Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဖောက်ခွဲမှုများပါဝင်သည့် ဇာတ်ဝင်ခန်းများရိုက်ကူးမှုကြောင့် “Bond 25”ရုပ်ရှင်ဆန္ဒပြခံရ

$
0
0

ဂျိမ်းစ်ဘွန်းရုပ်ရှင်ထုတ်လုပ်သူတွေဟာ နော်ဝေနိုင်ငံမှာရှိတဲ့ နှင်းဖုံးလွှမ်းနေတဲ့ သစ်တောတွေ အတွင်းမှာ ဖောက်ခွဲမှုတွေပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေ ရိုက်ကူးခဲ့တာကြောင့် ဒေသခံတွေကို ဒေါသထွက်စေခဲ့တယ်လို့ ဆိုပါတယ်။

နော်ဝေသတင်းစာ Aftenposten ရဲ့အဆိုအရ “Shatterhand”လို့ နာမည်ပေးဖွယ်ရှိတဲ့ ၂၅ ခုမြောက် ဂျိမ်းစ်ဘွန်းရုပ်ရှင် “Bond 25” ရိုက်ကူးရေးကို ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့တွေရဲ့ ဆန္ဒပြမှုတွေ ရှိနေခဲ့ ပေမယ့်လည်း ဒီလထဲ နော်ဝေမှာရှိတဲ့ Nordmarka ဒေသရဲ့ Trehorningen မှာ ရိုက်ကူးခဲ့ပါတယ်။

ဒေသဆိုင်ရာ စကိတ်စီးအဖွဲ့တွေကလည်း ရုပ်ရှင်ရိုက်ကူးရေးကြောင့် သူတို့ရဲ့ လမ်းကြောင်းတွေကို ပြန်လည်ပြင်ဆင် သတ်မှတ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။ ယူကေသတင်းစာ The Sun က အယ်ဒီတာတွေကလည်း ထုတ်လုပ်သူတွေရဲ့ ဖောက်ခွဲပစ်မယ့်အဆောက်အဦတွေ ဆောက်လုပ်မှုနဲ့ ပတ်သက်လို့ ဒေသခံတချို့က ဒေါသထွက်ခဲ့ကြပြီး တချို့လှုပ်ရှားသူတွေကလည်း ရိုက်ကွင်းကို ဖျက်စီးဖို့ ကြိုးပမ်းခဲ့ကြတယ်လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။

“Bond 25” ရုပ်ရှင်အတွင်းသတင်းတခုက “နော်ဝေရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါ၏တွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးထဲမှာ ပါဝင်ပြီး ဘတ်ဂျက်အမြင့်ဆုံးနဲ့ ရိုက်ကွင်းကြောင့် ဖြစ်လာတဲ့ပြဿနာတွေကို ဒေသခံတွေက အထူးအကဲဆတ်နေကြပါတယ်။ အဲဒီ့ဒေသမှာ တောင်တက်သူတွေနဲ့ စကိတ်စီးသူတွေဟာ နှင်းတွေ ရှင်းထုတ်ပြီး အဲဒီ့ဒေသရဲ့ သဘာဝကို ပျက်စီးစေမှာ စိုးထိတ်နေကြပါတယ်။ ဒါပေမယ့် တာဝန်ရှိသူတွေက နွေဦးရာသီမှာ ရုပ်ရှင်ရဲ့ ခြေရာလက်ရာတွေအားလုံး ပျောက်ကွယ်သွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်” လို့ ဆိုပါတယ်။

ရုပ်ရှင်ရိုက်ကူးရေးမှာ ပါဝင်ခဲ့တဲ့ အခြားနေရာတွေထဲမှာတော့ Matera မြို့၊ အီတလီနဲ့ ဂျမေကာနိုင်ငံတို့ ပါဝင်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ဂျိမ်းစ်ဘွန်းရုပ်ရှင် “Spectre” နောက်ပိုင်း ပထမဆုံးထွက်ရှိလာမယ့် အဲ့ဒီရုပ်ရှင်ဟာလည်း ထုတ်လုပ်ရေးပိုင်းမှာ ပြဿနာ တက်ခဲ့ရပါတယ်။

မူရင်းဒါရိုက်တာ Danny Boyle ဟာ ဖန်တီးမှုဆိုင်ရာ ကွဲပြားမှုတွေကြောင့် ထွက်ခွာခဲ့ရပြီး လာမယ့်နှစ် ဧပြီလအထိ ပြသမယ့် ရက်ကိုရွှေ့ဆိုင်းခဲ့ရတာပါ။ “Beasts of No Nation” ရုပ်ရှင်ဒါရိုက်တာ Cary Joji Fukunaga က ဒါရိုက်တာ အဖြစ် ဖန်တီးနေပြီး မင်းသား Daniel Craig ရဲ့ ဆန့်ကျင်ဘက်ဗီလိန်အဖြစ် မင်းသား Rami Malek က ပါဝင်မယ်လို့ဆိုထားပါတယ်။

Ref : aceshowbiz

The post ဖောက်ခွဲမှုများပါဝင်သည့် ဇာတ်ဝင်ခန်းများရိုက်ကူးမှုကြောင့် “Bond 25” ရုပ်ရှင်ဆန္ဒပြခံရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ