Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“တရားလိုက ဖြူသောလက်နဲ့ တရားရုံးကို ကူညီရင် မှန်မှန်ကန်ကန်နဲ့ အမှု ပြီးဆုံးနိုင်တယ်”

$
0
0

၁ နှစ်ကျော် ကြာမြင့်နေပြီဖြစ်သော်လည်း အမှုစစ်ဆေးရာမှာ နှောင့်နှေးမှုများ ရှိနေတဲ့ အဆိုတော် အစ္စဏီရဲ့ အမှုကို ဆက်လက်စစ်ဆေးနိုင်ဖို့အတွက် တရားလိုဖြစ်သူက ဖြူသောလက်နဲ့ တရားရုံးကို ကူညီပါက မှန်မှန်ကန်ကန်နဲ့ အမှုပြီးဆုံးနိုင်တယ်လို့ အစ္စဏီရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးက ပြောပါတယ်။

“ရုံးကို ကူညီချင်တယ်၊ အမှန်တရားကို မြန်မြန်လေးနဲ့ မှန်မှန်လေး တင်ပြချင်တယ်ဆိုရင် လာရမှာ သ့ူတာဝန်လေ။ တရားလို အမှုတွဲရောက်တာ သူသိတယ်။ ကိုယ့်အမှန်တရားအတွက်ကို စောစောစီးစီး တင်ပြရမှာ။ ဖြူသောလက်နဲ့ တရားရုံးကို ကူညီရင် အမှုမြန်မြန်နဲ့ အဆင်ပြေသွားမှာပဲ။ တရားလိုရော တရားခံရော ရုံးတော်ကို ဖြူသောလက်နဲ့ လာရမှာပဲ။ အဲဒါမှ ဘယ်သူကဖြူစင်သော အမှန်တရားကို ရထိုက်လဲဆိုတာကို ရုံးက ဆုံးဖြတ်ပေးမှာ”လို့ အစ္စဏီရဲ့ ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။

အဆိုပါအမှုကိုတော့ တရားလိုဘက်မှ မြို့နယ်တရားရုံးတွင် စစ်ဆေးရတာ အဆင်မပြေတာကြောင့် ခရိုင်ရုံးနဲ့ တိုင်းရုံးတို့ကို ရုံးပြောင်းလျှောက်ထားမှုများ ပြုလုပ်ခဲ့သော်လည်း မတ်လ ၂၉ ရက်နေ့မှာတော့ မူလစစ်ဆေးရာ တရားရုံးဖြစ်တဲ့ တာမွေတရားရုံးမှာသာ ပြန်လည်စစ်ဆေးရန် အမိန့်ကျခဲ့ပါတယ်။

ရုံးပြောင်းလျှောက်ထားမှုကြောင့် တိုင်းတရားရု ေးရောက်ရှိသွားတဲ့ အမှုတွဲမှာ ဧပြီလ ၁၁ ရက်နေ့က မူလတရားရုံးဖြစ်တဲ့ တာမွေတရားရုံးကို ပြန်လည်ရောက်ရှိလာပြီဖြစ်သော်လည်း ဆက်လက်စစ်ဆေးမှုများ မပြုရသေးဘူးလို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ တရားလိုဖြစ်သူ မော်ဒယ် စူးရှထက်ရဲ့ ထွက်ဆိုချက်အချို့နဲ့ သက်သေခံ ၁၁ ဦးတင်ထားတဲ့ အထဲမှ မှုခင်းဆရာဝန်ရဲ့ထွက်ဆိုချက်များကိုသာ စစ်ဆေးပြီးပြီဖြစ်တယ်လို့ သိရပါတယ်။

“တရားလိုက ၄ ကြိမ် ရှိပြီ။ ပျက်ကွက်တာ။ ဥပဒေကတော့ ခွင့်မပြုထားဘူး။ တရားခံဘက်ကတော့ သူ မလာမချင်း စောင့်ရမှာပေါ့။ သက်သေ ၁၁ ယောက်မှာ မှုခင်းဆရာဝန်ရယ် တရားလိုရယ်ပဲ စစ်ရသေးပါတယ်” လို့ ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးက ပြောပါတယ်။

အဆိုတော် အစ္စဏီကိုတော့ တရားလိုဖြစ်သူ မော်ဒယ် စူးရှထက်မှ တာမွေမြို့နယ် တရားရုံးမှာ ဥပဒေပုဒ်မ ၃၇၆ ၊ ၃၂၄ ၊ ၃၂၃ တို့ဖြင့် တရားစွဲဆိုထားပြီး ယခုအချိန်မှာတော့ တရားစွဲဆိုခဲ့ခြင်းမှာ ၁ နှစ်ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

The post “တရားလိုက ဖြူသောလက်နဲ့ တရားရုံးကို ကူညီရင် မှန်မှန်ကန်ကန်နဲ့ အမှု ပြီးဆုံးနိုင်တယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ