Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“နိုင်ငံတကာကို အနုပညာအရ ပြိုင်မယ်ဆို မကြောက်ပါဘူး”လို့ ပြောတဲ့ အောင်ခိုင်

$
0
0

နိုင်ငံတကာမှ ရုပ်ရှင်များနဲ့ မြန်မာ့ရုပ်ရှင်ကို နှိုင်းယှဉ်ပါက အနုပညာအရ ပြိုင်ဖို့အတွက် မကြောက်ဘဲ နည်းပညာအရ ဆိုရင်တော့ အရှုံးပေးရမှာဖြစ်တယ်လို့ အကယ်ဒမီ အောင်ခိုင်က ပြောပါတယ်။

“နည်းပညာတွေကို လေ့လာသင့်တယ်ဆိုတာကို ယုံကြည်ပါတယ်။ သို့သော်လည်း ပတ်စပို့အနီ ကိုင်ထားတဲ့ မြန်မာနိုင်ငံသား၊ ရုပ်ရှင်သမားစစ်တွေပါ။ နည်းပညာတွေမှာ မှီမှာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ ဇာတ်ညွှန်းရေးဆရာတွေ၊ ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေ၊ လူကြမ်းတွေ သိပ်အညံ့စားထဲမှ ာမပါပါဘူး။ သူတို့လိုမျိုး ပံ့ပိုးပေးနိုင်ရင် ကျနော်တို့ လူကြမ်းတွေ အညံ့စားတွေ မပါပါဘူး”လို့ အကယ်ဒမီ အောင်ခိုင်က ပြောပါတယ်။

“ဘာအကာအကွယ်မှ မရှိဘဲ လုပ်နေရတဲ့သူတွေ အကာအကွယ်သာ ပေးမယ်ဆိုရင် တယောက်မှ မကြောက်ပါဘူး။ အနုပညာအရ ပြိုင်မယ်ဆို မကြောက်ပါဘူး။ နည်းပညာအရဆို အရှုံးပေးရမယ့် အနေအထားမှာ ရှိပါတယ်” လို့ အောင်ခိုင်က ဆိုပါတယ်။

ယခုလက်ရှိ လာရောက်ရိုက်ကူးလျက်ရှိတဲ့ ဟောင်ကောင်မှ “Line Walker – 2” ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုကိုတော့ ကြိုဆိုပြီး မြန်မာရုပ်ရှင်ကားများ ရိုက်ကူးတဲ့အခါမှာလည်း သက်ဆိုင်ရာ လူကြီးများအနေနဲ့ ခွင့်ပြုပေးစေချင်တယ်လို့ ဆိုပါတယ်။

“နိုင်ငံတကာကို ပြသမယ့် ရုပ်ရှင်ကားအတွက် ကြိုဆိုပါတယ်။ တခုပဲပြောချင်တာက နိုင်ငံခြားကနေ လာရိုက်တဲ့ ဇာတ်ကားတွေကို အခွင့်အရေးပေးသလို မြန်မာရုပ်ရှင်ဇာတ်ကားများကိုလည်း ရိုက်ကူးလိုတဲ့ နေရာ၊ ရိုက်ကူးချင်တဲ့ အကြောင်းအရာတွေကို တထစ်တထစ် လျှော့ပြီးတော့ အခွင့်အရေး ပေးစေချင်ပါတယ်”

“ဥပမာ လေယာဉ်ကွင်းမှာ ရိုက်ကူးခြင်း၊ ရဲစခန်းမှာ ရိုက်ကူးခြင်း၊ ထောင်မှာ အဝင်အထွက်တွေ ရိုက်ကူးခြင်းများကို ပီပီပြင်ပြင်ရိုက်နိုင်ဖို့အတွက်က ဝန်ကြီးဌာနနဲ့ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုတွေ အများကြီး လိုအပ်ပါတယ်။ အများပြည်သူ သွားလာနေတဲ့ လမ်းပေါ်မှာ လမ်းပိတ်ပြီး ရိုက်ခွင့်မပေးရင်နေပါ။ လမ်းကြိုလမ်းကြားလေးတွေမှာ အက်ရှင်တွေကို ပီပီပြင်ပြင် ရိုက်ကူးခွင့် တထစ်လျှော့ပြီးတော့ နည်းနည်းလေးတော့ ပေးစေချင်ပါတယ်” လို့ အောင်ခိုင်က ဆိုပါတယ်။

လူမှုကွန်ရက် စာမျက်နှာပေါ်မှာလည်း “Line Walker 2” လာရောက် ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး မြန်မာ့ရုပ်ရှင်လောကနဲ့ နှိုင်းယှဉ်မှုများပြုလုပ်ကာ အားမလို အားမရဖြစ်နေမှုများနဲ့ ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိပါတယ်။ အဆိုပါဝေဖန်မှုများနဲ့ ပတ်သက်ပြီး အခုလိုပြောပြခဲ့ပါတယ်။

“နိုင်ငံခြားကလာရောက်တဲ့ နိုင်ငံတကာကိုပြမယ့် ကားအတွက် ဘာမှ မနာလိုဝန်တိုစရာ မရှိပါဘူး။ ပြောသင့်ပြောထိုက်တာ၊ ဆိုသင့်ဆိုထိုက်တာတွေကိုတော့ ဆိုမှာပဲ။ လူ့အခွင့်အရေးပဲ။ ဘာကြောင့်လဲဆိုတော့ မြန်မာ့ရုပ်ရှင်ကို ဆင်ဆာနဲ့ ပိတ်ပင်ခဲ့တာ ကြာခဲ့ပါပြီ။ ဟိုတယ်လို အခန်းမျိုးထဲမှာ ပစ္စတိုလေးတလက် ကျည်ဆံလေးတတောင့် ဒါတောင် အစစ် မဟုတ်ပါဘူး”

“ယမ်းဖောက်ခွဲမှုနဲ့ ဖောက်ခွဲတာတောင်မှ အများပြည်သူ ထိတ်လန့်မှာစိုးလို့ ပြသရန်မသင့်ဆိုပြီးတော့ ဖြတ်ခံရတဲ့အခန်းတွေ အများကြီးရှိပါတယ်။ ဒါလေးတွေကို နိုင်ငံခြားက လာရိုက်တဲ့ ကားများနည်းတူ မပေးရင်တောင်မှ နည်းနည်းတော့လျှော့ပေါ့ပြီးတော့ အခွင့်အရေးလေးတွေ ပေးစေချင်ပါတယ်။ လွတ်လပ်စွာ ရိုက်ကူးခွင့်လေးတော့ ပေးစေချင်ပါတယ်ဆိုတာကို မတောင်းဆိုချင်ပါဘူး။ မေတ္တာရပ်ခံချင်ပါတယ်” လို့ အကယ်ဒမီ အောင်ခိုင်က ပြောပါတယ်။

အကယ်ဒမီ အောင်ခိုင်ကတော့ လက်ရှိမှာ လူကြမ်းသရုပ်ဆောင်များ၊ ဇာတ်ပို့သရုပ်ဆောင်များနဲ့ ဖွဲ့စည်းထားတဲ့ ကိုလူချောအဖွဲ့ရဲ့ ဥက္ကဋ္ဌတဦးဖြစ်ပြီး သူ့ရဲ့လူကြမ်းအဖွဲ့ကိုလည်း အလုပ်အကိုင် အခွင့်အရေးများအတွက် များစွာသော အကူအညီများပေးလျက် ရှိပါတယ်။

The post “နိုင်ငံတကာကို အနုပညာအရ ပြိုင်မယ်ဆို မကြောက်ပါဘူး”လို့ ပြောတဲ့ အောင်ခိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ