Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“တင်တဲ့ သက်သေတွေ ပယ်ချလို့ အမှု ဆက်မစစ်နိုင်သေးဘူး”လို့ နှင်းအိရွှေရည် ပြော

$
0
0

သရုပ်ဆောင် မင်းထက်ကို ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားတဲ့ နှင်းအိရွှေရည်က ဒီအမှုက လက်ရှိမှာ သက်သေတွေ တင်တိုင်း အငြင်းပွားမှုနဲ့ ရပ်ရပ်နေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ရုံးချိန်းက တရားလို ထွက်ဆိုချက်ကို ရပ်ဆိုင်းပေးဖို့ သူတို့တောင်းဆိုတယ်။ ဘာလို့ဆို သူတို့နေပြည်တော်တိုင်းတရားရုံးအထိ ရုံးပြောင်းTransfer ကိစ္စကိုလျှောက်ထားတယ်။ ဒါပေမဲ့ နေပြည်တော်က လက်ခံမခံ မသိရသေးဘဲ စစ်ဆေးမှုကို ရပ်ဆိုင်းလိုက်လို့ မရဘူးလို့ ကျမရှေ့နေက လျှောက်လိုက်တယ်။ အဲ့ဒါကြောင့်တရားလိုထွက်ဆိုခွင့် ရခဲ့တယ်။ ဒါပေမဲ့ အများကြီးတောင် မပြောလိုက်ရဘူး။ သူနဲ့ ကျမနဲ့ စတွေ့တဲ့ နေရာမှာတင် အမှုကအငြင်းပွားပြီး ရပ်သွားတယ်”လို့ နှင်းအိရွှေရည်က ပြောပါတယ်။

“သူနဲ့ကျမနဲ့ စတွေ့ခဲ့တာ ၂၀၀၈ ရုပ်ရှင်အစည်းအရုံး သရုပ်ဆောင်သင်တန်းမှာ။ သင်တန်းဆင်း လက်မှတ်လည်း ထုတ်ပြတယ်။ အဲ့ဒါကိုသူတို့ရှေ့နေက ဒီလက်မှတ်က အစိုးရကပေးထားတဲ့ တရားဝင်လက်မှတ်လို့ ယူဆလို့ မရဘူးတဲ့။ အဲ့အတွက် အဲ့လက်မှတ်မှာ လက်မှတ်ထိုးထားတဲ့ အစည်းအရုံး ဥက္ကဋ္ဌက လာပြီး သက်သေထွက်ဆိုပေးမယ်ဆိုရင် လက်ခံမယ်တဲ့။ မဖြစ်နိုင်တာတွေ လာတောင်းဆိုနေတယ်”

“အစည်းအရုံးက အဲ့၂၀၀၈က ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာရှိတယ်။ အဲ့ဒါကိုသူ့ရှေ့နေက စာမတတ်တာလား၊ မသိတာလား တမင်ညစ်တာလား မသိဘူး”လို့ နှင်းအိရွှေရည်က ပြောပါတယ်။

နောက်ထပ် ရုံးချိန်းကို မေလ၂ ရက်နေ့ ပြန်လည်ချိန်းဆိုထားပေမယ့် နေပြည်တော်က အမှုလက်ခံခဲ့ရင်တော့ နေပြည်တော် အထိသွားရမှာ ဖြစ်ပြီး နေပြည်တော်က လက်မခံပါစေနဲ့လို့ ဆုတောင်းနေရတယ်လို့ နှင်းအိရွှေရည်က ဆိုပါတယ်။

“အဲ့ဒါကို လာမယ့် ၂ရက်နေ့မှာ ကျမတို့ဘက်က လျှောက်လဲချက် ရေးတင်ရမယ်။ အဲ့တော့မှ သူနဲ့ ကျမနဲ့၂ ၀၀၈ ကတည်းက စသိခဲ့တယ်ဆိုတာ အတည်ယူရမှာ။ အဲ့ဒါကြောင့် ပြောလိုက်တယ်။ သူနဲ့ကျမနဲ့ ဘယ်အချိန်ကစတွေ့တယ်ဆိုတာထက် ကျမနဲ့ ပတ်သက်ခဲ့တာက အဓိကပဲလေ။ ဘယ်အချိန်မှာ စတွေ့တွေ့ ဒီကလေး သူ့ကလေးဆိုတာကို အဓိကပြောရမှာ။ အဲ့ဒါကို သူတို့က အဲ့ဒီနေရာကို ရောက်မှာစိုးလို့ သက်သက်မဲ့ လုပ်ကြံနေတာ။ အခုထိတော့ ရုံးမပြောင်းရသေးဘူး”

“သူတို့က ပြောင်းဖို့ ကိစ္စကိုမျိုးစုံကြိုးစားနေတယ်။ မြို့နယ်မှာလည်း ကျမ နိုင်ခဲ့တယ်။ ခရိုင်မှာလည်း နိုင်တယ်။ အဲ့ဒါကို မကျေနပ်သေးလို့ နေပြည်တော်အထိ သူတို့က တက်ထားတယ်။ နေပြည်တော်က အမှုလက်ခံခဲ့ရင်တော့ ကျမ နေပြည်တော်အထိသွားရ မယ်။ နေပြည်တော်က လက်မခံပါစေနဲ့ ဆုတောင်းနေရတယ်” လို့ နှင်းအိရွှေရည်က ပြောပါတယ်။

နှင်းအိရွှေရည်အနေနဲ့ သရုပ်ဆောင် မင်းထက်ကို စက်တင်ဘာလ ၂၇ရက်နေ့က ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တရားရုံးမှာ ကာမလိမ်လည်ရယူမှု ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဧပြီ ၂၂ရက်နေ့မှာတော့ ရုံးချိန်းခေါ်ယူမှု နောက်ဆုံးပြုလုပ်ထားတာ ဖြစ်ပါတယ်။

နှင်းအိရွှေရည်နဲ့ မင်းထက်တို့ဟာ လွန်ခဲ့တဲ့ ၅ နှစ်ကျော်အတွင်းမှာ ချစ်ကြိုက်ခဲ့ကြပြီး သမီးလေးတဦး မွေးဖွားခဲ့တာဖြစ်ကာ တရားဝင် လက်ထပ်ထားခြင်း မရှိဘူးလို့ သိရပါတယ်။ ယခုလက်ရှိမှာတော့ သရုပ်ဆောင်မင်းထက်နဲ့ စိုးနန္ဒာကျော်တို့က တရားဝင် လက်ထပ်ထားတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ

မင်းထက်ရဲ့ ရုံးပြောင်းလျှောက်ထားမှုကို နှင်းအိရွှေရည်က လျှောက်လဲချက်ပြန်တင်ခဲ့

နှင်းအိရွှေရည်ကို စိုးနန္ဒာကျော်က ပုသိမ်ရဲစခန်းမှာ ၆၆ ဃနဲ့ ပြန်လည်အမှုဖွင့်

“နောက်ထပ် အိမ်ထောင်ရေးဆိုတာ ကျမအတွက် ဘယ်တော့မှ မရှိလာမယ့် ခေါင်းစဉ်တခုပါ”

The post “တင်တဲ့ သက်သေတွေ ပယ်ချလို့ အမှု ဆက်မစစ်နိုင်သေးဘူး”လို့ နှင်းအိရွှေရည် ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ