Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကမ္ဘာတဝန်း ပြသတဲ့နေရာ အားလုံးနီးပါးမှာ စံချိန်တွေ တင်နေတဲ့ “Avengers: Endgame” ရုပ်ရှင်

$
0
0

Avengers အဖွဲ့ကြီးဟာ နောက်ဆုံးတကြိမ် စုမိကြတာ ဖြစ်ပေမယ့် သူတို့ဟာ အမေရိကန် ရုပ်ရှင်ရုံတွေမှာ ရုံမတင်မီ ကာလမှာတောင် ကမ္ဘာတဝန်းမှာ တော်တော်လေး ဂယက်ရိုက်စေခဲ့တာကို တွေ့ရပါတယ်။

အများချစ်ကြတဲ့ Marvel Universe စူပါဟီးရိုးတွေပါဝင်တဲ့ ၂၂ ကားမြောက် Avengers: Endgame ရုပ်ရှင်ကတော့ အာရှမှာ အထူးသဖြင့် တရုတ်နိုင်ငံမှာ လက်မှတ်ရောင်းအား စံချိန်တင်သွားခဲ့တာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့မှာတော့ တရုတ်၊ သြစတြေးလျနဲ့ ဥရောပမှာရှိတဲ့ အခြားနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ ပထမဆုံးစတင်ပြသခဲ့ပြီး ဝင်ငွေဒေါ်လာ ၁၆၉ သန်းရရှိခဲ့တာကို တွေ့ရပါတယ်။

တရုတ်၊ သြစတြေးလျ၊ နယူးဇီလန်နဲ့ အခြားနိုင်ငံတွေရဲ့ ရုံဝင်ငွေ တရက်တာ အများဆုံးရတဲ့ စံချိန်ကို တင်ခဲ့တယ်လို့ ၂၀၀၉ ခုနှစ်မှာ Marvel Studios ကိုဝယ်ခဲ့တဲ့ Disney က ဆိုပါတယ်။ အဲဒီရုပ်ရှင်ဟာ တရုတ်နိုင်ငံမှာဆိုရင် ဒေါ်လာ ၁၀၇ ဒဿမ ၅ သန်းတောင် ရရှိခဲ့တာကို တွေ့ရပါတယ်။

ပြင်သစ်နိုင်ငံမှာတော့ ပြသခဲ့ဖူးတဲ့ Marvel ရုပ်ရှင်တွေထဲမှာ ဖွင့်ပွဲဝင်ငွေ အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ နယ်သာလန်၊ အီဂျစ်နဲ့ ဂရိနိုင်ငံတို့မှာလည်း အဖွင့်ပွဲ စံချိန်တွေတင်ခဲ့တာတွေ့ရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်မှာပြသခဲ့တဲ့ Infinity War ရုပ်ရှင်ရဲ့ ဝင်ငွေကိုလည်း ကျော်ဖြတ်သွားနိုင်ခဲ့တယ်လို့် အချက်အလက်တွေမှာ မြင်တွေ့ရပါတယ်။ အဲဒီရုပ်ရှင်အသစ်ကို ဧပြီလ ၂၆ ရက်နေ့ကစလို့ မြန်မာနိုင်ငံ အပါအဝင် အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့မှာ စတင်ပြသနေပြီဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့အဆိုအရ Avengers အဖွဲ့ရဲ့ နောက်ဆုံးရုပ်ရှင်ဟာ မြောက်အမေရိကဒေသမှာတော့ ဒေါ်လာ သန်း ၂၀၀ ကနေ သန်း ၂၆၀ အထိ ရရှိနိုင်တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ကြိုတင်လက်မှတ်ရောင်းအားဟာ ၂ ဒဿမ ၅ သန်းကျော်ရှိခဲ့ပြီး ပုံမှန်ဆိုရင် ဘောလိဝုဒ် ရုပ်ရှင်တွေကိုသာ အရူးအမူးစွဲလမ်းစွာ ကြည့်ရှုကြတဲ့နိုင်ငံရဲ့ ရုပ်ရှင်ရုံအချို့မှာဆိုရင် ကြာချိန် ၃ နာရီရှိတဲ့ အဲဒီရုပ်ရှင်ကိုပြသဖို့ ပြသချိန်တွေကိုတောင် ညှိယူခဲ့ရတယ်လို့ ဆိုပါတယ်။

ကွယ်လွန်သူ ဂန္တဝင် ကာတွန်းပညာရှင်ကြီး Stan Lee ဖန်တီးခဲ့တဲ့ ကာတွန်းစာအုပ်ထဲမှ ဟီးရိုးတွေပါရှိတဲ့ ရုပ်ရှင် ၂၁ ကား ဟာ ကမ္ဘာတဝန်းမှာ ဒေါ်လာ ၁၉ ဘီလီယံရရှိထားခဲ့ပြီးဖြစ်ပါတယ်။

Ref:asiaone

The post ကမ္ဘာတဝန်း ပြသတဲ့နေရာ အားလုံးနီးပါးမှာ စံချိန်တွေ တင်နေတဲ့ “Avengers: Endgame” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)