Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Avengers: Endgame”ရုပ်ရှင်ကို အိန္ဒိယသီချင်းနဲ့ ဂုဏ်ပြုလိုက်တဲ့ AR Rahman

$
0
0

မကြာမီ ရုံတင်ပြသတော့မယ့် “Avengers: Endgame” ရုပ်ရှင်ဟာ AR Rahman ဖန်တီးထားတဲ့ သီချင်းတပုဒ် နဲ့ ဂုဏ်ပြုခံလိုက်ရပါတယ်။

အော်စကာဆုရှင် ဂီတပညာရှင် AR Rahman ဟာ အိန္ဒိယပရိသတ်တွေအတွက် “Marvel Anthem” ဆိုတဲ့သီချင်းကို ရေးသား စပ်ဆိုပေးခဲ့ပါတယ်။ အခု ဟင်ဒီသီချင်းကိုတော့ စူပါဟီးရိုး ရုပ်ရှင်ကို ပရိုမိုးရှင်း လုပ်ဖို့ အိန္ဒိယကို ရောက်နေတဲ့ “Avengers: Endgame” ပူးတွဲဒါရိုက်တာ Joe Russo က ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့မှာ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီသီချင်းရဲ့ တမီးလ်နဲ့ Telugu ဗားရှင်းတွေလည်း မကြာမီ ထွက်ရှိလာမှာပါ။ “Roke Na Rukenge Ab Toh Yaara” ဆိုတဲ့ သီချင်းဟာ ကျဆုံးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် စူပါဟီးရိုးတွေအတွက် ကလဲ့စားချေဖို့ အသက်ရှင်ကျန်ရစ်တဲ့ စူပါဟီးရိုးတွေကို အားပေးထားတဲ့ သီချင်းလည်း ဖြစ်ပါတယ်။

AR Rahman ဟာ အဲဒီသီချင်းထဲမှာ သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး လမ်းမတွေဘေးမှာ လမ်းလျှောက်တာ၊ စတိတ်စင်ပေါ်မှာ ဖျော်ဖြေတာတွေအထိ ထည့်သွင်းထားပါတယ်။

“Avengers: Endgame” ရုပ်ရှင်မှာ ကြမ်းကြမ်းတမ်းတမ်း တိုက်ပွဲအတွက် စိတ်ခွန်အားတွေ စုစည်းကြဖို့ တိုက်တွန်းထားပါတယ်။ ပြီးတော့ Infinity War ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတချို့ကိုလည်း ပြန်လည်အသုံးပြုထားပါတယ်။

မွမ်ဘိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ မီဒီယာပွဲတခုမှာတော့ ဒါရိုက်တာ Joe Russo က “ကျနော် ဒီ Anthem သီချင်းကို ကြည့်ရှုတဲ့အချိန်တိုင်း ကြက်သီးထပါတယ်။ အဲဒီသီချင်းက ဟင်ဒီလိုဆိုထားတာပါ။ ဒါပေမဲ့ ရုပ်ရှင်ထဲက စိတ်ခံစားချက်တွေနဲ့ လိုက်ဖက်ပါတယ်”လို့ ဆိုပါတယ်။

“Avengers: Endgame” ရုပ်ရှင်ဟာ Marvel Cinematic Universe ရဲ့ ၂၂ ခုမြောက် ရုပ်ရှင်လည်းဖြစ်ပါတယ်။ စကြဝဠာမှာရှိတဲ့ သက်ရှိတွေရဲ့ ထက်ဝက်ကို ပြာမှုန်အဖြစ် ဗီလိန်ကြီး Thanos ရဲ့ လက်ဖျောက်တချက်နဲ့ ပြုလုပ်ခဲ့ပြီးနောက် အချိန်ကာလမှာ ဇာတ်လမ်းကို စတင်ထားပါတယ်။ အဲဒီရုပ်ရှင်ကို ဧပြီလ ၂၆ ရက်နေ့မှာ စတင်ပြသမှာ ဖြစ်ပါတယ်။

Ref : indianexpress

The post “Avengers: Endgame” ရုပ်ရှင်ကို အိန္ဒိယသီချင်းနဲ့ ဂုဏ်ပြုလိုက်တဲ့ AR Rahman appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)