Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“အကယ်ဒမီကို ဘက်မလိုက်ဘဲ ကြည့်တဲ့ ပရိသတ်နဲ့ အမြင်တူပါလိမ့်မယ်”

$
0
0

၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီး ကပ်လာတာနဲ့အမျှ အကယ်ဒမီ အကဲဖြတ် စိစစ် ရွေးချယ်ရာမှာလည်း သေချာစွာ စိစစ်နေရပြီး ဘက်မလိုက်ဘဲ ကြည့်တဲ့ ပရိသတ်နဲ့ အမြင်တူပါလိမ့်မယ်လို့ အကယ်ဒမီ အကဲဖြတ် စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒါရိုက်တာ ကြည်စိုးထွန်းက ပြောပါတယ်။

“ဆရာကတော့ အကုန်လုံးကို အားရပါတယ်။ ကျေနပ်တာပေါ့။ မပါတဲ့ကားက ဘယ်လိုပြောထားလဲတွေ့လား။ အဲဒီ ကားတကား မပါလာတဲ့အတွက် ရွေးချယ်တဲ့လူကြီးတွေ တလလုံး ချေးပန်းကြပါစေတဲ့။ အတတ်နိုင်ဆုံးတော့ ညီမျှအောင် လုပ်တယ်။ ဘက်လိုက်မှုမရှိအောင် ချစ်ခြင်း မုန်းခြင်း မရှိအောင် လုပ်ပါတယ်။ အပြောင်းအလဲကတော့ စံချိန်စံညွှန်းတွေတော့ သေချာလုပ်ထားတယ်”

“ပရိသတ်နဲ့ ဆရာတို့နဲ့က တူတူပဲ။ သူတို့လည်း ရုပ်ရှင်ကြိုက်သလို ဆရာတို့လည်း ကြိုက်တာပဲ။ အကြိုက်ချင်းတူမယ်လို့ မျှော်လင့်ထားတယ်။ ဘက်မလိုက်ဘဲ ကြည့်တဲ့သူနဲ့ဆရာတို့နဲ့ အမြင်တူပါလိမ့်မယ်” လို့ ဒါရိုက်တာ ကြည်စိုးထွန်းက ပြောပါတယ်။

အကယ်ဒမီ အကဲဖြတ်အဖွဲ့ကိုတော့ အဖွဲ့ ၈ဖွဲ့ဖြင့်ဖွဲ့စည်းထားကာ တဖွဲ့မှာတော့ လူ ၄ ဦးခန့် ပါဝင်ပြီး စုစုပေါင်း လူအယောက် ၄၀ ခန့် အကဲဖြတ် ကြည့်ရှုလျက်ရှိတယ်လို့ သိရပါတယ်။

“ပိုက်စိပ်တိုက်တာပေါ့။ ၈ ဖွဲ့ ရှိတာ ၇ ဖွဲ့က ကားတကားကို မကြိုက်ဘဲနဲ့ တဖွဲ့ကကြိုက်နေရင်လည်း ပြန်ကြည့်ပေးတယ် ဆရာတို့က။ ဥပမာဆိုပါတော့ မနှစ်တုန်းကဆို “ည” လို ကားမျိုးပေါ့။ အသေးစိပ် မကြည့်နိုင်တဲ့အခါကျတော့ နစ်နာသွားတာပေါ့။ အဲဒီလို မဖြစ်အောင် အတတ်နိုင်ဆုံးတော့ ကြိုးစားပါတယ်။ ဆရာတို့ အကဲဖြတ်အဖွဲ့မှာ ၄၀ ၊ ၅၀ လောက် ရှိတယ်။ အများစု ကြိုက်တာပဲ ပေးရမှာပဲ။ ကိုယ်က ဘယ်လောက်ပဲကြိုက်ကြိုက် အများစုနောက်ကို လိုက်ပေးရတာပဲ” လို့ ဒါရိုက်တာ ကြည်စိုးထွန်းက ပြောပါတယ်။

၂၀၁၈ ခုနှစ်က ရုံတင်ပြသထားတဲ့ ရုပ်ရှင်ဇာတ်ကားများထဲမှ အကယ်ဒမီ ၈၃ ကားကို ရွေးချယ်ထားပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာတော့ ဆန်ခါတင် ၂၅ ကား ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။ အဆိုပါ ၂၅ ကားထဲမှ ပြန်လည် စိစစ်ရွေးချယ်သွားမှာဖြစ်ပြီး တက်သစ်စ အနုပညာရှင်များကိုလည်း ရစေချင်တယ်လို့ ဆိုပါတယ်။

“အငယ်လေးတွေ တက်သစ်စ လူငယ်လေးတွေကို ကြည့်ရတာ အား ရှိတယ်။ အများကြိုက်မှ ဆိုတော့လေ။ တကယ်လို့ သူတို့ မရရင်တောင်မှ တနည်းနည်းနဲ့ ဘယ်လိုဂုဏ်ပြုရမလဲ စဉ်းစားတယ်။ သူတို့လေးတွေက ကြိုးကြိုးစားစားလည်း ရိုက်တယ်။ ပိုက်ဆံလည်း အကုန်ခံတယ်။ ပေါပေါတောတော မရိုက်ဘူးနော်။ အဲဒါကြောင့် အားပေးချင်တယ်။ ဆရာ့ အမျိုးသမီးက ပြောတယ်။ ဘာလို့ အဆဲခံရတဲ့အလုပ် လုပ်တာလဲတဲ့။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။ လုပ်ရမှာပဲ”လို့ ဒါရိုက်တာကြည်စိုးထွန်းက ပြောပါတယ်။

အကယ်ဒမီ စိစစ်ရေး အဖွဲ့အနေနဲ့ ဒီဇင်ဘာလမှစတင်ကာ ရုပ်ရှင်ကားများကို အကဲဖြတ်ကြည့်ရှုနေတာဖြစ်ပြီး မတ်လအတွင်းမှာတော့ အကယ်ဒမီပေးပွဲကို ပြုလုပ်ကျင်းပတော့မှာ ဖြစ်ပါတယ်။

The post “အကယ်ဒမီကို ဘက်မလိုက်ဘဲ ကြည့်တဲ့ ပရိသတ်နဲ့ အမြင်တူပါလိမ့်မယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ကျမသာလျှင် ဗိုလ်ချုပ်နေ၀င်း၏မယားကြီးပါ(ပိတ်စေ အမိန့်မှ သတင်းအစများ)


TTA Oreo Gapp Installer


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


“မှတ်ပုံတင်နှင့် လပေးမှသည် အပေါင်ဆိုင်သို့ ”


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)