Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကိုယ့်ကိုယ်ကိုယ် Challenge ခေါ်ပြီး ရေခဲတောင်မှာ အင်္ကျီချွတ် ရိုက်ခဲ့တဲ့ သင်ဇာဝင့်ကျော်

$
0
0

ယခုနောက်ပိုင်း ပရိသတ်များက အမြဲ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ မကြာသေးခင် ရက်ပိုင်းအတွင်းက ရေခဲတောင်မှာ ရုပ်ရှင်သွားရိုက်ခဲ့တဲ့ အတွေ့အကြုံများကို အခုလိုပဲ ပြောပြပါတယ်။

“စနေနေ့က ပူတာအိုကနေ ပြန်ဆင်းလာတာ။ အဲ့မှာ ၁ လလောက် ကြာတယ်။ ဘဝမှာ မကြုံဖူးတာတွေ ကြုံရတယ်။ မစားဖူးတာတွေ စားရတယ်။ မအိပ်ဖူးတဲ့ နေရာမှာလည်း အိပ်ရတယ်။ မလုပ်ဖူးတာတွေ လုပ်ရတယ်။ အရမ်းကို အေးခဲဒဏ်တွေ ခံနိုင်ပါ့မလားလို့ ခရီးစဉ်တဝက်မှာ စဉ်းစားမိတယ်။ ငါ ဒီအလုပ်ကို လုပ်နိုင်ပါ့မလားဆိုတဲ့ စိတ်တွေလည်း ခဏခဏ ဝင်တယ်။ သည်းခံပြီး လုပ်လိုက်တော့လည်း အစစအရာ အဆင်ပြေပါတယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

“ဟိုမှာ နေရတာ၊ စားရတာ အရမ်းကို ပင်ပန်းတယ်။ ခက်ခဲတယ်။ ဟိုရောက်တော့ ကိုယ့်ကိုယ်ကိုယ် သင်ဇာဝင့်ကျော်ပါလားဆိုတာတောင် မေ့သွားတယ်။ သူများ တန်းတူ နေရ၊ စားရတာတွေ ရေခဲတောင်မှာ ရိုက်ရတဲ့ အခန်းတွေဆို အရမ်းခက်ခဲတယ်။ နောက် ရေချိုးခန်းလည်း မရှိဘူး။ အိမ်သာကလည်း အဝေးကြီး၊ ညဘက်လည်း အိမ်သာ မတက်နိုင်ဘူး။ ပြောမပြတတ်တာတွေ အများကြီးပဲ။ တချို့ရက်တွေ ရေတောင် မသောက်ရဘူး”

“ဝက်သားဆို သင်ဇာက အဆီ မစားဘူး။ ဟိုမှာ အဆီပဲရှိလို့ အဆီတွေပဲ စားရတယ်။ ခြေတွေဆိုလည်း ထုံပြီး ကျဉ်နေတုန်းပဲ။ ဘဝမှာ မဖြစ်နိုင်ဘူးဆိုတာတွေ ဖြစ်လာခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် သံဝေဂ ရတယ်” လို့ သင်ဇာဝင့်ကျော်က ဆိုပါတယ်။

ရေခဲတောင်မှာ ရုပ်ရှင်သွားရိုက်ရင်း အွန်လိုင်းပေါ်တင်ခဲ့တဲ့ အင်္ကျီချွတ်ထားတဲ့ ဓာတ်ပုံ ရိုက်ဖြစ်တာဟာ ကိုယ့်ကိုယ်ကို Challenge ခေါ်လိုက်တာလို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

“ဓာတ်ပုံ ရိုက်ဖြစ်တာက ကိုယ့်ကိုယ်ကိုယ် Challenge ခေါ်လိုက်တာပေါ့။ အကုန်လုံးက အနွေးထည်တွေနဲ့ အရမ်းအေးနေချိန် အင်္ကျီ မပါဘဲ ရိုက်လိုက်ရင် ဘာဖြစ်မလဲ သိချင်လို့ ရိုက်လိုက်တာ။ ခန္ဓာကိုယ်က အအေးဒဏ်ကို ခံနိုင်တယ်။ လက်တွေ ခြေထောက်တွေပဲ အအေးဒဏ်ကို မခံနိုင်တာလေ။ နောက်ဘဝမှာ ရေခဲတောင်ကို ရောက်ဖို့ ခက်ခဲတယ်။ မဖြစ်နိုင်ဘူး။ ရောက်ချင်မှလည်း ရောက်တော့မှာ။ အဲ့စမ်းချောင်းမှာ ဘယ်သူမှ မရှိတုန်း ရိုက်လိုက်တာ။ ဘယ်သူများ ရှိမလဲလို့ ကြည့်ရတာလည်း အမော။ ရိုက်ပေးတာကတော့ မိတ်ကပ်ဆရာပါ”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

“အင်္ကျီမပါဘဲ ရေခဲတောင်မှာ ဓာတ်ပုံရိုက်ရင် ဘာဖြစ်မလဲ သိချင်လို့ အင်္ကျီချွတ်ပြီး ဓာတ်ပုံ ရိုက်ခဲ့တာပါ။ ဘယ်လိုပဲ ဝေဖန် ဝေဖန် ကိုယ့်ဘဝအတွက် အဓိပ္ပာယ် ရှိတာလေး လုပ်ခဲ့မိလို့ ကျေနပ်တယ်။ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှု အနေနဲ့ ပွဲတွေတက်ဖြစ်တယ်။ ကိုဟဲလေး MTV နဲ့ ကိုအားတီ MTV လေးတွေ ရိုက်ဖို့ရှိတယ်။ Canal + ရဲ့ “ခရီးသွားကောက်ကြောင်း” မြိတ်၊ ထားဝယ်ဘက်မှာ ရိုက်ဖို့ ရှိတယ်” လို့ သင်ဇာဝင့်ကျော်က ဆိုပါတယ်။

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ခန္ဓာကိုယ် အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြား ရေပန်းစားသူ တဦးပါ။ သင်ဇာဝင့်ကျော်ရဲ့ ပွဲတက် ဖက်ရှင်တိုင်းဟာ Sexy ကျပြီး ကွဲပြားတာကြောင့် ပရိသတ်အချို့ရဲ့ ဝေဖန်မှုများ ရှိနေပါတယ်။ သင်ဇာဝင့်ကျော်က အကယ်ဒမီ ပွဲတက်ဖက်ရှင် အတွက်တော့ ခရီးသွားနေတာကြောင့် ဒီဇိုင်နာနဲ့ မတွေ့ရသေးကြောင်း ပြောပါတယ်။

The post ကိုယ့်ကိုယ်ကိုယ် Challenge ခေါ်ပြီး ရေခဲတောင်မှာ အင်္ကျီချွတ် ရိုက်ခဲ့တဲ့ သင်ဇာဝင့်ကျော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ