Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အမှုကိစ္စကြောင့် ဆွေမျိုးတချို့နဲ့ ပြတ်တောက်သွားတယ်လို့ အလှမယ်သင်းသင်းပြော

$
0
0

သရုပ်ဆောင်ဝေဠုကျော်ကို ကာမလိမ်လည်မှုဖြင့်တရားစွဲဆိုထားလိုက်တဲ့ အမှုကိစ္စကြောင့် ဆွေမျိုးတချို့က ဆွေခန်းမျိုးခန်းဖြတ်ခဲ့တာတွေရှိတယ်လို့ အလှမယ်သင်းသင်းက ပြောပါတယ်။

“ကိုယ့်ထက်သာတဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေက အခုဖြတ်လိုက်ကြတယ်။ အဲဒီအတွက်မခံစားပါဘူး။ ကိုယ်တွေ ဘဝဖြတ်သန်းလာတဲ့တလျှောက်လုံးမှာ ဆွေမျိုးဆိုတာ ရွှေရှိမှမျိုးတော်တာလေ။ အဲဒီအတွက်မခံစားဘူး။ အဓိကက ကိုယ့်မိသားစုပဲ။ ကိုယ့်ဘေးနားမှာ ကိုယ်အားထားခဲ့တာ ကိုယ့်မိဘကိုယ့်မွေးချင်းမောင်နှမ အဲဒါတွေရှိနေတာ ကိုယ့်အတွက် အင်အားတခုပဲ။ အဲဒါပဲခေါင်းထဲမှာရှိတယ်”

“ ဆွေမျိုးတွေက ဆွေမျိုးဖြတ်လို့လည်း ဝမ်းမနည်းပါဘူး။ ကိုယ့်ရှိမှ ကိုယ်စားရတာလေ။ ကိုယ်တိုင်ပဲရုန်းကန်ရတာ ဖြစ်တဲ့အတွက် ဆွေမျိုးတွေကို အားကိုးခဲ့ရင် အခုချိန်မှာ ဒါမျိုးတွေဖြစ်မှာမဟုတ်ဘူး။ အဓိကက ကိုယ့်ခေါင်းထဲမှာ အမေပေါ့” လို့ သင်းသင်းကပြောပါတယ်။

ဆွေမျိုးတွေက ဖြတ်လိုက်ကြပေမယ့် အဲဒီအပေါ်မှာခံစားမနေဘဲ မိသားစုကသာ အားကိုးရာတခုအဖြစ် သတ်မှတ်ထားပြီး စီးပွားရေးမပြေလည်တာမျိုးများရှိပေမယ့် အရင်ကတည်းက ပြည့်စုံတဲ့သူများမဟုတ်ခဲ့တဲ့အတွက် ပြဿနာမရှိဘူးလို့ ပြောပါတယ်။

“စီးပွားရေးအခြေအနေကတော့ ဒီလိုပါပဲ။ ကိုယ်တွေက အရင်ကတည်းကပြည့်စုံတဲ့သူတွေမဟုတ်ဘူးလေ။ အဲဒီအတွက် နည်းနည်းပါးပါးတော့ရှိတာပေါ့။ဝေဖန်တိုက်ခိုက်တာ လူ့လောကမှာ ကိုယ်တဦးတည်းမဟုတ်ဘူးလေ။ တိုက်ခိုက်ကြမှာပဲ။ အဲဒီအတွက် ဘာမှမပြောချင်ပါဘူး။ တနေ့တော့နားလည်သွားမှာပါ” လို့ သင်းသင်းကပြောပါတယ်။

တဖက်က တရားစွဲဆိုထားသူမှာ နာမည်ကြီး သရုပ်ဆောင်မင်းသားတဦးဖြစ်တဲ့အတွက် စတင်တရားစွဲဆိုစဉ်မှ ယခုအချိန်ထိ ဝေဖန်တိုက်ခိုက်မှုများစွာနဲ့ ကြုံတွေခဲ့ရတဲ့အပေါ်မှာလည်း အခုလိုပြောခဲ့ပါတယ်။

“အခုခေတ်မှာက အမျိုးသမီးတွေအပေါ်အခွင့်အရေးပေးထားတာကို ယုံကြည်တယ်။ အဲဒီယုံကြည်မှု အတွက်သွားပါမယ်။ အမှန်တော့ ဆိုးဆိုးရွားရွားအပြောခံရတာတွေကိုလည်း ကိုယ်မသိဘူး။ မကြားရမမြင်ရဘူး။ အဲဒီအတွက်တော့ ပြောချင်တဲ့သူကတော့ ပြောနေကြမှာပဲ” လို့သင်းသင်းကပြောပါတယ်။

သူမကိုအားပေးတဲ့သူများလည်းရှိနေတဲ့အတွက် သူတို့အတွက် အမှန်တရားကို ဆက်လက်ရင်ဆိုင်သွားမယ် လို့လည်းပြောပါတယ်။

“အားပေးနေတဲ့ ပရိသတ်တွေကိုလည်း သစ္စာသည်အမှန်တရားပါ။ အဲဒီအမှန်တရားတခုကို လက်ကိုင်ထားပါတယ်။ ယုံကြည်နေတဲ့အားပေးနေတဲ့ ပရိသတ်တွေကိုလည်း ကျမအမှန်တရားတခုကို ရအောင်သွားပါမယ်လို့ ပြောချင်ပါတယ်။ သွေးအေးပြီး ပျောက်ကွယ်သွားရအောင်လည်း ကလေးကစားစရာမဟုတ်တာကြောင့် မစိုးရိမ်ပါနဲ့” လို့သင်းသင်းကပြောပါတယ်။

ဇန်နဝါရီ ၈ရက်နေ့က စတင်တရားစွဲဆိုခဲ့သော အဆိုပါအမှုမှာတော့ ဖေဖော်ဝါရီ ၁၉ရက်နေ့တွင် သင်းသင်းဘက်မှ ဝေဠုကျော်နဲ့စတင်တွေ့ဆုံမှု ၊ တရားစွဲဆိုမှုအထိဖြစ်ခဲ့ရတဲ့အခြေအနေများကို တရားသူကြီးရှေ့မှောက်တွင် ထွက်ဆိုခဲ့ပြီး အမှုဆက်လက်စစ်ဆေးရန်ကျန်ရှိနေပါသေးတယ်။

The post အမှုကိစ္စကြောင့် ဆွေမျိုးတချို့နဲ့ ပြတ်တောက်သွားတယ်လို့ အလှမယ်သင်းသင်းပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ