Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

စီးရီးအသစ်ထဲမှာ တက်သစ်စ နိုင်ငံရေးသမားအဖြစ် မြင်တွေ့ရမယ့် မင်းသား ဆောင်ဆန်ဟွန်း

$
0
0

ကိုရီးယားမင်းသား ဂျွန်စောလို့ လူသိများတဲ့ ဆောင်ဆန်ဟွန်းဟာ မကြာမီ ထုတ်လွှင့်မယ့် tvN ရုပ်သံလိုင်းရဲ့ “The Great Show” ဆိုတဲ့ စီးရီးအသစ်တခုမှာ ပါဝင်လာတော့မှာပဲ ဖြစ်ပါတယ်။ အဲဒီ စီးရီးကတော့ တောင်ကိုရီးယားအမျိုးသား လွှတ်တော် အမတ်ဟောင်း ဝီဒယ်ဟန်ဆိုတဲ့ ပုဂ္ဂိုလ်တဦးအကြောင်းကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ သူဟာ ပြဿနာရှာတတ်တဲ့ မောင်နှမ ၄ ဦးနဲ့ အတူနေထိုင်ရင်း လွှတ်တော်အမတ်ပြန်ဖြစ်နိုင်ဖို့ ကြိုးပမ်းရမယ့်အကြောင်း မြင်တွေ့ရမှာပါ။

မင်းသား ဆောင်ဆန်ဟွန်းကတော့ ဝီဒယ်ဟန်ဆိုတဲ့ ဇာတ်ရုပ်ကနေ ပါဝင်မှာ ဖြစ်ပါတယ်။ သူဟာ ရုပ်ရည်ပြေပြစ် ချောမောတဲ့ တက်သစ်စ နိုင်ငံရေးသမားတယောက် ဖြစ်ပါတယ်။ အမှားအယွင်း မရှိ မိန့်ခွန်းပြောနိုင်သူ၊ ထက်မြက်သူ တယောက်ဖြစ်ပြီး လူမှုအသိုက်အဝန်းတွေကြားထဲမှာ တရားမျှတမှု ရှင်သန်စေဖို့ စိတ်ကူးထားသူ တယောက်လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ကံမကောင်းဖွယ် မိသားစု အဖြစ်အပျက်တခုကြောင့် သူ့ရဲ့ နိုင်ငံရေး လုပ်ငန်းက အဆင်မပြေဖြစ်ခဲ့ရပြီး အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ တနေ့မှတော့ သူ့ရဲ့ သမီးလို့ဆိုလာတဲ့ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတယောက် သူ့ဆီကို ရောက်လာတာကနေ အဲဒီမိန်းကလေးက သူနဲ့ သူ့ရဲ့ မောင်နှမ ၃ ယောက်နဲ့အတူ နေထိုင်ကြရတဲ့အကြောင်း ဖြစ်ပါတယ်။

ဒီစီးရီးမှာ အဓိကမင်းသမီးအဖြစ် လီဆွန်ဘင်းက ပါဝင်မှာပါ။ သူကတော့ လွှတ်တော်အမတ်ဟောင်း ဝီရဲ့ တက္ကသိုလ်ကျောင်းတုန်းက ဂျူနီယာဖြစ်ပြီး လက်ရှိဖြစ်ရပ်တွေကို ရေးသားဖော်ပြရမယ့် ရုပ်သံအစီအစဉ် ဇာတ်ညွှန်းရေးသူ ဂျောင်းဆူယောင်းအဖြစ် ပါဝင်မှာပါ။ “The Great Show” စီးရီး ဇာတ်ညွှန်းဖတ်ပွဲကိုတော့ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနှစ်ရဲ့ ဒုတိယ နှစ်ဝက်ကာလမှာ ပြသမယ်လို့ ဆိုပါတယ်။

အသက် ၄၂ နှစ်ရှိနေပြီဖြစ်တဲ့ မင်းသားဆောင်ဟာ လူပျိုကြီးတဦးလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၀၀ ပြည့်နှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ “Autumn in my heart” (ဆောင်းဦးရွက်ကြွေချစ်သက်သေ) ဇာတ်လမ်းတွဲကနေ တဆင့် အာရှနိုင်ငံတွေမှာ နာမည်ကျော်ကြားလာသူဖြစ်ပြီး အဲဒီနောက်မှာတော့ “East of Eden” ၊ “Dr.Jin” ၊ “Saimdang Light’s Diray” နဲ့ အခုနောက်ဆုံး “The Player” ဇာတ်လမ်းတွဲတို့မှာ ပါဝင်သရုပ်ဆောင်ထားသူဖြစ်ပါတယ်။

Ref:soompi

The post စီးရီးအသစ်ထဲမှာ တက်သစ်စ နိုင်ငံရေးသမားအဖြစ် မြင်တွေ့ရမယ့် မင်းသား ဆောင်ဆန်ဟွန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ