Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ရွှေကြိုကနေ အောင်မြင်တဲ့ အနုပညာရှင် ဖြစ်လာတာတွေ ရှိတယ်”လို့ မေသန်းနု ပြော

$
0
0

ဝါရင့်သရုပ်ဆောင် တဦးဖြစ်တဲ့ အကယ်ဒမီများရှင် မေသန်းနုကတော့ မကြာခင် ကျင်းပမယ့် အကယ်ဒမီ ဆုချီးမြှင့်ပွဲအတွက် အကယ်ဒမီပေးပွဲမှာ ရွှေကြိုများအဖြစ် ပါဝင်မယ့် မျိုးဆက်သစ် လူငယ်များကို သရုပ်ဆောင် ရန်အောင်နဲ့အတူ တွဲဖက်ကာ လေ့ကျင့်သင်ကြားပေးနေပါတယ်။

ရွှေကြိုမှာ ပါဝင်ခွင့်ရတဲ့ သူတို့တွေကို မတ်လ ၆ ရက်နေ့က စတင်ပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ အစမ်းလေ့ကျင့်ပေးနေတာပဲ ဖြစ်ပါတယ်။ ရွှေကြိုမောင်မယ်များကို လေ့ကျင့် သင်ကြားပေးနေတဲ့ မေသန်းနုက ရွှေကြိုကနေ အောင်မြင်တဲ့ အနုပညာရှင် ဖြစ်လာတာတွေရှိကြောင်း ပြောပါတယ်။

ရန်အောင်နဲ့အတူ ရွှေကြိုများကို သင်ကြားပေးနေတဲ့ မေသန်းနု (ဓာတ်ပုံ – ချစ်ပိုး /ဧရာဝတီ)

“ရွှေကြိုတွေကို မဆင့်တို့ လမ်းလျှောက်ပုံ ပြုံးပုံ၊ ရယ်ပုံ၊ ပြီးတော့ ဂုဏ်ပြုတဲ့သူတွေကို ဘယ်လို ပေးရမလဲ အဲဒါတွေ သင်ပေးပါတယ်။ ရွှေကြိုတွေကနေ အနုပညာလောကထဲ ရောက်ပြီး အောင်မြင်တဲ့ အနုပညာရှင်တွေ ဖြစ်လာကြတယ်။ နောက်ပိုင်း ကလေးတွေ ၁၀ ယောက်လောက်မှာ ၅ ယောက်လောက်က အောင်မြင်တဲ့ အနုပညာရှင်တွေ ဖြစ်တယ်။ ရွှေကြိုထဲက၂ ယောက်လောက်ဖြစ်ရင်ကို ကျေနပ်တယ်။ ကိုယ်လည်းကူညီပေးရကျိုး နပ်တာပေါ့။ အနုပညာလောကထဲကို ဝင်ဖို့ဆိုတာ မလွယ်ဘူး အချိတ်အဆက် ရှိဖို့ လိုတယ်”လို့ မေသန်းနုကပြောပါတယ်။

ရွှေကြို အမျိုးသားတွေအနေနဲ့ သရုပ်ဆောင် နေထက်လင်းရဲ့သား ထက်လင်းအောင်၊ နေမင်းရဲ့တူ အုပ်သာကျော်၊ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့သား ဘုန်းမင်းနေလ၊ သရုပ်ဆောင် မင်းသူရဲ့သား မင်းသန့်ကိုကို၊ သရုပ်ဆောင် ကိုကိုဦးရဲ့သား သီဟအောင်တို့ ပါဝင်မှာ ဖြစ်ပါတယ်။

ရွှေကြို အမျိုးသမီးတွေအနေနဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမ မေတိုးခိုင်၊ သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီး သဇင်ထူးမြင့်၊ သရုပ်ဆောင် မြင့်မြင့်ခင်ရဲ့မြေး ဝတ်မှုံသန့်နဲ့ မျိုးဆက်သစ် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ နန်းရွှေရည်နဲ့ ဆောင်းယွန်းစံတို့ ဖြစ်ပါတယ်။

သရုပ်ဆောင် မေသန်းနုကတော့ သူမရဲ့ တဦးတည်းသော သားဖြစ်သူ မင်းသန့်မောင်မောင်ဟာ အမေရိကန်နိုင်ငံမှာ အနုပညာနဲ့ ပတ်သက်တဲ့ ပညာတွေကို ၃ နှစ်ကျော်ကြာ သွားရောက် ဆည်းပူးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကာ သူ့ရဲ့ ဖခင်ဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့ အလုပ်တွေကို ဝိုင်းကူနေတယ်လို့ ပြောပါတယ်။

“သားသား ပြန်ရောက်တော့ အရမ်းပျော်တာပေါ့။ သူပိန်နေလို့ သူစားချင်တာတွေ ချက်ကျွေးနေတယ်။ အခုတော့ သူ့အဖေ အလုပ်တွေ ဝိုင်းကူနေပါတယ်။ သားသားကို သူ့အဖေက ဖိခိုင်းနေတာကြောင့် အခုသူ့အဖေ အလုပ်တွေနဲ့ ရှုပ်နေတယ်။ သားသားနဲ့ အတူတူ ဇာတ်ကားရိုက်ဖို့တွေလည်း ရှိတယ်။ ဟိုကပြန်လာတော့ လူကြီးနည်းနည်း ဆန်လာတယ်။ သူ့အဖေအလုပ်တွေ တွဲလုပ်ပေးနေတော့ သူ့အဖေ အားကိုးရတာပေါ့။ သားသားက နည်းနည်းပျော့တော့ အားပေးနေရတယ်”လို့ မေသန်းနုက ပြောပါတယ်။

ဆက်လက်ပြီး အကယ်ဒမီများရှင် မေသန်းနုကတော့ ဒီနှစ် အကယ်ဒမီမှာ သဘောကျတဲ့ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးရှိတယ်လို့လည်း ဆိုပါတယ်။

“ဒီနှစ်အကယ်ဒမီကို သဘောကျတဲ့ ကားတွေ များတယ်။ အသစ်လေးတွေ ပေါက်တယ်ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းတယ်။ ကား အရေအတွက်ကလည်း များတဲ့အခါကျတော့ သရုပ်ဆောင်အနေနဲ့ ယှဉ်ပြိုင်မှုလည်း အားကောင်းတာပေါ့။ ရတဲ့သူက ထိုက်တန်တာပေါ့။ အပြိုင်အဆိုင်တွေ ဖြစ်လာတော့ အရမ်းကောင်းတယ်။ အပြိုင်အဆိုင်ထဲမှာ အသစ်လေးတွေက ပိုပြီး အားကောင်းသလိုပဲ။ မဆင့်တို့ကတော့ ကြိုဆိုရမယ်။ အောင်မြင်တဲ့ နှစ်လို့ ပြောရမယ်။ အဟောင်းတွေကတော့ ဘာမှပြောစရာ မရှိဘူး”လို့ မေသန်းနုက ဆိုပါတယ်။

အကယ်ဒမီများရှင် မေသန်းနုဟာ ၁၉၉၂ ခုနှစ်မှာ “မူပိုင်ချစ်သူ”၊ ၁၉၉၅ ခုနှစ်မှာ “ပုဂံမှာ သာတဲ့လ”၊ ၁၉၉၆ ခုနှစ်မှာ “အလင်းဖျော့ကောင်းကင်”၊ ၂၀၀၁ ခုနှစ်မှာ “ချစ်ခြင်း၏ အခြားမဲ့၌” စတဲ့ ရုပ်ရှင်များနဲ့ “အမျိုးသမီး ဇာတ်ဆောင်ဆု” ရရှိထားပြီး ၂၀၀၂ ခုနှစ်မှာ “ငါ၊ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမ” ရုပ်ရှင်နဲ့ “အမျိုးသမီး ဇာတ်ပို့ဆု”တို့ ရရှိထားပါတယ်။

The post “ရွှေကြိုကနေ အောင်မြင်တဲ့ အနုပညာရှင် ဖြစ်လာတာတွေ ရှိတယ်”လို့ မေသန်းနု ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ