Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ခွေး ကိုက်ခံရတဲ့ အမျိုးသမီး သေဆုံးမှုအတွက် Super Junior အဖွဲ့ဝင် Choi Siwon တောင်းပန်

$
0
0

Super Junior အဖွဲ့ဝင် Choi Siwon ဟာ အရင်တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တခုအတွက် နောက်တကြိမ် တောင်းပန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက သူ့ရဲ့မိသားစု အိမ်မွေးခွေးတကောင်ရဲ့ ကိုက်ခဲကို ခံခဲ့ရပြီးတဲ့နောက် စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီး တဦးသေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ အွန်လိုင်း အသုံးပြုသူတွေကြားမှာ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တာပါ။ အဆင့်မြင့် ကိုရီးယားစားသောက်ဆိုင် တခုကိုဖွင့်လှစ်ထားတဲ့ အဲဒီ့အမျိုးသမီးဟာ ပြင်သစ် ခွေးဘီလူး တကောင်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီးတဲ့နောက် သွေးအဆိပ်သင့်တဲ့ဝေဒနာနဲ့ သေဆုံးခဲ့တာပါ။

အဆိုတော် Choi နဲ သူ့ရဲ့ အဖေတို့က သူတို့နဲ့ အဆောက်အဦတခုထဲမှာ နေထိုင်တဲ့ သေဆုံးသူအမျိုးသမီးရဲ့ မိသားစုကို တောင်းပန်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် အွန်လိုင်းအသုံးပြုသူတွေဟာ ရုပ်သံအစီအစဉ်တွေကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ သေဆုံးသူအမျိုးသမီးရဲ့ ညီမကတော့ သူတို့မိသားစုက Choi ကို ခွင့်လွှတ်ထားပြီးဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အဲဒီအချိန်တုန်းက သေဆုံးသူရဲ့ ညီမက “ကျမတို့ တရားစွဲဆိုဖို့ စီစဉ်ထားတာမ ရှိပါဘူး။ နစ်နာကြေးလည်းမလိုချင်ပါဘူး။ ကျမ အစ်မရဲ့ သားက Choi Siwon နဲ့ အသက်ရွယ်တူလောက်ပါပဲ။ သူတို့က ငယ်ပါသေးတယ်။ ကျမ အစ်မသေဆုံးခဲ့ရတာ ဝမ်းနည်းဖို့ ကောင်းပါတယ်။ ဒါပေမယ့် အဲဒီလူငယ်တွေရဲ့ ဘဝကို မပျက်စီးစေချင်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

ဧပြီလ ၁ ရက်နေ့မှာတော့ အသက် ၃၂ နှစ်အရွယ် Choi ဟာ သူ့ရဲ့ ဒရာမာအသစ် My Fellow Citizens မိတ်ဆက်ပွဲမှာ ထပ်ပြီးတော့ တောင်းပန်လိုက်ပါတယ်။ ဒါဟာ နှစ်နှစ်အတွင်းမှာ ရုပ်သံလိုင်းတခုအတွက် ဒရာမာတခုမှာ ပြန်လည်ပါဝင်လာတာလည်း ဖြစ်ပါတယ်။

အဆိုတော်၊ မင်းသား Choi က “အရင်တုန်းက ဖြစ်ရပ်တွေကို ကြုံခဲ့ရပြီးတဲ့နောက် ကျနော်ပိုပြီး သတိရှိရတော့မယ်၊ သတိထားရတော့မယ်ဆိုတာ သဘောပေါက်လာခဲ့ပါတယ်။ လူတွေတော်တော်များများ စိုးရိမ်စေခဲ့ရတာကို တကယ့်ကိုပဲ တောင်းပန်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Ref: straitstimes

The post ခွေး ကိုက်ခံရတဲ့ အမျိုးသမီး သေဆုံးမှုအတွက် Super Junior အဖွဲ့ဝင် Choi Siwon တောင်းပန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)