Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အသက်သုံးဆယ်ကျော်တဲ့အထိ ကျောင်းဝတ်စုံနဲ့ ကြည့်ကောင်းနေဆဲ ကိုရီးယားသရုပ်ဆောင်များ

$
0
0

အထက်တန်းကျောင်းဝတ်စုံဆိုတာ ဆယ်ကျော်သက်လူငယ်လေးတွေနဲ့ပဲ လိုက်ဖက်မှုရှိတယ်ဆိုတဲ့အမြင်တွေ ကို ပြောင်းလဲလိုက်တဲ့ သရုပ်ဆောင်တွေရှိပါတယ်။

အသက်ကြီးတဲ့အထိ ငယ်ရွယ်နုပျိုနေဆဲ Baby Face မျက် နှာပိုင်ရှင်တွေလို့ သတ်မှတ်ခံထားရတဲ့ အသက် ၃၀ ရွယ် ကိုရီးယားနာမည်ကျော်သရုပ်ဆောင်တွေဟာ သူတို့ အသက်ထက်ဝက်လောက်အရွယ်ဝတ်ရတဲ့ အထက်တန်း ကျောင်းဝတ်စုံဝတ်ရတဲ့ ဇာတ်ဝင်ခန်းတွေမှာ ကြည့် ကောင်းနေဆဲလို့ ပရိသတ်တွေရဲ့ မှတ်ချက်ပြုချီးကျူးခံထားရပါတယ်။

Ryu Jun Yeol

ပရိသတ်တွေ နှစ်သက်သဘောကျခဲ့လို့ ကြည့်ရှုနှုန်းမြင့်ခဲ့တဲ့ “Reply 1988” မင်းသားရူဂျွန်ယောဟာ အထက် တန်းကျောင်းသား ဂျွန်ဟွမ်အဖြစ်သရုပ်ဆောင်ခဲ့စဉ်မှာ သူ့အသက် ၃၀ နီးပါးရှိနေပေမယ့် တကယ့်ကျောင်းသား တယောက်လို ကြည့်ကောင်းနေဆဲပဲလို့ ပရိသတ်တွေက မှတ်ချက်ပြုချီးကျူးကြပါတယ်။ ဇာတ်ကောင်စရိုက် နဲ့လိုက်ဖက်မှုရှိပြီး အသက်ကြီးတယ်လို့ မထင်ရလောက်အောင် ခံစားမိလို့ ကျောင်းဝတ်စုံနဲ့တောင် ကြည့် ကောင်းနေဆဲ သရုပ်ဆောင်အဖြစ် သတ်မှတ်ခံရတာပါ။

Jung Hae In

မမနဲ့မောင်လေး ဇာတ်လမ်းတွဲမှာ ပရိသတ်တွေရဲ့အချစ်တွေ အများကြီးရခဲ့တဲ့ မင်းသားဂျွန်ဟာအင်ဟာ လတ်တလော ကျင်းပခဲ့တဲ့ Fan Meeting မှာ ကျောင်းသားဝတ်စုံလေးဝတ်ပြီး ပရိသတ်တွေကို အံ့သြမှင် တက်မိသွားစေလောက်အောင် ကြည့်ကောင်းနေပြန်ပါတယ်။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ မင်းသားဟာ ပရိသတ် တွေ့ဆုံပွဲမှာ အသက်သုံးဆယ်ကျော်လို့ မထင်ရအောင် အထက်တန်းကျောင်းဝတ်စုံနဲ့ ကြည့်ကောင်းနေတာမို့ ဒီစာရင်းထဲ ဝင်လာခဲ့ပါတယ်။

Yoo In Na

မင်းသားတွေတင်မဟုတ်ဘဲ အသက်သုံးဆယ်ကျော်တဲ့ထိ ကလေးမျက်နှာလေးနဲ့ နုပျိုလှပနေဆဲ နောက်ထပ် တဦးကတော့ မင်းသမီးချော ယူအင်နာပါ။ မကြာသေးခင်ကပဲ မင်းသားလီဒေါင်ဝုခ်နဲ့အတူ ရိုက်ကူးခဲ့တဲ့ “Touch Your Heart” ဇာတ်လမ်းတွဲမှာ အောင်မြင်မှုရရှိခဲ့သလို ဒီဇာတ်ကားထဲမှာ အထက်တန်းကျောင်းသူဘ ဝကနေ အသက် ၃၆ နှစ်အရွယ်ထိ ချစ်စရာကောင်းတဲ့အပြုအမူလေးတွေနဲ့ ကြည့်ရှုသူပရိသတ်ကို ဖမ်းစားနိုင် ခဲ့ပါသေးတယ်။

Han Ji Min

နောက်ထပ် နုပျိုနေဆဲ မင်းသမီးတဦးကတော့ မနှစ်က “Familiar Wife” ဇာတ်လမ်းတွဲထဲက ဟန်ဂျီမင်ပါ။ အသက် ၃၅ နှစ်အရွယ်ရှိနေတာတောင် အထက်တန်းကျောင်းသူပုံစံလေးနဲ့ အဖြူထည်အပြုံးလေးတွေက အခု ချိန်ထိ တကယ့်ဆယ်ကျော်သက်တယောက်လို မပြောင်းလဲသေးတဲ့အမူအရာလေးတွေလို့ ပရိသတ်တွေက မှတ်ချက်ပြုကြပါတယ်။

Park Min Young

အသစ်စက်စက်ထွက်ရှိထားတဲ့ “Her Private Life” ဇာတ်လမ်းတွဲရဲ့ မင်းသမီး ပတ်မင်ယောင်းကတော့ ဘယ် လိုဇာတ်ကောင်စရိုက်မျိုးဖြစ်ပါစေ အံ့ဝင်ခွင်ကျရှိပြီး လိုက်ဖက်လွန်းသူပါ။ မနှစ်က ပရိသတ်တွေအကြိုက်တွေ့ခဲ့ တဲ့ ဇာတ်လမ်းတွဲမှာ Secretary Kim အဖြစ်လည်း ပီပြင်လွန်းခဲ့သလို အခုအသစ်ထွက်ရှိလာတဲ့ ဇာတ်လမ်းတွဲ မှာလည်း အထက်တန်းကျောင်းသူပုံစံလေးနဲ့ အစပျိုးသရုပ်ဆောင်စဉ်မှာလည်း ချစ်စရာကောင်းပြီး ကြည့် ကောင်းနေပြန်ပါတယ်။

Ref: Soompi

The post အသက်သုံးဆယ်ကျော်တဲ့အထိ ကျောင်းဝတ်စုံနဲ့ ကြည့်ကောင်းနေဆဲ ကိုရီးယားသရုပ်ဆောင်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ