Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အဖွဲ့သက်တမ်း ၃ နှစ်ပြည့်ပွဲကို ခမ်းခမ်းနားနား လုပ်မယ့် Project K အဖွဲ့

$
0
0

အမျိုးသားအဆိုတော် လူငယ် ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ Project K အဖွဲ့က အဖွဲ့ 3 Years Anniversary ကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား လုပ်ဖို့ရှိသလို ပရိသတ်အတွက် နောက်ပိုင်းမှာလည်း အသစ်အဆန်းနဲ့ အကောင်းဆုံး တင်ပြနိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အဖွဲ့အနေနဲ့ Single Song လေးတွေ လုပ်ဖို့ရှိတယ်။ ကျနော်တို့ ချပြချင်တဲ့ အသစ်အသစ်တွေလည်း မကြာခင်မှာ ချပြဖို့ရှိတယ်။ ကျနော်တို့ အဖွဲ့ရဲ့ 3 Years Anniversary ရှိပါတယ်။ အဲ့ပွဲကိုလည်း ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား လုပ်ဖို့ရှိပါတယ်။ ကျနော်တို့ အဖွဲ့က တီထွင် ဆန်းသစ်မှုတွေနဲ့ ဖျော်ဖြေတာ များတယ်”

“နောက်ပိုင်းထွက်လာမယ့်ဟာတွေကလည်း ပရိသတ်အတွက် အသစ်အဆန်းတွေ ဖြစ်စေမှာပါ။ အသစ်အဆန်းတွေနဲ့ အကောင်းဆုံး ဖြစ်အောင်လည်း အမြဲကြိုးစားနေပါတယ်။ မကြာခင်လည်း ချပြတော့မှာပါ”လို့ Project K အဖွဲ့က ပြောပါတယ်။

ပရိသတ်တွေ အားပေးမှုများစွာရရှိခဲ့ပြီး နောက်ပိုင်းမှာလည်း အတိုင်းအတာ နေရာတခု ရလာပေမယ့် အရမ်းအောင်မြင်နေတယ်လို့ မသတ်မှတ်ထားသေးဘူးလို့လည်း Project K အဖွဲ့က ဆိုပါတယ်။

“ကျနော်တို့ အခုချိန်မှာ အရမ်းအောင်မြင်နေတယ်လို့တော့ မသတ်မှတ်ထားသေးပါဘူး။ လူတွေ အများကြီး အသိအမှတ်ပြုလာတယ်။ ကျနော်တို့ကို ဝိုင်းပြီး အားပေးကြတယ်။ ချစ်ပေးကြတော့ ပျော်တယ်။ အတိုင်းအတာ နေရာလေးတခု ရလာတယ်ပေါ့။ ကျနော်တို့ ပိုပြီး ကြိုးစားဖို့လိုတယ်လို့ ထင်တယ်။ ပိုတာဝန်လည်းကြီးသွားတယ်”

“အရင်တုန်းက ကျနော်တို့ ကိုယ့်ဟာကိုယ် အကောင်းဆုံးတော့ လုပ်လိုက်တာပဲ။ လူငယ်ပီပီ လွတ်လွတ်လပ်လပ် ဖန်တီးချင်တာကိုပဲ ဖန်တီးတာပေါ့။ အခုကျတော့ လူတွေ အများကြီး အာရုံစိုက်ပေးကြတယ်။ ပိုချစ်လာကြတယ်ဆိုတော့ ကျနော်တို့ကို စောင့်ကြည့်နေကြသူတွေလည်း ရှိနေကြတော့ အစစအရာရာ သတိထားရတာပေါ့”လို့ Project K အဖွဲ့က ပြောပါတယ်။

Project K အဖွဲ့ဟာ အမျိုးသား လူငယ် ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါ တယ်။ Project K အဖွဲ့ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ချီးကျူးခြင်းကိုလည်း ခံခဲ့ရပါတယ်။

မိန်းကလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိ Project K အဖွဲ့ဟာ “The Beginning” ဆိုတဲ့ တေးအယ်လ်ဘမ်ကို ထွက်ရှိထားပါသေးတယ်။ Project K အဖွဲ့ဝင်တွေကတော့ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ပဲ ဖြစ်ပါတယ်။

The post အဖွဲ့သက်တမ်း ၃ နှစ်ပြည့်ပွဲကို ခမ်းခမ်းနားနား လုပ်မယ့် Project K အဖွဲ့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ