Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“မြန်မာ့ရိုးရာ သင်္ကြန်မှာ မြန်မာ ဝတ်စုံတွေ ဝတ်နိုင်ရင် အကောင်းဆုံးပေါ့”

$
0
0

ချစ်စရာကောင်းတဲ့ အပြုံးလှလှလေးတွေနဲ့ ပရိသတ်တွေရဲ့စိတ်ကို စိုးမိုးထားနိုင်တဲ့ စိုးပြည့်သဇင်ကတော့ Channel K ရုပ်သံလိုင်းရဲ့ Brand Ambassador တယောက်ဖြစ်ပြီး သြင်္ကန် ၄ ရက်လုံး Channel K သြင်္ကန်မဏ္ဍပ် ရှိတဲ့ မြကျွန်းသာ သြင်္ကန်မှာ ဇာတ်လမ်းတွဲရိုက်ရင်း သီချင်းတွေဆိုကာ ရှိနေမှာလို့ ဆိုပါတယ်။

“Channel K ရဲ့ Brand Ambassador တယောက်ဖြစ်တော့ မြကျွန်းသာ သြင်္ကန်မှာ သီချင်းလည်း ဆိုမယ်။ Channel K က ရိုက်မယ့် ဇာတ်လမ်းတွဲမှာလည်း စိုးပြည့်ပါမယ်ပေါ့။ ဖက်ရှင်ကတော့ အရင်နှစ်တွေက လွတ်လွတ်လပ်လပ် ဝတ်လို့ရပေမယ့် အခုက ကားရိုက်ပါနေတော့ ကာရိုက်တာနဲ့တော့ လိုက်ဖက်အောင်ဝတ်ရမှာပါ။ မြန်မာဝတ်စုံ အရမ်းကြိုက်တော့ လမ်းလျှောက်သြင်္ကန်မှာ မြန်မာ ဝတ်စုံလေးတွေ ဝတ်ဖြစ်မယ်”လို့ စိုးပြည့်သဇင်က ပြောပါတယ်။

“လမ်းလျှောက်သြင်္ကန်ပါတာတော့ စိတ်အဝင်စားဆုံးပဲ။ စိုးပြည့်တို့ကျတော့ နယ်မှာလည်းနေခဲ့တာဆိုတော့ ကိုယ့်ငယ်ဘဝကို အရမ်း သတိရစေတယ်။ အားရင် အားသလို လမ်းလျှောက်သြင်္ကန်မှာတော့ ရေပက်မှာပါ။ သြင်္ကန် အမှတ်တရတွေကတော့ ငယ်ငယ်တုန်းကလည်း ငယ်တုန်းက အလျောက် ပျော်ရသလို ကြီးလာတော့လည်း ပရိသတ်တွေနဲ့ ပျော်ရတယ်။ သြင်္ကန်ဆိုရင် ပျော်တယ်။ နှစ်သစ်မှာ ပရိသတ်တွေ စိတ်ချမ်းသာကိုယ်ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်”လို့ စိုးပြည့်သဇင်က ဆိုပါတယ်။

သြင်္ကန်မှာ ဝတ်စားဆင်ယင်မှုအပိုင်းနဲ့ ပတ်သက်ပြီးလည်း စိုးပြည့်သဇင်က အခုလို ဆိုပါတယ်။

“မြန်မာ့ရိုးရာ သြင်္ကန်မှာ မြန်မာဝတ်စုံတွေ ဝတ်နိုင်ရင်တော့ အကောင်းဆုံးပေါ့နော်။ အခြေအနေနဲ့ အချိန်အခါ ရှိသေးတာပေါ့။ စင်ပေါ်မှာ သီချင်းဆိုရတဲ့အခါ ပရိသတ်တွေ မြူးအောင် မြန်မာဝတ်စုံကြီးနဲ့ ဆိုရတာတော့ မလိုက်ဖက်ဘူး။ မအပ်စပ်ဘူးပေါ့။ ဒါပေမယ့်လည်း ဖွင့်ပွဲဆို မြန်မာ ဝတ်စုံလေးတွေနဲ့ ဖွင့်တယ်။ သြင်္ကန်မှာလည်း စိုးပြည့်က အရမ်းဖော်လော်ပြီး ဝတ်တာ မဟုတ်တဲ့ အတွက် မြန်မာဝတ်စုံ ဝတ်ခြင်း၊ မဝတ်ခြင်းက ထူးခြားသွားတာကြီး မရှိဘူး”လို့ စိုးပြည့်သဇင်က ပြောပါတယ်။

စိုးပြည့်သဇင်က ရန်ကုန်တက္ကသိုလ် အဝေးသင် မြန်မာစာ စတုတ္ထနှစ်ကို အောင်မြင်ခဲ့ပြီပြီး သူမဟာ မကြာခင်မှာ ဘွဲ့ယူရတော့မှာပါ။ ပညာရေးကို ဦးစားပေးခဲ့လို့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာခဲ့ပမယ့် အခုချိန်မှာတော့ ပြန်လည် လုပ်ဆောင်နေပါပြီ။ ဂီတဘက်ကိုလည်း အနည်းငယ်လျှော့နေခဲ့တာကြောင့် သီချင်းအသစ်လေးတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

The post “မြန်မာ့ရိုးရာ သင်္ကြန်မှာ မြန်မာ ဝတ်စုံတွေ ဝတ်နိုင်ရင် အကောင်းဆုံးပေါ့” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link