Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ချစ်သူများနေ့ဆို ရည်းစားရှိရှိ၊ မရှိရှိ အရမ်းပျော်တယ်”လို့ ပြောတဲ့ နေခြည်ဦး

$
0
0

Beauty Blogger တဦးဖြစ်သလို သရုပ်ဆောင်လည်း လုပ်နေတဲ့ နေခြည်ဦးက ဒီနှစ် Valenine’s Day မှာတော့ ချစ်သူနဲ့ နှစ်ယောက်စလုံး အလုပ်ကိုယ်စီ ရှိတဲ့အတွက် အတူတူ မဖြတ်သန်းဖြစ်ဘူးလို့ ပြောပါတယ်။

“နေခြည်ကလေ ချစ်သူများနေ့ဆို အရမ်းပျော်တယ်။ ၈ တန်း၊ ၉ တန်းကတည်းက ကိုယ်ကြိုက်တဲ့ ကောင်လေးဆို သကြားလုံးပေးလာတဲ့ မိန်းကလေးမျိုးပေါ့။ အဲ့နေ့မှာဆို နေခြည်က ရည်းစား ရှိရှိ၊ မရှိရှိ အရမ်းပျော်တယ်။ ဒီနှစ်ချစ်သူများနေ့မှာတော့ နေခြည် ကောင်လေးနဲ့ အတူတူ မရှိနိုင်ဘူး။ သူက အလုပ် ရှိတယ်။ နေခြည်ကလည်း အလုပ်ရှိတယ်။ အဲဒါကြောင့် Valentine’s Day မှာ ချစ်သူနဲ့ အတူတူ မရှိဘူး”လို့ နေခြည်ဦးက ပြောပါတယ်။

အမြဲတမ်း အသစ်အဆန်းတွေကို ဖန်တီးတတ်တဲ့ နေခြည်ဦးက ၂၀၁၉ မှာ ပရိသတ်တွေ မသိနိုင်မယ့် အသစ်အသစ်တွေ ချပြဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

“၂၀၁၉ မှာ ပရိသတ်တွေ မသိနိုင်မယ့် အသစ်အသစ်တွေ ချပြဖို့ ရှိတယ်။ အနုပညာလမ်းကြောင်းပဲ ဖြစ်ဖြစ် ဖက်ရှင်ပိုင်းပဲ ဖြစ်ဖြစ် လုပ်ပြမယ်။ လူငယ်တွေလည်း အများကြီး စုထားတယ်။ လူငယ်တွေကလည်း Creation ပိုင်းမှာလည်း အများကြီး စဉ်းစားပေးနိုင်တယ်။ ဝတ်ပုံစားပုံကအစ အင်တာဗျူးတွေပြောဖို့ကအစ အများကြီး ပြင်ဆင်ပေးတဲ့ အတွက်လည်း ပိုပြီး အားရှိပါတယ်။ Surgery လုပ်ဖို့ မရှိသေးပါဘူး”လို့ နေခြည်ဦးက ပြောပါတယ်။

နေခြည်ဦးက လတ်တလောမှာတော့ ရုပ်ရှင်ကား နှစ်ကား ထပ်ရိုက်ဖို့ ရှိပြီး အရင်ရိုက်ခဲ့တဲ့ ပုံစံတွေနဲ့ မတူတဲ့ ဇာတ်ကားတွေ ရိုက်မယ်လို့ ပြောပါတယ်။

“လတ်တလောတော့ မေလမှာ ဇာတ်ကားနှစ်ကား ရိုက်ဖို့ ရှိပါတယ်။ နှစ်ကားလုံးလည်း နေခြည်ကြိုက်ပါတယ်။ နှစ်ကားလုံးကလည်း အရင်ရိုက်ခဲ့တဲ့ ပုံစံတွေနဲ့ မတူပါဘူး။ ကိုယ်အခွင့်အရေးရတုန်း အသုံးချမှာပဲ။ ကိုယ်နဲ့လည်း အဆင်ပြေတယ်ဆိုရင် ချပြစရာတွေ အများကြီးရှိပါတယ်။ ပထမဆုံးကားလေး ရိုက်တုန်းက ခံစားချက်ကတော့ ဇာတ်ကားတွေလည်း မရိုက်ဖူးဘူး။ ကြော်ငြာလည်း မရိုက်ဖူးဘူး။ အဲ့မှာ နေရာ တနေရာ ပေးတဲ့အတွက်လည်း ပရိုဂျူဆာတွေရော ရိုက်ဖို့လက်ခံပေးတဲ့ အနုပညာရှင်တွေကော ကျေးဇူးတင်တယ်”

Beauty Blogger နေခြည်ဦးနဲ့ သူမရဲ့ ချစ်သူ အောင်နွေဦး (ဓာတ်ပုံ – Nay Chi Oo’s Fcaebook)

“ပထမဆုံးကားလေးမှာ ပေါက်သွားတာဖြစ်တဲ့အတွက် နောက်ကားတွေမှာ ပရိသတ် မျှော်လင့်ချက်ပိုပြီး ကြီးမယ်လို့ နေခြည်ထင်တယ်။ ဝေဖန်ဖို့ပဲ ဖြစ်ဖြစ် အားပေးဖို့ပဲ ဖြစ်ဖြစ်ပေါ့။ ထပ်ရိုက်ထားတဲ့ ကားတွေကလည်း ကားကောင်းတွေပါ။ နေခြည်ရိုက်ချင်တဲ့ ဟာသကားလေး ၂ ကားလည်း နေခြည် ရိုက်ထားတယ်။ ကားလေးတွေ ထွက်ရင်လည်း အားပေးပါ”လို့ နေခြည်ဦးက ပြောပါတယ်။

ဒီနှစ် အကယ်ဒမီအတွက်တော့ ရင်မခုန်ထားဘဲ ပရိသတ်ကလည်း အကယ်ဒမီ ရဖို့ထက် နေခြည်ဦး ပွဲဖက်ရှင်နဲ့ ဘယ်လိုတက်မလဲဆိုတာ ပိုစိတ်ဝင်စားကြမယ်ထင်တယ်လို့ နေခြည်ဦးက ဆိုပါတယ်။

“အကယ်ဒမီကတော့ သူများတွေ အတွက်ပဲ နေခြည် တက်မှာပါ။ အကယ်ဒမီက ဒီနှစ် စတက်မှာ ပထမဦးဆုံးပါ။ အကယ်ဒမီဆိုတာ တီဗီကပဲ ကြည့်ခဲ့ရတာ။ ဆွေမျိုးတွေရော အကုန်လုံးကြည့်ရတဲ့ ပွဲကို ကိုယ်တိုင်တက်ရမှာဆိုတော့ ဆွေမျိုးတွေလည်း ရင်ခုန်နေပါတယ်။ ပထမဆုံးတက်ရမှာ ဖြစ်တဲ့အတွက် ကျက်သရေရှိရှိလေးနဲ့ ထူးထူးဆန်းဆန်းလေးတက် ချင်တယ်ဆိုတော့ တော်တော်လေးလည်း ခေါင်းစားရပါတယ်”

“အကယ်ဒမီအတွက်တော့ ရင်တော့မခုန်ဘူး။ ကိုယ့်ရှေ့က မင်းသမီးကြီးတွေရဲ့ ကားကောင်းတွေကလည်း များတော့ ကိုယ်ကပေါ့ပေါ့ပါးပါးပဲ တက်မယ်။ ကိုယ်ရင်ခုန်နေရင် ဟိုရောက်ရင် နှလုံးရောဂါနဲ့ သေသွားမယ်။ ကားတွေလည်း တော်တော်ကောင်းကြတယ်။ ရန်သူမှာလည်း မကစ်ကို မှန်းကြတယ်။ ကိုယ့်ကားလေးမှာ ဘယ်သူပဲရရ ဂုဏ်ယူရမှာပဲ။ ပရိသတ်ကတော့ နေခြည်ဦး ပွဲဘယ်လိုတက်မလဲပဲ ပိုစိတ်ဝင်စားကြတာများတယ်”လို့ နေခြည်ဦးက ပြောပါတယ်။

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တဦးအနေနဲ့ စတင်အားပေးလာတာ ဖြစ်ပါတယ်။ အဲဒီနောက် အောင်မြင်မှု ရရှိလာတဲ့ နေခြည်ဦးက Beauty Blogger တင်မက အနုပညာ အလုပ်တွေလည်း ဆောင်ရွက်လို့ နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေက ပရိသတ်အရှေ့ကို မကြာခင် ရောက်ရှိ လာတော့မှာပါ။

နေခြည်ဦးရဲ့ ပထမဆုံးရုပ်ရှင် ဇာတ်ကားကြီးဖြစ်တဲ့”ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင် နေမင်း၊ ဝတ်မှုံရွှေရည်တို့နဲ့ အတူ ရိုက်ကူးခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။

The post “ချစ်သူများနေ့ဆို ရည်းစားရှိရှိ၊ မရှိရှိ အရမ်းပျော်တယ်”လို့ ပြောတဲ့ နေခြည်ဦး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ