Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တောင်ကိုရီးယားမှာ ပထမဆုံးနေ့ ရုံလူဝင်မှုအများဆုံး ရုပ်ရှင်အဖြစ် “Avengers: Endgame”မှတ်တမ်းဝင်

$
0
0

ပရိသတ်တွေ မျှော်လင့်တကြီးနဲ့ စောင့်စားနေကြတဲ့ “Avengers: Endgame ရုပ်ရှင်ဟာ တောင်ကိုရီးယားနိုင်ငံမှာ ပထမဆုံး စတင်ပြသတဲ့နေ့မှာပဲ လာရောက်ကြည့်ရှုတဲ့ ပရိသတ် အရေအတွက်ဟာ ၁ ဒဿမ ၂၇ သန်းရှိခဲ့လို့ စံချိန်သစ်တင်ခဲ့တဲ့ အကြောင်း သိရပါတယ်။

ကိုရီးယားရုပ်ရှင် ကောင်စီကနေ ထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေအရ အမေရိကန် စူပါဟီးရိုး ရုပ်ရှင်ဟာ ပြီးခဲ့တဲ့နှစ်၊ သြဂုတ်လ ၁ ရက်နေ့မှာ တင်ခဲ့တဲ့ ကိုရီးယားရုပ်ရှင် “Along With the Gods: The Last 49 Days” ရဲ့ လူကြည့်နှုန်းဖြစ်တဲ့ ၁ ဒဿမ ၂၄ သန်းစံချိန်ကို ချိုးဖျက်ပြီး ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄၀ မိနစ်အချိန်မှာ လူကြည့်နှုန်းအများဆုံး ပမာဏကို ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီရုပ်ရှင်ဟာ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်မှာ ကြည့်ရှုတဲ့ ပရိသတ် ၁ သန်းကို ရောက်ရှိခဲ့ပြီး တောင်ကိုရီးယားမှာ ပြသခဲ့ဖူးတဲ့ ရုပ်ရှင်တွေထဲမှာ အမြန်ဆုံးနှုန်းဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနေ့ မနက်အစောပိုင်းမှာပဲ တောင်ကိုရီးယား ရုပ်ရှင်တွေမှာ နောက်ဆုံး ထွက်ရှိလာတဲ့ Marvel ရုပ်ရှင်ကို ကြည့်ရှုဖို့ လက်မှတ်တန်းစီ စောင့်ဆိုင်းနေကြတဲ့ လူငယ်တွေပါဝင်တဲ့ လူတန်းကြီးနဲ့ ပြည့်နေတယ်လို့ ဆိုပါတယ်။

သူတို့တွေဟာ အဲဒီရုပ်ရှင်အတွက် ကြိုတင်လက်မှတ်တွေကို ဝယ်ယူဖို့ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ ပြင်းထန်တဲ့ လက်မှတ်ရရှိရေ ယှဉ်ပြိုင်မှုမှာ အနိုင်ရရှိခဲ့သူတွေလည်း ဖြစ်ပါတယ်။

ဆိုးလ်မှာရှိတဲ့ ရုပ်ရှင်ရုံအစုတွေထဲမှာ အကြီးဆုံးလို့ ဆိုနိုင်ပြီး လူဦးရေ ၆၂၄ ဦးကြည့်ရှုနိုင်တဲ့ CGV Yongsan မှာ ပြမယ့် ပထမဆုံးပွဲအတွက် လက်မှတ်တွေအားလုံးက ရောင်းကုန်ခဲ့ပြီ ဖြစ်ပါတယ်။ လွယ်အိတ်ထဲမှာ Thor ကိုင်ဆောင်တဲ့ တူ အတုကို ထုတ်ပြခဲ့တဲ့ Marvel ပရိသတ် ကင်ထယ်ဝူက “IMAX ရုပ်ရှင်ရုံမှာ ဒီရုပ်ရှင်ကိုကြည့်ဖို့ ဒီနေ့ ခွင့်ယူခဲ့ရတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လုံးမှာ Marvel ရုပ်ရှင် ၂၁ ကားလုံးကို ၃ ခေါက်စီကြည့်ပြီးပြီ”လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီရုပ်ရှင်အတွင် ကြိုတင်လက်မှတ် ရောင်းချမှုတွေဟာ ပြီးခဲ့တဲ့နှစ်မှာပြခဲ့တဲ့ “Avengers: Infinity War” ရုပ်ရှင်ရဲ့ ရောင်းအားထက် ကျော်လွန်ပြီး စံချိန်တင်ရလောက်အောင် လက်မှတ်အစောင်ရေ ၂ သန်းကို ရောင်းချနိုင်ခဲ့ပါတယ်။

အချိန် ၁၀ နှစ်တာ ဖြတ်သန်းခဲ့တဲ့ ဇာတ်လမ်းတခုက အခုရုပ်ရှင်မှာ အဆုံးသတ်နိုင်ချေ ရှိတဲ့အတွက် ပရိသတ်တွေက မျှော်လင့်တကြီး စောင့်စားနေခဲ့ကြတာ ဖြစ်ပါတယ်။ “Endgame” ရုပ်ရှင်ဟာ MCU ကနေ ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင် ၂၂ ကားစာ ပေါင်းစည်းမှု ဖြစ်ပါတယ်။

MCU ကို ၂၀၀၈ ခုနှစ်မှာ မင်းသား Robert Downey Jr. ပါဝင်ထားတဲ့ “Iron Man” ရုပ်ရှင်နဲ့ စဖွင့်ခဲ့တာဖြစ်ပါတယ်။ မင်းသား Robert ၊ မင်းသား Jeremy Renner နဲ့ မင်းသမီး Brie Larson တို့နဲ့အတူ ဒါရိုက်တာနှစ်ဦးဖြစ်တဲ့ Anthony နဲ့ Joe Russo တို့ဟာ ကမ္ဘာလှည့် ပရိုမိုးရှင်းခရီးစဉ် တစိတ်တပိုင်းအနေနဲ့ အခုသီတင်းပတ်အစောပိုင်းမှာ ဆိုးလ်မြို့ကို လာရောက်ခဲ့ကြပါသေးတယ်။

Ref:Yonhap

The post တောင်ကိုရီးယားမှာ ပထမဆုံးနေ့ ရုံလူဝင်မှုအများဆုံး ရုပ်ရှင်အဖြစ် “Avengers: Endgame” မှတ်တမ်းဝင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ