Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“အစ္စဏီရဲ့ အမှု အဆင်ပြေဖို့ ယုံကြည်တယ်”လို့ ရှေ့နေ ဦးရောဘတ်စန်းအောင် ပြော

$
0
0

အမှုစစ်ဆေးမှုမှာ ကြာမြင့်လျက်ရှိတဲ့ အဆိုတော် အစ္စဏီရဲ့ အမှုကတော့ မကြာခင်မှာ အေးချမ်းသွားလိမ့်မယ်လို့ ယုံကြည်ကြောင်း တရားလိုဖြစ်သူ စူးရှထက်ရဲ့ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“အခုတော့ ကြားခံပုဂ္ဂိုလ်တယောက်ကနေ ပြေလည်ရာပြေလည်ကြောင်း လာပြီးတော့ ညှိနှိုင်းနေတာတွေတော့ ရှိပါတယ်။ ပြေလည်သွားနိုင်ပါတယ်။ ဒီ ၁ ရက် ၂ ရက်ကပဲ လာသွားပါတယ်။ အခုတော့ မဖော်သေးပါဘူး။ အေးချမ်းသွားမယ်လို့ ယုံကြည်ပါတယ်” လို့ တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

အဆိုပါ အမှုအတွက် နှစ်ဦးနှစ်ဖက်ကြားထဲမှာရှိတဲ့ ပုဂ္ဂိုလ်တဦးက လာရောက်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့တာကြောင့် အဆင်ပြေသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

အမှုစတင်ဖြစ်ပွားခဲ့ပြီး မကြာခင်အချိန်ကလည်း ညှိနှိုင်းမှုများရှိခဲ့တယ်ဆိုတဲ့ သတင်းစကားများနဲ့ပတ်သက်ပြီးတော့လည်း ဦးရောဘတ်စန်းအောင်က “အရင်ကသတင်းစကားတွေက တရားမဝင်ပါဘူး။ အခုကတော့ ကိုယ်တိုင် စကားပြောခဲ့ရတာဆိုတော့ တရားဝင်ပါတယ်။ အဆင်ပြေသွားနိုင်မယ့် အခြေအနေမှာ ရှိပါတယ်။ အဲဒီဘက်ကနေ စူးရှထက်အပေါ် တိုင်စာတွေ အမျိုးမျိုး တင်တာတို့ တရားရုံးတွေမှာ ရာဇသတ်ပုဒ်မ ၄၆၅ နဲ့ ဦးတိုက်လျှောက်ထားတာတို့တွေက အရာလည်းမထင်ဘဲနဲ့ အမှုကို ပြင်းထန် ပေါက်ကွဲစေတယ်။ တရားရုံးတွေကလည်း လက်မခံပါဘူး”လို့ ပြောပါတယ်။

မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုဖြင့် မော်ဒယ် စူးရှထက်မှ အဆိုတော် အစ္စဏီကို လွန်ခဲ့တဲ့ ၁ နှစ်ကျော် ကာလက တရား စွဲဆိုခဲ့ပြီး ယခုအချိန်မှာတော့ တရားရုံးအပြောင်းအရွေ့ လျှောက်ထားမှု ကိစ္စများကြောင့် အမှုစစ်ဆေးမှုများ ရပ်ဆိုင်းနေပြီး မကြာခင်မှာတော့ ပြန်လည်စစ်ဆေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အမှုရင်ဆိုင်နေစဉ်အတွင်း တရားလိုဖြစ်သူ မော်ဒယ်စူးရှထက်ရဲ့ ဝတ်စားဆင်ယင်မှုများနဲ့ ပတ်သက်ပြီး ဝေဖန် နေကြတဲ့အပေါ် ရှေ့နေတယောက်အနေနဲ့ ဘယ်လိုမြင်မိလဲဆိုတာကိုလည်း အခုလို ပြောပါတယ်။

“အဲဒါ လူ့အခွင့်အရေးပါ။ အမျိုးသမီး တယောက်မှာ လွတ်လပ်စွာ ဝတ်စားဆင်ယင်ပိုင်ခွင့် ရှိပါတယ်။ မိန်းမတွေ ဘယ်လို ဝတ်ရမယ်။ ဘယ်လို မဝတ်ရဘူးဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက် မရှိဘူး။ ဟိုလို ဝတ်လို့ ဒီလိုဝတ်လို့ဆိုပြီး မုဒိမ်းကျင့်ခွင့်ကို ဘယ်ဥပဒေက ပြဋ္ဌာန်းထားလဲ။ ပြည့်တန်ဆာမကိုတောင် မုဒိမ်းကျင့်ခွင့်မပေးဘူး။ အမျိုးသမီး အခွင့်အရေး ဆိုတာလည်း ရှိနေပါတယ်။ ရပ်ကျော်ရွာကျော် ဝတ်စားဆင်ယင်ပြီးတော့ အခမ်းအနား တက်တဲ့သူနဲ့တော့ မနှိုင်းနဲ့ပေါ့” လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

အခုချိန်မှာတော့ တရားလိုဖြစ်သူ စူးရှထက်နှင့် မှုခင်းဆရာဝန်တို့ကိုသာ စစ်ဆေးပြီးတဲ့ အနေအထား ရှိနေပြီး ဆက်လက်စစ်ဆေးဖို့အတွက် သက်သေများစွာ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

The post “အစ္စဏီရဲ့ အမှု အဆင်ပြေဖို့ ယုံကြည်တယ်”လို့ ရှေ့နေ ဦးရောဘတ်စန်းအောင် ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)