Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ဘာညာဘာညာ” ရုပ်ရှင်ကားထဲမှာ ကာရိုက်တာစုံ သရုပ်ဆောင်ထားတဲ့ ဟိန်းဝေယံ

$
0
0

ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးထားတဲ့ “ဘာညာဘာညာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဟိန်းဝေယံကတော့ Main ကာရိုက်တာက တခုတည်းဖြစ်သော်လည်း ဇာတ်လမ်းအရ ကာရိုက်တာအစုံ သရုပ်ဆောင်ရတယ်လို့ ပြောပါတယ်။

“ကျနော်တို့က အတတ်နိုင်ဆုံး ပုံဖော်ထားတဲ့အတွက် စိတ်ကျေနပ်မှုကတော့ အပြည့် ရှိပါတယ်။ ကျနော့်ရဲ့ ကာရိုက်တာကတော့ ဆရာဝန်၊ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ပုံစံပေါ့နော်။ တခြား ကာရိုက်တာလေးတွေ ခွဲပြီး လုပ်ရတာလေးတွေ ရှိတယ်။ နတ်ကတော်ပုံစံမျိုး လုပ်ရတာ ရှိတယ်။ နောက်တခါ ဂျပန်လူမျိုး ပုံစံမျိုးပေါ့ ဟန်ဆောင်ပြီး လုပ်ရတာ ရှိတယ်။ တခြားကာရိုက်တာလေးတွေလည်း လုပ်ရတာရှိတယ်” လို့ သရုပ်ဆောင် ဟိန်းဝေယံကပြောပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားအတွက် အာရုံစိုက်ကာ ကြိုးစားခဲ့ရပြီး တခြားသော ဝါရင့်ဟာသ သရုပ်ဆောင်များလည်း ပါဝင်တဲ့အတွက် အဆင်ပြေအောင်ကြိုးစား သရုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ဒီကားရိုက်တာတော့ ကျနော့်အတွက် တော်တော်လေးကို အာရုံစိုက်ရတယ်။ တော်တော်လေးကို ကြိုးစားခဲ့ရတယ်။ ဟာသကားလည်းဖြစ်နေတယ်။ ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း ဟာသနေရာမှာ ထူးချွန်ကြတယ်။ ဝါရင့်ပညာရှင်ကြီးတွေဖြစ်နေကြတဲ့အပေါ်မှာတော့ ကျနော်ကလည်း အဆင်ပြေအောင်တော့ ကြိုးစားပြီးတော့ လုပ်ရပါတယ်” လို့ ဟိန်းဝေယံကပြောပါတယ်။

ဒီကားထဲမှာတော့ ဟိန်းဝေယံနဲ့အတူ ကျော်ထူး ၊ ကင်းကောင် ၊ ရွှေမှုံရတီ ၊ ခြူးလေး၊ တက္ကသိုလ်ဂွမ်းပုံတို့က တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

အရင်က ဗီဒီယိုဇာတ်ကားခေတ် ကောင်းခဲ့စဉ်က တခေတ်ဖြစ်ခဲ့သော မင်းသားတယောက်ဖြစ်တဲ့ ဟိန်းဝေယံကတော့ ဗီဒီယိုခေတ်ပျက်ပြီးနောက်ပိုင်း သူ့ရဲ့အနုပညာကို ဘယ်လိုဆက်လက် လုပ်ကိုင်နေလဲဆိုတာကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“ဗီဒီယိုကတော့ အရင်ကထက်စာရင် သိသိသာသာ ပါးသွားတယ်။ အခုအချိန်မှာတော့ အရိုက်များနေတာကတော့ ရုပ်ရှင်တွေရှိမယ်။ ဇာတ်လမ်းတွဲတွေ ရှိကြမယ်ပေါ့။ အဲဒီတော့ ကျနော်ကတော့ အဲဒီအပေါ်မှာ ကိုယ်ဘယ်လို ဇာတ်လမ်းမျိုးရိုက်ချင်လဲ။ တကယ်ရောရိုက်ချင်နေသလား။ နားချင်သလား။ အနုပညာနဲ့ ပတ်သက်ပြီးတော့ အဲဒီအပေါ်မူတည်ပြီးတော့ အားလုံးကို ချင့်ချိန်ပြီးတော့မှပဲ ကျနော်လုပ်ချင်သလိုလေး သွားနေတာဖြစ်တယ်” လို့ ဟိန်းဝေယံကပြောပါတယ်။

ဇာတ်ကားများ ယခင်ကလောက် မရိုက်ပေမယ့် အနုပညာဝမ်းစာကိုတော့ ဖြည့်ဖို့လိုသေးတာကြောင့် လေ့လာနေပြီး ဘယ်တော့မှ ပြည့်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ဝမ်းစာကတော့ ဖြည့်ဖို့ လိုပါသေးတယ်။ ဘယ်တော့မှလည်း ဝမ်းစာကပြည့်သွားမှာ မဟုတ်ပါဘူး။ ကျနော့် အနေနဲ့ဆက်ပြီးတော့ လေ့လာနေဦးမှာပါ။ လေ့လည်း လေ့လာနေပါတယ်။ အဓိကကတော့ ဘယ်အလုပ်ပဲလုပ်လုပ် ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့လုပ်ရင် အဆင်ပြေလိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ ဟိန်းဝေယံကပြောပါတယ်။

ဟိန်းဝေယံကတော့ လတ်တလော မကြာခင်မှာ ပြသဖို့ရှိတဲ့ “မာယာကကြိုး” ဆိုတဲ့ရုပ်ရှင်ကားကြီးအတွက် Post Production လုပ်နေတယ်လို့ သိရပါတယ်။

The post “ဘာညာဘာညာ” ရုပ်ရှင်ကားထဲမှာ ကာရိုက်တာစုံ သရုပ်ဆောင်ထားတဲ့ ဟိန်းဝေယံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)