Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ထွက်ရှိပြီး အချိန်တိုအတွင်း ကြည့်ရှုသူအများဆုံးဖြစ်ခဲ့တဲ့ BlackPink အဖွဲ့ရဲ့ “Kill This Love”

$
0
0

လတ်တလောထွက်ရှိထားတဲ့ ကိုရီးယားနာမည်ကျော် BlackPink အဖွဲ့ရဲ့ “Kill This Love” သီချင်းဟာ ဖြန့်ချိ ပြီး အချိန်တိုတွင်းမှာပဲ ကြည့်ရှုသူ သန်း ၂၀ ကျော်သွားတာကြောင့် ကြည့်ရှုသူအမြန်ဆုံး Music Video အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။

ဧပြီလ ၅ ရက် ကိုရီးယားစံတော်ချိန် မနက် ၉ နာရီ ၃၈ မိနစ်မှာပဲ Youtube ပေါ်မှာတင်ထားတဲ့ “Kill This Love” MV ဟာ ကြည့်ရှုသူ သန်း ၂၀,၁၀၀,၈၃၃ နဲ့ ထွက်ရှိချိန်တိုအတွင်း ကြည့်ရှုသူ အမြန်ဆုံးစာရင်းဝင် K-Pop မိန်းကလေးအဖွဲ့ ဖြစ်သွားခဲ့တာပါ။

ဒါဟာ BlackPink အဖွဲ့ရဲ့ “Kill This Love” သီချင်းထွက်ရှိပြီး ၉ နာရီကျော်အကြာမှာတင် စံချိန်သစ်တင်လိုက် နိုင်တာဖြစ်ပါတယ်။ အရင်တင်ထားတဲ့ စံချိန်ဟောင်းကတော့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ ထွက်ရှိခဲ့တဲ့ TWICE အဖွဲ့ရဲ့ “YES or YES” သီချင်းဖြစ်ပြီး ၁၀ နာရီ ၂၇ မိနစ်မှာ ကြည့်ရှုသူ သန်း ၂၀ ကျော်ခဲ့တာပါ။

BlackPink အဖွဲ့ဟာ သီချင်းအသစ်နဲ့ ၄ နာရီ ၁၃ မိနစ်အတွင်းမှာလည်း ကြည့်ရှုသူ ၁၀ သန်းကျော်ခဲ့တာဟာ K-Pop လောကရဲ့ အမျိုးသား၊ အမျိုးသမီးအဖွဲ့တွေအားလုံးမှာ အမြန်ဆုံးစံချိန်တင် K-Pop Group Video လည်း ဖြစ်လာခဲ့ပါတယ်။

BlackPink အဖွဲ့ရဲ့ “Kill This Love”

“Kill This Love” mini album ဟာ ၂၀၁၈ ခုနှစ် ဇွန်လနောက်ပိုင်း ပရိသတ်ဆီ ပြန်လည်ရောက်ရှိလာဖြစ်ပြီး မထွက်ခင် အကြိုပုံတွေနဲ့တင် ပရိသတ်စိတ်ဝင်စားမှုမြင့်ခဲ့သလို YG Entertainment က လည်း အဖွဲ့ဝင် ၄ ယောက်အတွက် အမိုက်စား ကကွက်တွေနဲ့ သေချာပြင်ဆင်ပေးခဲ့တာပါ။

ထွက်ထွက်ချင်းမှာပဲ ပရိသတ်တွေရဲ့ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ ပေါ်ထွက်ခဲ့ပြီး Music Video ထဲမှာ ပြင်ဆင်ထားတဲ့ BlackPink အဖွဲ့တယောက်ချင်းစီရဲ့ အပြင်အဆင်တွေကလည်း မှင်သက်မိသွားလောက်အောင် အမိုက်စားတွေနဲ့ ဖမ်းစားနိုင်ခဲ့ပါတယ်။

လတ်တလော ထွက်ပေါ်နေတဲ့ အရှုပ်အထွေးပြဿနာတွေကြောင့် စတော့ရှယ်ယာတွေကျဆင်းခဲ့ပြီး ကိုရီးယား ရဲ့ ကြီးလေးကြီး အေဂျင်စီစာရင်းမှာတောင် မပါဝင်တော့တဲ့ YG Entertainment အတွက်တော့ BlackPink ရဲ့ “Kill This Love” သီချင်းသစ်စံချိန်သစ်တွေက ကုစားသွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။

Ref: Soompi

The post ထွက်ရှိပြီး အချိန်တိုအတွင်း ကြည့်ရှုသူအများဆုံးဖြစ်ခဲ့တဲ့ BlackPink အဖွဲ့ရဲ့ “Kill This Love” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ