Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သင်္ကြန်မှာ စတုဒီသာကျွေးပြီး အလှူလုပ်ခဲ့တဲ့ မအေးသောင်း

$
0
0

သရုပ်ဆောင် အေးဝတ်ရည်သောင်း(ခ) မအေးသောင်းက သင်္ကြန်မတိုင်ခင် မြန်မာနှစ်ဦးအလှူ စတုဒီသာ အကျွေးအမွေးကို နေအိမ်မှာပဲ ကျင်းပပြုလုပ်ခဲ့ ပြီး ဒီနှစ်အလှူမှာတော့ အစ်မကြီးဖြစ်တဲ့ နှင်းဝတ်ရည်သောင်းကိုလည်း သတိရပြီး ရန်ကုန်မှာ ရှိစေချင်တယ်လို့ ဆိုပါတယ်။

“အလှူ လှူတယ်ဆိုတာ ပီတိက ဖြစ်တာချည်းပါပဲ။ တကျပ်ပဲလှူလှူ၊ တရာပဲလှူလှူ ပီတိဖြစ်တာချင်းကတော့ အတူတူပဲလေနော်။ သင်္ကြန်ပြီးမှ မိသားစုခရီးထွက်မယ်။ မကြီးကိုလည်း လွမ်းတာပေါ့၊ မောင်နှမရှိ တဲ့သူတိုင်း စဉ်းစားကြည့်လေ မနှစ်က သူရှိတယ်။ ဒီနှစ်သူမရှိဘူးဆိုတော့ လွမ်းတယ်၊ သတိရတယ်၊ ရှိစေချင်တယ်”

“ငယ်ငယ်တုန်းကတော့ ညီမတွေ ဆော့တယ်။ ရေပူဖောင်းခေတ်တုန်းကလည်း ရေပူဖောင်းတွေဆော့တယ်။ ညီမလေးကို ပံ့ပိူပေးဖို့တော့ မလိုဘူး။ သူကအရွယ်လည်းရောက်နေပြီ၊ စဉ်းစားဆုံးဖြတ်နိုင်စွမ်းလည်းရှိနေပြီ။ သူလိုအပ်တာရှိလို့ တိုင်ပင်ရင်တော့ အကောင်းဆုံးတော့ အကြံဉာဏ်ပေးတာပဲ။ မကြီးကလည်း ဟိုမှာ သူ့အလုပ်နဲ့သူမအားဘူး။ အဲ့တော့ အနေနည်းတဲ့ မိသားစု ၄ယာက်ပဲရှိတာပေါ့”လို့ မအေးသောင်းက ဆိုပါတယ်။

မအေးသောင်းက စတုဒီသာအဖြစ် မုန့်လက်ဆောင်းကို ဧပြီ ၁၀ရက်နေ့က နေအိမ်နားမှာ ကျွေးမွေးလှူဒါန်းခဲ့တာဖြစ်ပြီး မိသားစုလိုက် ပါဝင်ခဲ့တာဖြစ်ပါတယ်။ မအေးသောင်းရဲ့ ညီမငယ် ဆွိဝတ်ရည်သောင်းကလည်း ငယ်ငယ်တုန်းက သြင်္ကန်အမှတ်တရ တွေကို အခုလိုပြောပြပါတယ်။

“ဆွိလည်းပျော်ပါတယ်။ မိသားစု အလှူလေး နှစ်တိုင်းလည်း လုပ်နေကြဆိုတော့ ပြီးတော့ အကုန်လုံးလည်း လာပေးကြတဲ့အတွက် အရမ်းပျော်ပါတယ်။ ငယ်ငယ်တုန်းကဆိုရင် သင်္ကြန်ဆိုရင် အုန်းလက်မဏ္ဍပ်မှာ ရေခဲတုံးနဲ့ စိမ်ပြီး ပက်တယ်။ ရေပက် အကြမ်းဆုံးနဲ့ ဆေးအထိုးဆုံးက ညီမပါ”

“ မနှစ်ကတော့ မကြီးရှိတယ်။ ဒီနှစ် သူ့ကို လွမ်းနေတာပေါ့။ ဆွီအစ်မဆီကနေကြည့်ပြီး အကုန်သင်ယူတယ်။ အစ်မကလည်း ဆွိကို အကုန်သင်ပေးတယ်။ အကယ်ဒမီတုန်းကတော့ အစ်မအတွက် အရမ်းရင်ခုန်ခဲ့တယ်။ ရရင်တော့ အကောင်းဆုံးပေါ့။ မရရင်လည်း အကောင်းဆုံးကြိုးစားထားလို့ သူ့အတွက် မှတ်တိုင်လေး တခုဖြစ်တဲ့ အတွက် ကျေနပ်ပါတယ်။ သင်္ကြန်ပြီးရင် ညီမသီချင်းလေး တပုဒ်တင်ဖို့ရှိပါတယ်”လို့ ဆွိဝတ်ရည်သောင်း ကဆိုပါတယ်။

နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်း တို့ ညီအစ်မ သုံးယောက်ကိုတော့ မသိတဲ့ပရိသတ်မရှိသလောက်ပါပဲ။ သူမတို့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်ကလည်း အများကြီးပါ။ လက်ရှိမှာတော့ နှင်းဝတ်ရည်သောင်းဟာ အင်္ဂလန်မှာ နေထိုင်တာဖြစ်ပါတယ်။

အေးဝတ်ရည်သောင်း(ခ) မအေးသောင်းကတော့ သရုပ်ဆောင်အလုပ်ကို ဆက်တိုက်ဆောင်ရွက်နေရသူပါ။ ဆွိဝတ်ရည်သောင်းကတော့ အစ်မတွေနဲ့ မတူတဲ့ ဂီတလမ်းကြောင်းပေါ်မှာ ကြိုးစားနေဆဲ အဆိုတော်တယောက်ဖြစ်ပါတယ်။

The post သင်္ကြန်မှာ စတုဒီသာကျွေးပြီး အလှူလုပ်ခဲ့တဲ့ မအေးသောင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)