တာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

“ရွှေပိုးက ကိုမနောသီချင်းထဲမှာ ပရိသတ်တွေက ပိုသတိထားမိသွားကြတယ်။ နယ်ကပရိသတ်တွေ တော်တော်များများက သတိထားမိတော့ ရွှေပိုးကို ချစ်ကြတယ်။ ရွှေပိုးကလည်း ပရိသတ်တွေကို မိသားစုတွေလို သဘောထားတဲ့အတွက် မေတ္တာဆိုတာရောင်ပြန်ဟပ်ပါတယ်။ မေတ္တာစစ်လို့ ပြန်ရတယ်လို့ထင်ပါတယ်” လို့ သရုပ်ဆောင် ရွှေပိုးအိမ်ကပြောပါတယ်။

ရွှေပိုးအိမ်ကတော့ အနုပညာလောကထဲကို ရောက်ရှိလာတာ ၈နှစ်ခန့်ရှိပြီဖြစ်ပြီး တခြားသောသရုပ်ဆောင်များကဲ့သို့ ကိုယ်ပိုင်ထုတ်လုပ်ရေးမရှိဘဲ သူမထံလာရောက်ကမ်းလှမ်းတဲ့ ဇာတ်ကားများကိုသာ သရုပ်ဆောင်ခွင့်ရတဲ့အတွက် နောင်တမရအောင်ကြိုးစားရတယ်လု့ိ ပြောပါတယ်။

“ရွှေပိုးအနေနဲ့ ပန်းတိုင်ဆိုတာဘာလဲဆိုရင် ရွှေပိုးလုပ်ခဲ့တဲ့အလုပ်တွေကို နောက်ပြန်လှည့်ကြည့်လိုက်ရင် နောင်တမရချင်ဘူး။ အကောင်းဆုံးဖြစ်အောင် အခွင့်အရေးရအောင် ကြိုးစားမယ်။ ရွှေပိုးအနေနဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေး မရှိတဲ့အခါကျတော့ ကိုယ့်ကိုကမ်းလှမ်းတဲ့ ရုပ်ရှင်ကားတွေ ဗီဒီယိုတွေအပေါ်မှာပဲ အကောင်းဆုံး ကြိုးစားမယ်ဆိုတဲ့ စိတ်ပဲရှိတယ်”

“ ကိုယ်လုပ်ခဲ့တဲ့အလုပ်မှာ ဘယ်တော့မှနောင်တမရဘူးဆိုရင် ရွှေပိုးကျေနပ်တယ်။ ပန်းတိုင်ကတော့ ရွှေပိုးအိမ်ဆိုတာကို ပရိသတ်ရင်ထဲမှာ တထောင့်တနေရာရှိသွားခဲ့ရင်တော့ ၈နှစ်တာကာလလုံး လူမသိသူမသိနဲ့ ပင်ပန်းကြိုးစားခဲ့ရကျိုး တွေနပ်တာပေါ့။ ဒါကတော့ မျှော်လင့်ချက်ပေါ့” လို့ ရွှေပိုးအိမ်ကပြောပါတယ်။

လက်ရှိမှာတော့ ရွှေပိုးအိမ်က ဟာသ သရုပ်ဆောင်ခင်လှိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ “ချိုးရုပ်” ရုပ်ရှင်ဇာတ်ကားမှာ အရူးမတယောက်အနေနဲ့ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

“ချိုးရုပ်ထဲမှာက ကိုမြင့်မြတ်ကိုမွေးထုတ်ပြီးတော့ ဆုံးသွားတာပေါ့။ အရူးမနေရာကနေ သရုပ်ဆောင်ထားပါတယ်။ အခန်းလေးနည်းတယ်ဆိုပေမယ့် ကြိုးစားခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီအရူးမ ကာရိုက်တာက အရမ်းကို ခက်ခဲတဲ့ ဇာတ်ရုပ်ဖြစ်တဲ့အတွက် လုပ်နိုင်ပါ့မလားလို့ စိုးရိမ်ခဲ့တယ်။ ဒါပေမယ့် ဒါရိုက်တာနဲ့ အကုန်လုံးက သင်ပေးကြတယ်” လို့ ရွှေပိုးအိမ်ကပြောပါတယ်။

မကြာခင်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတကားနဲ့ TV Channel တခုက ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းထားတာရှိတယ်လို့ သိရပါတယ်။

The post “မေတ္တာရောင်ပြန်ဟပ်လို့ ပရိသတ်တွေက ချစ်ကြတာပါ” လို့ ဆိုလာတဲ့ ရွှေပိုးအိမ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ