Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Avengers: Endgame” အထူးပွဲကို တက်လာရောက်လာခဲ့တဲ့ Scarlett Johansson နဲ့ Brie Larson

$
0
0

Marvel Cinematic Universe (MCU) အတွက် အချိန် ၁၂ နှစ်အတွင်းမှာ ရုပ်ရှင် ၂၁ ကားမြောက်ကို ရောက်ရှိလာခဲ့ပြီးအခုတော့ Infinity အဆုံးသတ်ဖြစ်လာတော့မှာပါ။ ဒေသစံတော်ချိန် ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းမှာတော့ “Avengers: Endgame” ရုပ်ရှင်သရုပ်ဆောင်တွေဟာ ရုပ်ရှင်အထူးပွဲအတွက် လော့စ်အင်ဂျလိစ် ကွန်ဗင်းရှင်းစင်တာကို ရောက်လာခဲ့ကြပါတယ်။

မကြာမီရုံတင်တော့မယ့် ရုပ်ရှင်ဟာ ဝင်ငွေအနည်းဆုံး ဒေါ်လာ သန်း ၈၅၀ ကနေ ဒေါ်လာသန်း ၉၀၀ ကြားအထိ ရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီ ရုပ်ရှင်ထဲက မင်းသမီး Scarlett Johansson ကတော့ ငွေရောင်တောက်ပတဲ့ ကိုယ်ကျပ်ဝတ်စုံနဲ့ လှပနေပြီး မင်းသမီး Brie Larson ကတော့ တောက်ပတဲ့ ပွဲတက်ဂါဝန်ကို ဝတ်ဆင်လာခဲ့ပါတယ်။ Captain Marvel အဖြစ်သရုပ်ဆောင်ထားတဲ့ အသက် ၂၉ နှစ်အရွယ် မင်းသမီး Larson ကတော့ ခရမ်းရောင် ကော်ဇောနဲ့ လိုက်ဖက် ညီစွာပဲ ခရမ်းရောင်ဂါဝန်လေးနဲ့ လှပနေပါတယ်။

ကြိုးနှစ်ချောင်း ရင်ဟိုက်ဝတ်စုံကြောင့် သူ့ရဲ့ ရှင်းလင်းလှပတဲ့ လည်ပင်းကိုတွေ့မြင်ရသလို ဂါဝန်စကပ်ရဲ့ တဖက်မှာလည်း ခွဲကြောင်းပါရှိတာကြောင့် လှပတဲ့ ခြေတံတွေကိုလည်းတွေ့မြင်ရမှာပါ။ Black Widow အဖြစ်သရုပ်ဆောင်ထားတဲ့ အသက် ၃၄ နှစ်အရွယ် မင်းသမီး Johansson ကတော့ ကြိုးမဲ့ ငွေရောင်ဝတ်စုံနဲ့ မြင်တွေ့ရပါတယ်။

နောက်ကျောပြောင်ဝတ်စုံကြောင့် မင်းသမီးရဲ့ ကြီးမားတဲ့ တက်တူးကို မြင်တွေ့ရပြီး ရွှေရောင်ဒေါက်မြင့်ဖိနပ်ကြောင့် ပိုပြီးလှနေခဲ့တာဖြစ်ပါတယ်။ သူဟာ ခရမ်းရောင်ကော်ဇောပေါ် ကိုတော့ ချစ်သူ Colin Jost နဲ့အတူ တက်ရောက်လာခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နှောင်းပိုင်းကတည်းက တွဲနေခဲ့ကြတဲ့ သူတို့နှစ်ဦးဟာ ဓာတ်ပုံတွေထဲမှာ တဦးကိုတဦးဖက်ထားခဲ့ကြတာကို တွေ့ရပါတယ်။

အဲဒီအထူးပွဲကိုတော့ မူရင်း Avengers သရုပ်ဆောင်တွေဖြစ်တဲ့ Robert Downey Jr., Chris Evans, Chris Hemsworth, Mark Ruffalo, Scarlett Johansson နဲ့ Jeremy Renner တို့လည်း တက်ရောက်လာတာကို တွေ့ရပါတယ်။

ဒါ့အပြင် ရုပ်ရှင်ထဲက Thanos ရဲ့လက်ဖျောက်တချက်နဲ့ ပြာမှုန့် ဖြစ်ခဲ့ကြတဲ့ တခြား သရုပ်ဆောင် တွေဖြစ်တဲ့ Chris Pratt, Benedict Cumberbatch နဲ့ Letitia Wright တို့လည်း တက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။ Agents of Shield သရုပ်ဆောင်တွေဖြစ်တဲ့ Ming-Na Wen, Chloe Bennet, Elizabeth Henstridge နဲ့ Jeff Ward တို့ကိုလည်း မြင်တွေ့ရပါတယ်။

မြောက်အမေရိကရုံဝင်ငွေစာရင်းရဲ့ လာမယ့်သီတင်းပတ်ကုန်ပိုင်းမှာတော့ “Endgame” ရုပ်ရှင်ဟာ ဝင်ငွေဒေါ်လာ သန်း ၂၈၀ ရရှိမယ်လို့ ခန့်မှန်းထားပြီး ပွဲဦးထွက်ဝင်ငွေ ဒေါ်လာ ၂၅၇ သန်းရရှိထားတဲ့ Infinity War” ရဲ့စံချိန်ကိုချိုးဖျက်နိုင်မယ်လို့ဆိုပါတယ်။

Ref: dailymail

The post “Avengers: Endgame” အထူးပွဲကို တက်လာရောက်လာခဲ့တဲ့ Scarlett Johansson နဲ့ Brie Larson appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ