Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Met Gala ပွဲကို မိန်းမဆန်တဲ့ ဖက်ရှင်နဲ့ တက်ရောက်ခဲ့တဲ့ အဆိုတော် Harry Styles

$
0
0

မေလ ၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Met Gala ဖက်ရှင်ရှိုးပွဲကို Harry Styles က ထူးထူးဆန်းဆန်း ဝတ်စုံနဲ့ ပွဲတက်လာတဲ့ အတွက် ပရိသတ်တော်တော်များများက ဝေဖန်နေကြပါတယ်။ တကယ်တော့ Met Gala ဆိုတာ ၁၉၄၆ ခုနှစ် ကတည်းက နှစ်စဉ်ကျင်းပနေတဲ့ ဖက်ရှင်ပွဲ ဖြစ်ပါတယ်။

ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ ဝတ်စားပုံတွေ ပြောင်းလဲလာတာကို အဓိက တွေ့မြင်ရတဲ့ ပွဲတပွဲ ဆိုရင်လည်း မမှားပါဘူး။ ဒီပွဲကို ဖိတ်ကြားခံရသူတွေကတော့ ဂီတ၊ ရုပ်ရှင်၊ ပြဇာတ်နဲ့ ဖက်ရှင်လောကက အောင်မြင်ကျော်ကြားသူတွေပဲ ဖြစ်ပါတယ်။ ဖိတ်ကြားခံရတဲ့ ဧည့်သည်တော် စာရင်းဟာ နှစ်စဉ်ပြောင်းလဲလေ့ရှိတယ်လို့ သိရပါတယ်။

ဒီပွဲကို လာတဲ့ အနုပညာရှင်တိုင်းက သူ့ထက်ငါ လှပအောင် ဝတ်ဆင်လေ့ ရှိပြီး ပရိသတ်တွေကလည်း စောင့်မျှော်လေ့ ရှိကြပါတယ်။ အလှဆုံး ဝတ်စုံတွေကိုလည်း ဆုတွေ ပေးလေ့ရှိပြီး နာမည်ကျော်တဲ့ အနုပညာရှင်တိုင်းက သူတို့ရဲ့ မူ မပျောက်အောင် ဝတ်ဆင်လေ့ရှိကြပါတယ်။

Met Gala ရဲ့ ခေတ်အဆက်ဆက် အလှဆုံးဝတ်စုံကို အဆိုတော် Rihana က ၂၀၁၅ ခုနှစ်မှာ ရရှိခဲ့ပြီး အဝါရောင် ဂါဝန်နဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ Harry Styles က မိန်းမဆန်တဲ့ ဖက်ရှင်ပုံစံ ဝတ်စုံကို ဝတ်ဆင်လာခဲ့ပါတယ်။ အရင်က ပွဲတွေမှာ အမြဲတမ်းနီးပါး အမျိုးသား ဝတ်စုံကို ဝတ်လေ့ရှိတဲ့ Harry Styles ဟာ ဒီတခါမှာမှ ထူးထူးခြားခြား အပွင့်အခက်တွေ ပါဝင်တဲ့ အမည်းရောင် ဇာဝတ်စုံကို ဝတ်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလို အဝတ်အစားတွေကို LGBTQ ( Lesbian, Gay, Bisexual, Transgender, Queer) အသိုင်းအဝိုင်းက လူတွေက ဝတ်ဆင်လေ့ရှိပြီး အမျိုးသားဝတ်၊ အမျိုးသမီးဝတ် ဆိုပြီး ခွဲခြားမထားတဲ့ အဝတ်တွေကို ဝတ်ဆင်ကြတာပဲဖြစ်ပါတယ်။

One Direction အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတယောက်ဖြစ်တဲ့ Harry Styles ကတော့ သူဟာ လိင်နှစ်မျိုးလုံးကို စိတ်ဝင်စားသူ ဖြစ်တယ်လို့ ဖွင့်ဟဝန်ခံဖူးပါတယ်။

Ref;Vouge

The post Met Gala ပွဲကို မိန်းမဆန်တဲ့ ဖက်ရှင်နဲ့ တက်ရောက်ခဲ့တဲ့ အဆိုတော် Harry Styles appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)