Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တော်ဝင်မင်းသားဟယ်ရီနဲ့ မင်းသမီးမီဂန်မာကယ်တို့ရဲ့ ရင်သွေးနာမည်ကို ကြေညာ

$
0
0

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ အမေရိကန်မင်းသမီး မီဂန်မာကယ်တို့ရဲ့ ပထမဆုံး သားဦးရတနာလေးရဲ့ နာမည်ဟာ Archie Harrison Mountbatten-Windsor ဖြစ်တဲ့အကြောင်း မေလ ၈ ရက်မှာ ထုတ်ဖော်ကြေညာ လိုက်ပါတယ်။

အဲ့ဒီနေ့ဟာ တော်ဝင်မိသားစုကို စောင့်ကြည့်သူတွေအတွက်တော့ အလုပ်များတဲ့နေ့ဖြစ်ပြီး Sussex မြို့စားနဲ့ မြို့စားကတော်တို့ဟာ Windsor နန်းတော်မှာ သူတို့ရဲ့ပထမဆုံး မိသားစုဓာတ်ပုံကို တင်ခဲ့ပြီးတဲ့နောက် ရင်သွေးလေးရဲ့ နာမည်ကိုကြေညာခဲ့ပါတယ်။

ပူပူနွေးနွေး မိဘတွေဖြစ်လာတဲ့ မင်းသားဟယ်ရီတို့ ဇနီးမောင်နှံဟာ ရင်သွေးလေးကို အဲလိဇဘက် ဘုရင်မကြီးနဲ့ မင်းသားကြီးဖိလစ်တို့ထံမှာ မိတ်ဆက်ပေးခဲ့ပြီးတော့ မီဂန်ရဲ့ မိခင် Doria Ragland နဲ့ သူတို့တွေ အတူတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတပုံကို Instagram မှာ တင်ခဲ့ပါတယ်။ အခုလိုမျိုး ပထမဆုံး ရင်သွေးလေးရဲ့ နာမည်ကို ထုတ်ဖော်ပြောကြား လိုက်တဲ့သတင်းဟာ အွန်လိုင်းပေါ်မှာ လူတော်တော်များများ အာရုံစိုက်ခံခဲ့ ရပါတယ်။

အမေရိကန် မော်ဒယ် Chrissy Teigen ကလည်း “ARCHIEEEEEEE!” ဆိုပြီး စိတ်လှုပ်ရှားစွာနဲ့ အဲ့ဒီသတင်းကို ဝေမျှခဲ့ပါတယ်။

Archie ရဲ့ အလယ်နာမည်မှာပါတဲ့ Harrison ဆိုတာကတော့ “ဟယ်ရီရဲ့သား” ဆိုတဲ့ အဓိပ္ပာယ် ဖြစ်တယ်လို့ House of Names.com မှာ ဖော်ပြထားပါတယ်။ Riverdale ရုပ်သံစီးရီးရဲ့ တရားဝင် Twitter အကောင့်မှာ လည်း ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့တုန်းက တော်ဝင်ရင်သွေးလေးအကြောင်းကို ဂုဏ်ယူစွာနဲ့ ပြောကြားခဲ့ပါတယ်။

အခုလိုမျိုး ကြေညာချက်ဟာ မင်းသမီးမီဂန်က သားယောကျာ်းလေးတဦးကိုမီးဖွားလိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့ပြီး တဲ့နောက် ထွက်ပေးလာတာပါ။

People မဂ္ဂဇင်းရဲ့ အဆိုအရ မြို့စားကတော်က “သူ(မင်းသား ဟယ်ရီ ဟာ ချိုသာတဲ့စိတ်ထားရှိပါတယ်။ သူကတော်တော်လေးကို တည်ငြိမ်ပါတယ်” လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ မင်းသား ဟယ်ရီကတော့ “သူ့ကို ဘယ်ကနေ ရလာလဲဆိုတာတောင် မသိတော့ပါဘူး။ သူဟာ အိပ်မက်တခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ရက်ဟာ အထူးနေ့ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

Ref: etcanada

The post တော်ဝင်မင်းသားဟယ်ရီနဲ့ မင်းသမီးမီဂန်မာကယ်တို့ရဲ့ ရင်သွေးနာမည်ကို ကြေညာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ