Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးသွားပြီ ဖြစ်တဲ့ မင်းသား လီမင်ဟို

$
0
0

နာမည်ကျော် ကိုရီးယားမင်းသား လီမင်ဟိုဟာ နိုင်ငံသားတယောက်အနေနဲ့ မဖြစ်မနေ ထမ်းဆောင်ရတဲ့ စစ်မှုထမ်းတာဝန်တွေ ပြီးခဲ့ပြီဖြစ်ပါတယ်။ အရင်တုန်းက ကြုံတွေ့ခဲ့ရတဲ့ ယာဉ်မတော်တဆမှုတွေကနေ ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် မင်းသားလီဟာ စစ်သားတဦးအနေနဲ့ တာဝန်ထမ်းခဲ့ရတာ မဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ မေလ ၁၂ ရက်နေ့မှာ ပြည်သူ့ဝန်ဆောင်မှု လုပ်သားတဦးအနေနဲ့ တာဝန်ထမ်းခဲ့ရတာပါ။

သူဟာ ၂၀၁၈ ခုနှစ်၊ မတ်လမှာတော့ သီတင်း ၄ ပတ်တာ အခြေခံစစ်ရေးလေ့ကျင့်မှုကို ပြီးမြောက်ခဲ့ပါတယ်။ ဧပြီလ ၂၅ ရက်၊ ကိုရီးယားစံတော်ချိန် မနက် ၉ နာရီမှာတော့ မင်းသားလီဟာ ပြည်သူ့ဝန်ဆောင်မှုလုပ်သား တဦးအနေနဲ့ နောက်ဆုံး တာဝန်ထမ်းဖို့အတွက် Suseo လူမှုဖူလုံရေးစင်တာကို ရောက်ရှိလာခဲ့ပါတယ်။ သူ့ကို ကြိုဆိုဖို့ ဆိုင်းဘုတ်တွေနဲ့ ပူဖောင်းတွေကို ကိုင်ဆောင်ပြီး စောင့်ဆိုင်းနေကြတဲ့ ရာနဲ့ချီတဲ့ ပရိသတ်တွေကို မင်းသားက လက်ဝှေ့ယမ်းနှုတ်ဆက်တာနဲ့ အရိုအသေပေးတာ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ သူစစ်မှုထမ်းတာဝန်ပြီးဆုံးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက် တစုံတရာပေး ပြောကြားတာတော့ မရှိခဲ့ပါဘူး။ အခုလိုမျိုး သူ့ကို စောင့်ဆိုင်းနေကြတဲ့ ရာနဲ့ချီတဲ့ ပရိသတ်တွေထဲမှာ ကိုရီးယားကရော၊ နိုင်ငံတကာကပါ ပရိသတ်တွေ ပါဝင်တာကိုတွေ့ရပါတယ်။ အဲဒီထဲက အာဂျင်တီးနား ပရိသတ်တယောက် ဆိုရင် လီမင်ဟို စစ်မှုထမ်းတာဝန်ပြီးဆုံးတာကို ဂုဏ်ပြုဖို့အတွက် သီချင်းတပုဒ်ကို သီဆိုခဲ့ပြီး အဲဒီမှာရှိတဲ့ ပရိသတ်တွေ တော်တော်ပွဲကျခဲ့တာ တွေ့ရပါတယ်။

မင်းသားရဲ့ အေဂျင်စီ MYM အင်တာတိန်းမန့်ကတော့ “လီမင်ဟိုဟာ ဒီနေ့ (ဧပြီ ၂၅)မှာ စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးမှာပါ။ အရင်တုန်းက ကြေညာထားတဲ့အတိုင်းပဲ အထူးပွဲတွေ မလုပ်ဘဲ တိတ်တဆိတ်ပဲ လုပ်ဆောင်မှာပါ”လို့ ဆိုပါတယ်။ သရုပ်ဆောင်တယောက်အနေနဲ့ ပြန်လာဖို့ အစီအစဉ်ကိုတော့ အေဂျင်စီက “သူဟာ မတူကွဲပြားတဲ့ ပရောဂျက်တော်တော်များများကို သုံးသပ်နေပါတယ်”လို့ ပြောဆိုထားပါတယ်။

Ref:soompi, koreaboo

The post စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးသွားပြီ ဖြစ်တဲ့ မင်းသား လီမင်ဟို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ