Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပရိသတ်တွေ သဘောကျ နှစ်သက်လာတဲ့ တရုတ် ရုပ်သံဇာတ်လမ်းတွဲများ

$
0
0

ရုပ်ရှင်ချစ်သူတွေ ကြားမှာတော့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ စိတ်ဝင်စားအောင် ရိုက်ကူးထားတဲ့ ကိုရီးယား ရုပ်သံဇာတ် လမ်းတွဲ (K-Drama) တွေဆို ပိုအကြိုက်တွေ့ကြပေမယ့် အခုနောက်ပိုင်း ဇာတ်အိမ်ကောင်းကောင်းနဲ့ ပြန်လည်ထိုး ဖောက်လာတဲ့ တရုတ် ရုပ်သံဇာတ်လမ်းတွဲ (C-Drama) တွေကလည်း အရင်ကလို အပိုင်းရှည်ကြီးတွေ မဟုတ်တော့ဘဲ စိတ်ဝင်စားစရာ ဇာတ်ညွှန်းတွေကြောင့် နိုင်ငံတကာပရိသတ်ကြား လူကြိုက်များလာတဲ့ တရုတ်ရုပ်သံ ဇာတ်လမ်းတွဲတွေကို ညွှန်းပေးချင်ပါတယ်။

“Hello Dear Ancestors”

အစအဆုံး ၂၄ ပိုင်းပဲ ရှိပြီး တပိုင်းကို မိနစ် ၄၀ လောက်ပဲကြာတဲ့ ဒီဇာတ်လမ်းတွဲဟာ ဟန်မင်းဆက်ခေတ်ကနေ ၂၀၂၀ ပြည့်နှစ်ကို ရောက်လာတဲ့ စစ်သူကြီး တယောက်အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ်ပါတယ်။ ဒီဘက်ခေတ်ကို ရောက်လာပြီး ဘာမှနားမလည်နိုင်အောင် ဖြစ်နေတဲ့ စစ်သူကြီးနဲ့ သူမ ဘဝမှာ ယောက်ျားတွေ မလိုအပ်ဘူးလို့ ကြွေးကြော်ထားတဲ့ Tomboy မိန်းကလေးတယောက်တို့ရဲ့ ရင်ခုန်ဖွယ်ရာ အချစ်ဇာတ်လမ်းလေးပါ။

“A Love So Beautiful”

ဒီဇာတ်လမ်းတွဲမှာ ခေါင်းဆောင် ပါဝင်ထားတဲ့ မျက်နှာသစ် မင်းသမီးလေးကတော့ နိုင်ငံတကာ ရုပ်သံ ဇာတ်လမ်းတွဲ ချစ်သူတွေရဲ့ အချစ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အထက်တန်းကျောင်းသူလေးအဖြစ် သဘာဝကျကျ သရုပ်ဆောင်ထားပြီး သူမရဲ့အတန်းဖော် ရေခဲမင်းသားကိုမှ တဖက်သတ် ကြိုက်နေသူလေးအနေနဲ့ တွေ့ရမှာပါ။ စုစုပေါင်း ၂၄ ပိုင်းပဲ ရှိပါတယ်။

“The Love Knot: His Excellency’s First Love”

ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်ကနေ ကာလအတန်ကြာ ပျောက်နေတဲ့ မင်းသားချော Johnny Huang ရဲ့ စိတ်ကူးယဉ် အချစ်ဇာတ်လမ်းတပုဒ်ပါ။ မင်းသားဟာ နေ့လယ်ဘက်ဆို မျက်စိ မမြင်နိုင်တဲ့ မြေခွေးမျိုးနွယ်ဝင်ဖြစ်ပြီး ကျိန်စာကြောင့် အသက် ၂၅ နှစ်ထက် ပိုမနေရဘဲ သေသွားခဲ့ရတဲ့ သူ့ချစ်သူ လူသား မိန်းကလေးကို ရှာပုံတော် ဖွင့်တဲ့ ဇာတ်လမ်းလေးပါ။

“Proud of Love”

အပိုင်း ၂၀ ပဲ ရှိတဲ့ ဇာတ်လမ်းတွဲဟာ တက္ကသိုလ် ကျောင်းသားနဲ့ ကျောင်းသူတို့ကြား ကျိန်စာတခုကြောင့် ခန္ဓာကိုယ် လဲသွားပုံကို ဟာသရောပြီး ရိုက်ကူးထားတာပါ။ ဂျပန်ကာတွန်း “Hana Yori Dango” ကို အခြေခံထားတဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။

Ref: Soompi

The post ပရိသတ်တွေ သဘောကျ နှစ်သက်လာတဲ့ တရုတ် ရုပ်သံဇာတ်လမ်းတွဲများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ