Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဒုတိယရင်သွေးလေးကို လွယ်ထားရတဲ့ မင်းသမီး ကျန်ဇီယီ

$
0
0

တရုတ်မင်းသမီး ကျန်ဇီယီဟာ ခင်ပွန်း ဝမ်ဖန်းနဲ့ ရရှိတဲ့ ဒုတိယမြောက် ရင်သွေးလေးကို လွယ်ထားရပြီလို့ China Press မီဒီယာက ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ပထမဆုံးသမီးလေး ရှင်းရှင်းကို ရရှိခဲ့ပြီးတဲ့နောက် မင်းသမီး ကျန်ဟာ သားတယောက် လိုချင်တယ်ဆိုတဲ့ ခင်ပွန်း ဝမ်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုအလိုမျိုး အသက် ၄၀ အရွယ်ကျမှ ကိုယ်ဝန် ထပ်ဆောင်ရတာ ဖြစ်တဲ့အတွက် အလွန်သတိရနေတာကြောင့် မင်းသမီးဟာ လက်ရှိမှာ အလုပ်တွေ အားလုံးကို ရပ်ဆိုင်းထားရတယ်လို့ ဆိုပါတယ်။

မင်းသမီးဟာ လာမယ့် မေလထဲမှာပြုလုပ်မယ့် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို အနားမယူခင် တက်ရောက်မှာ ဖြစ်ပါတယ်။ ပြီးတော့ မင်းသမီး ကျန်ဟာ ကိုယ်ဝန်ဆောင်စောင့်ရှောက်ရေး စင်တာတခုမှာ အခန်းတခုကို ကြိုတင် မှာယူထားတယ်လို့လည်း ဆိုပါတယ်။ အခုလ အစောပိုင်းမှာတော့ သူတို့ စုံတွဲနှစ်ယောက်လုံးကို ဘေဂျင်းလေဆိပ်မှာ တွေ့ခဲ့ကြရပြီး မင်းသမီး ကျန်ကိုတော့ ကိုယ်ဝန်ဗိုက်နဲ့ မြင်တွေ့ခဲ့ကြရတာပါ။

Viva La Romance စီးရီးရဲ့ ဒုတိယမြောက်အတွဲ အပိုင်းတခုမှာတော့ မင်းသမီး ကျန်ဟာ ကလေးမီးဖွားပြီး နို့မထွက်တဲ့ဝေဒနာကို ခံစားခဲ့ရပေမယ့် မိခင်ကောင်းတယောက်လိုမျိုး နို့ချိုတိုက်ကျွေးဖို့ စိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်။

တရုတ်ရုပ်သံအစီအစဉ်ဖြစ်တဲ့ Wife’s Romantic Travel မှာတော့ မင်းသမီးကျန်က “လက်မောင်း တဖက်စီမှာ ကလေးတယောက်စီကို ချီချင်ပါတယ်” လို့ဆိုပြီး ကလေးနှစ်ယောက် လိုချင်တဲ့ အကြောင်း ပြောဆိုခဲ့ဖူးပါတယ်။ ကိုယ်ဝန်ဆောင်ရတဲ့အခါ ရိုက်ကူးရေးနားရရင် ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းကိုတော့ မင်းသမီးက “အဲဒါကို စောင့်ဆိုင်းနေတာပါ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Ref:asiaone

The post ဒုတိယရင်သွေးလေးကို လွယ်ထားရတဲ့ မင်းသမီး ကျန်ဇီယီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258