Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တချိန်က သိုင်းဆရာကြီး ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာ မြေးတွေကိုတောင် မချီနိုင်တော့တဲ့ Sammo Hung

$
0
0

တချိန်က ဟောင်ကောင်ရုပ်ရှင်တွေမှာ ကွန်ဖူးပညာရှင်ကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Sammo Hung ဟာ အခုအချိန်မှာတော့ သူ့ကို ဇရာထောင်းခဲ့ပြီလို့ ဆိုရမှာပါ။

အသက် ၆၇ နှစ်အရွယ် မင်းသားကြီး Sammo ဟာ ၂၀၁၆ ခုနှစ်တုန်းက “My Beloved Bodyguard” ရုပ်ရှင်ကို ရိုက်ကူးရာကနေ ခြေကုန်လက်ပန်းကျ မောပန်းခဲ့သလို သူ့ရဲ့ မြေးတွေကို ချီဖို့ခွန်အားတောင် မရှိတော့တဲ့ အခြေအနေတွေ ဖြစ်ခဲ့တယ်လို့ ချွေးမဖြစ်သူ Janet Chow က မကြာသေးခင်တုန်းကပဲ Talk Show တခုမှာ ပြောဆိုသွားခဲ့ပါတယ်။

အဲဒီ အစီအစဉ်မှာ ဝါရင့်မင်းသားကြီးက ၁၉၈၆ ခုနှစ်မှာ “Lucky Stars Go” ရုပ်ရှင်ကို ရိုက်ကူးရင်း လက်ကျိုးခဲ့တဲ့အကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။ သူဟာရိုက်ကွင်းမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ဆေးရုံရောက်ခဲ့တဲ့အပြင် အဲဒီ ရုပ်ရှင်ကိုပဲ ဆက်ရိုက်ဖို့ ရိုက်ကွင်းဆီကို ပြန်လာခဲ့ရတယ်လို့ ဆိုပါတယ်။

မင်းသားကြီးဟာ သူ့ရဲ့အလုပ်ကို သူ့ရဲ့ဘဝတဝက်လောက် မြှုပ်နှံခဲ့တာဖြစ်ပြီး သူ့ရဲ့ အနုပညာသက်တမ်း တလျှောက်လုံးမှာ ရုပ်ရှင်ကားပေါင်း ၂၀၀ ကျော်ကို ကိုယ်တိုင်ထုတ်လုပ်တာ၊ သိုင်းကွက်ဖော်တာ၊ ဒါရိုက်တာအဖြစ် ဆောင်ရွက်ပေးတာတို့ကို လုပ်ဆောင်ပေးခဲ့သူဖြစ်ပါတယ်။

အခုလိုမျိုး ဆယ်စုနှစ်နဲ့ချီပြီး အက်ရှင်ရုပ်ရှင်တွေကို ရိုက်ကူးပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ခန္ဓာကိုယ်ကို ထိခိုက်မှု တော်တော်များများဖြစ်စေခဲ့ရပါတယ်။ တခါတလေ ဘီးတပ်ကုလားထိုင်ပေါ်က မင်းသားကြီးကို လူမြင်ကွင်းမှာ မြင်တွေ့ခဲ့ရသလို့ လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းကလည်း သူဟာ ဒူးခွဲစိတ်ကုသမှု ခံခဲ့ရသေးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းကတော့ သူ့ရဲ့ မြေးတွေနဲ့အတူ အရုပ်ဝယ်ယူနေတာမျိုး မြင်တွေ့ခဲ့ကြရပါတယ်။ ချွေးမဖြစ်သူ Janet က “သူဟာ လမ်းလျှောက်နိုင်ပါတယ်။ ဒါပေမယ့် ရှော့ပင်းမောလ်လိုမျိုး နေရာတွေကို သွားရတဲ့အချိန်မှာ ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်မယ်ဆိုရင်သူ့အတွက် ပိုသက်သောင့်သက်သာ ဖြစ်မှာပါ” လို့ ရှင်းပြခဲ့ပါတယ်။

အခုတော့ မင်းသားကြီးဟာ အလုပ်ကနေ ခေတ္တအနားယူနေပြီးတော့ အိမ်မှာပဲ ချစ်ရသူတွေနဲ့အတူ ထမင်း၊ ဟင်း တပျော်တပါး ချက်စားနေတယ်လို့လည်း ဆိုပါတယ်။ မင်းသားကြီးက သူဟာ အချက်အပြုတ် ကျွမ်းကျင်မှုနဲ့ အလုပ်လုပ်နေပြီးတော့ သူ့ရဲ့ သရုပ်ဆောင်အလုပ်က မအောင်မြင်ခဲ့ဘူးဆိုရင် စားဖိုမှူး ဖြစ်ဖို့ စဉ်းစားခဲ့ဖူးတဲ့အကြောင်းလည်း ပြောဆိုခဲ့ဖူးပါတယ်။

Ref:asiaone

The post တချိန်က သိုင်းဆရာကြီး ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာ မြေးတွေကိုတောင် မချီနိုင်တော့တဲ့ Sammo Hung appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ