Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“တယောက်တည်း နေလာတာ နေသားကျနေပြီ”လို့ ပြောတဲ့ မြတ်ကေသီအောင်

$
0
0

အနုပညာလောကမှာ အောင်မြင်မှုတွေ အများကြီး ရရှိထားသလို ပရိသတ် အားပေးမှု အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင် မြတ်ကေသီအောင်ဟာ စီးပွားရေးလုပ်ရင်း ဘဝကို တယောက်တည်း ဖြတ်သန်းဖြစ်နေလာတာ ၁၀ နှစ်ကျော်ပြီ ဖြစ်တာကြောင့် တယောက်တည်း နေသားကျသွားပြီလို့ ဆိုပါတယ်။

“ချစ်သူများနေ့ အမှတ်တရ ဘာမှ မရှိခဲ့ဘူး။ ကိုယ်တွေ ငယ်ငယ်တုန်းက Valentine’s Day မှ မရှိတာ။ ကိုယ့်အသက် ၃၀ ကျော်လောက်မှ ပေါ်လာတာလေ။ အရွယ်ကောင်းတုန်းက မရှိခဲ့ဘူး။ အိုမှပဲ ရှိတော့တယ်။
ရိုနေကြတဲ့ ချစ်သူတွေကို မမြင်ဘူး။ မကြည့်ဘူး။ အားကျမှာ စိုးလို့။ အခုတော့ ဖွင့်ပွဲက ကျွေးတဲ့ ချောကလက် စားရတယ်။

“အစ်မ ရိုတာ အရမ်းကြိုက်တယ်။ အစ်မ ဘဝမှာ မှတ်မှတ်ရရလေး တခု ရှိတယ်။ ရိုခံချင်တာ မရိုလို့လေ။ ဒီလိုနေ့မျိုးရောက်ရင် စိတ်တိုရမှာကို ပြန်သတိရတယ်။ အခုတော့ အသက်တွေကြီးပါပြီ”လို့ မြတ်ကေသီအောင်က ဆိုပါတယ်။

“အစ်မ တယောက်တည်းရဲ့ခံယူချက်ပေါ့။ ဦးနှောက်နဲ့ တွေးတိုင်း အချစ် မပါလာရင် ဘာမှ မဖြစ်ဘူး။ အစ်မဦးနှောက်နဲ့ တွေးပြီး အိမ်ထောင်ပြုခဲ့ဖူးတယ်။ အချစ် မပါလာတော့ အကြာကြီး မခံခဲ့ဘူး။ အချစ်က ၇၀ လောက် ပါပြီး ဦးနှောက်က ၃၀ လောက်ပါရင်တော့ အဆင်ပြေမယ်လို့ ထင်တယ်”

“တယောက်တည်းပဲ နေတော့မယ်။ တယောက်တည်း နေတာကလည်း ၁၀ နှစ်ကျော်ပြီလေ။ တယောက်တည်း နေသားကျသွားပြီ။ Valentine’s Day ရယ်လို့ မဟုတ်ပါဘူး။ ဘယ်နေ့ ဖြစ်ဖြစ် ချစ်လို့ ရပါတယ်။ အစ်မကတော့ နေ့တိုင်းအားလုံးကို ချစ်တယ်။ အရင်တုန်းက Surprise လုပ်တာ ခံရဖူးတယ်။ အခုကတော့ လုပ်မယ့်သူ မရှိပါဘူး”လို့ မြတ်ကေသီအောင်က ပြောပါတယ်။

Facebook ပေါ်မှာ အချစ်ဒဿန စာစုလေးတွေ ရေးလေ့ ရှိပေမယ့် စာအုပ်ထုတ်ဖို့တော့ အစီအစဉ် မရှိဘူးလို့ မြတ်ကေသီအောင်က ဆိုပါတယ်။

“အခု လတ်တလောမှာတော့ စာအုပ်ကြီးရဲ့ စီရင်ချက် ရိုက်နေပါတယ်။ ကာရိုက်တာကတော့ အစ်မ အဲ့ထဲမှာ ထမင်းသည် နေရာက သရုပ်ဆောင်ထားပါတယ်။ အစ်မ Facebook မှာသာ စာတွေရေးဖြစ်တာပါ။ စာအုပ်ထုတ်ဖို့တော့ အစီအစဉ် မရှိဘူး။ ထုတ်ဝေသူကတော့ လာတယ်။ အစ်မက စာရေးဆရာလည်း မဟုတ်ဘူး။ ကိုယ့်စိတ်ထဲ ထွက်လာတာလေးတွေ ရေးတာဆိုတော့ စာအုပ်ထွက်လောက်တဲ့ အရည်အချင်း မရှိဘူး ထင်တယ်။ တချို့ မိန်းကလေးပရိသတ်တွေ အစ်မ စာလေးတွေကို ကြိုက်ကြတော့ ပျော်တယ်”လို့ မြတ်ကေသီအောင်က ပြောပါတယ်။

အနုပညာလောကမှာ အောင်မြင်မှုတွေ အများကြီး ရရှိခဲ့ဖူးသလို အကယ်ဒမီ နှစ်ဆုကို ရရှိထားတဲ့ သရုပ်ဆောင် မြတ်ကေသီအောင်ဟာ အခုချိန်မှာတော့ Coffee Lu Gallery ဆိုတဲ့ ကိုယ်ပိုင်ဆိုင်ကို မြောက်ဒဂုံမှာ ဖွင့်လှစ်ထားပြီး လက်ရှိမှာတော့ ကိုယ်ပိုင်စီးပွားရေးကိုပဲ အဓိကထား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

The post “တယောက်တည်း နေလာတာ နေသားကျနေပြီ”လို့ ပြောတဲ့ မြတ်ကေသီအောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ