Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မင်းသိင်္ခရဲ့ ဝတ္ထုတွေနဲ့ ဇာတ်ကောင်တွေကို အလွတ်ရနေတဲ့ သရုပ်ဆောင် ဒေါင်း

$
0
0

Golden Hour ရုပ်ရှင် ထုတ်လုပ်ရေးကနေ ဆရာကြီး မင်းသိင်္ခ ရေးသားထားတဲ့ ဆားပုလင်းနှင်းမောင်၊ စနေမောင်မောင် စတဲ့ ဝတ္ထု၊ ဇာတ်ကောင်များရဲ့ မူပိုင်ခွင့်များကို ဝယ်ယူပြီး ရုပ်ရှင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ အဲဒီ ရုပ်ရှင်မှာ ပါဝင်မယ့် သရုပ်ဆောင် ဒေါင်းဟာ ငယ်စဉ်က မင်းသိင်္ခရဲ့ ဝတ္ထုတွေနဲ့ ကြီးပြင်းလာပြီး မင်းသိင်္ခ ဝတ္ထုတွေမှာ ပါဝင်သရုပ်ဆောင်ဖို့ကိုလည်း လက်ခံလိုက်ပြီလို့ ဆိုပါတယ်။

“ကျနော်က ပြန်ဖတ်ဖို့တောင် မလိုတော့ဘူး။ အဲဒီစာအုပ်တွေ အကုန်လုံး အလွတ်ရတယ်။ စနေမောင်မောင်တို့၊ ဆားပုလင်းနှင်းမောင်တို့ကို အကုန် အလွတ်ရနေပြီ။ အခုပြန်ဖတ်လည်း အဲဒီအတိုင်း ဖြစ်နေမှာပဲ” လို့ သရုပ်ဆောင် ဒေါင်းက ဧရာဝတီကို ပြောပါတယ်။ ဆရာကြီး မင်းသိင်္ခရဲ့ ဝတ္ထုတွေနဲ့ ရင်းနှီးခဲ့တဲ့အကြောင်းကိုလည်း ဒေါင်းက အခုလိုပဲ ဆိုပါတယ်။

“ကျနော်က ဆရာကြီး မင်းသိင်္ခ ဝတ္ထုတွေကို စဖတ်ဖြစ်တာက ဆားပုလင်းနှင်းမောင်ပေါ့။ ရုပ်ပြကနေ စခဲ့ရတာကိုး။ ကျနော်တို့ စာဖတ်တဲ့သူတွေမှာ အဆင့်လိုက်ရှိတယ်လေ။ ရွှေသွေးတို့၊ တေဇတို့၊ တွတ်ပီတို့ဆိုပြီး အဆင့်လိုက်သွားရင်းနဲ့ ရုပ်ပြကနေ ဝတ္ထုကို တက်ရတာ။ ပြီးတော့ ရသ၊ ဘဝ သရုပ်ဖော်၊ ဘာသာပြန် စသဖြင့် အများကြီးပဲ။ အဆင့်ကျော်ရင် ခံစားသင့်သလောက် မခံစားရတော့ဘူး။ ဒါပေမဲ့ ဆရာကြီး မင်းသိင်္ခကတော့ အဲဒီအဆင့်တွေထဲမှာ မပါတဲ့ စာရေးဆရာ တယောက်ပါ”

“ကျနော် ဘယ်အရွယ်ပဲဖြစ်ဖြစ် ဆရာ မင်းသိင်္ခ ဖတ်လို့ ရတယ်။ ဆရာကြီး ရွှေဥဒေါင်း ဖတ်လို့ ရတယ်။ သူ့ရဲ့ဇာတ်ကောင်တွေ၊ သူ့ရဲ့ ဇာတ်အိမ် ဖွဲ့တည်မှုတွေ၊ သူ့ရဲ့ အရေးအသားတွေက သူဘယ်လောက် စာဖတ် နာခဲ့တယ်ဆိုတာ အရမ်းခံစားရတယ်။ ကိုယ်ဖတ်တဲ့ အချိန်ကျရင်လည်း ကိုယ့်နှလုံးသားထဲ ထိရောက်အောင် ရေးနိုင်တယ်”လို့ ဒေါင်းက ဆိုပါတယ်။

ဆရာကြီး မင်းသိင်္ခရဲ့ ဇာတ်လမ်းများမှာ ပါဝင် သရုပ်ဆောင်ကြမယ့် သရုပ်ဆောင် ဒေါင်း၊ နိုင်းနိုင်း၊ အောင်မြင့်မြတ် (ဓာတ်ပုံ – မန်းသူ)

ဆရာကြီး မင်းသိင်္ခရဲ့ ဝတ္ထုတွေထဲမှာ ဘယ်ဇာတ်ကောင်မျိုးကို သရုပ်ဆောင်ချင်တာလဲဆိုတဲ့ မေးခွန်းကိုလည်း ဒေါင်းက အခုလိုပဲ ဖြေပါတယ်။

“ကျနော်က ဆရာကြီးရဲ့ ဇာတ်ကောင်တွေဆို အားလုံး ကြိုက်တယ်။ တခုတည်းတော့ မဟုတ်ဘူး။ စနေမောင်မောင်လည်း ကြိုက်တယ်။ ဆားပုလင်းနှင်းမောင်လည်း ကြိုက်တယ်။ ဒေါက်တာဆိတ်ဖွားလည်း ကြိုက်တယ်။ ဒါတွေက ကျနော်တို့ရဲ့ ဟီးရိုးတွေပဲလေ။ ကျနော်တို့နိုင်ငံမှာ ဟီးရိုးတွေ သိပ်မရှိပါဘူး။ ဒါတွေက ကျနော်တို့ရဲ့ ဟီးရိုးပဲ။ ကြည့်ပြီးသားဇာတ်ကား ပြန်ကြည့်သလိုပဲလေ။ မျက်လုံးထဲမှာ ပုံဖော်ထားပြီးသား”

“ထွက်ပြီးသား ဇာတ်ကားတွေလည်း ရှိနေတယ်လေ။ ကျနော်က ဘယ်နေရာက သရုပ်ဆောင်ရ၊ ဆောင်ရပါ။ သေချာတာကတော့ ဆရာ မင်းသိင်္ခ ဘယ်ဇာတ်လမ်းမှာ ဘာကိုပြောချင်လဲဆိုတာ ကျနော် ကောင်းကောင်းသိတယ်”လို့ ဒေါင်းက ပြောပါတယ်။

မကြာခင် ရုံတင်ပြသတော့မယ့် “လေဆန်ကကြိုး” ရုပ်ရှင်ကရော ဒေါင်းအတွက် စိန်ခေါ်မှုတခု ဖြစ်နိုင်လားဆိုတာကိုလည်း အခုလိုပဲ ဆိုပါတယ်။

“စိန်ခေါ်မှုကတော့ လေဆန်ကကြိုးမှ မဟုတ်ပါဘူး။ ဇာတ်ကားတိုင်း ကြီးနေတာပါပဲ။ ကျနော့်အတွက်ကတော့ ရုပ်ရှင်ကြည့် ပရိသတ်ကို ရင်ထဲထိရောက်အောင်လုပ်ဖို့ဆိုတာ စိန်ခေါ်မှုပဲလေ။ ဘယ်ကားရိုက်ရိုက် သူတို့ရင်ထဲ ထိရောက်မလားဆိုတဲ့ ခံစားချက်ကတော့ တွေးရတယ်။ ဒီကားကလည်း သူတို့ရင်ထဲကို နောက်ထပ် အသစ်တခု ဖန်တီးနိုင်မလားဆိုတာ တွေးရပါတယ်”လို့ ဒေါင်းက ပြောပါတယ်။

ဒေါင်းကို ခေါင်းဆောင်မင်းသား အနေနဲ့ ရုံတင်လာတဲ့ ကားတွေအတွက် စိတ်လှုပ်ရှားမှု ပိုရှိ၊ မရှိဆိုတာနဲ့ ပတ်သက်ပြီးလည်း အခုလိုပဲ ပြောပါတယ်။

“အဲဒီအယူအဆကို ကျနော် လက်မခံဘူးဗျ။ ကျနော်တို့ ခေတ်မှာတော့ အဲဒါကို ပြောင်းချင်တယ်။ ကျနော်တို့ ခံယူထားတဲ့ အနုပညာဆိုတာက ဇာတ်ပွဲမှာ ဇာတ်မင်းသား တယောက်ပဲ ဦးတည်ပြီးတော့ ကရတဲ့ မင်းသားဇာတ် မဟုတ်ဘူးဗျ။ ကျနော်တို့က သရုပ်ဆောင်တွေဖြစ်တဲ့အတွက် ကိုယ့်အခန်းကဏ္ဍကို အကောင်းဆုံး တာဝန်ယူပြီး တကားလုံးကို၊ တနေရာတည်းကို ခံစားချက်တခုတည်းနဲ့ ရောက်အောင် သွားတာပါ”လို့ဒေါင်းက ဧရာဝတီကို ပြောပါတယ်။

သရုပ်ဆောင် ဒေါင်းဟာ မေလအတွင်းမှာလည်း စာရေးဆရာမ ဂျူးရဲ့ နာမည်ကျော် ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည် ပုံဖော် ရိုက်ကူးမယ့် “မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။

The post မင်းသိင်္ခရဲ့ ဝတ္ထုတွေနဲ့ ဇာတ်ကောင်တွေကို အလွတ်ရနေတဲ့ သရုပ်ဆောင် ဒေါင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ