Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

နိုဝင်ဘာလမှာ ပြသတော့မယ့် “Frozen 2”ရုပ်ရှင် အမြည်းဗီဒီယို ထွက်ရှိလာ

$
0
0

အားလုံးစောင့်မျှော်နေကြတဲ့ “Frozen 2” ကာတွန်းရုပ်ရှင်ရဲ့ အမြည်းဗီဒီယို ထွက်ရှိလာခဲ့ပါပြီ။ ကမ္ဘာကျော် ဇာတ်ကောင်တွေဖြစ်တဲ့ Anna နဲ့ Elsa တို့ကို ပရိသတ်ကြီးက အားပါးတရ ကြည့်ရှုကြရဦးမှာပါ။ ရုပ်ရှင်ရုံတွေမှာ လွန်ခဲ့တဲ့ ၆ နှစ်လောက်တုန်းက “Frozen” ဆိုတဲ့ရုပ်ရှင်က အထူးအောင်မြင်ခဲ့ပြီးနောက် Disney က နောက်ဆက်တွဲရုပ်ရှင်ရဲ့ ပထမဆုံး အမြည်းဗီဒီယိုကို ချပြလိုက်ပြီဖြစ်ပါတယ်။

မကြာမီပြတော့မယ့် အန်နီမေးရှင်း ရုပ်ရှင်အသစ်များလည်း ဘုရင်မ Elsa ကို မှောင်မိုက်ပြီး လှိုင်းထန်နေတဲ့ ပင်လယ်ပြင် တနေရာမှာ မြင်တွေ့ခဲ့ရပါတယ်။ ပရိသတ်တွေအနေနဲ့ ဝမ်းသာစရာတခုက မင်းသမီး Anna ၊ Olaf ၊ Kristoff နဲ့ တန်ဒြာသမင် Sven တို့လည်း ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။

“Frozen 2” ရုပ်ရှင်ဟာလည်း Disney ရဲ့ သမိုင်းမှာ အအောင်မြင်ဆုံး အန်နီမေးရှင်း ရုပ်ရှင်တကား ဖြစ်လာဦးမှာပါ။ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မူရင်း “Frozen” ရုပ်ရှင်ဟာ ကမ္ဘာတဝန်းမှာ ရုံဝင်ငွေ ဒေါ်လာ ၁ ဒဿမ ၂ ဘီလီယံရရှိခဲ့ပါတယ်။ အကောင်းဆုံး အန်နီမေးရှင်းရုပ်ရှင်ဆု အပါအဝင် အော်စကာဆု နှစ်ဆုလည်း ရရှိခဲ့ပါတယ်။

ပိုထူးခြားတာက “Frozen” ရုပ်ရှင်ဟာ Menzel သီဆိုထားတဲ့ “Let It Go” သီချင်းကြောင့် အခုအထိ မရပ်တန့်နိုင်သေးတဲ့ သီချင်းခွေရောင်းအားကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ၂၀၁၄ ခုနှစ် နွေရာသီကာလမှ Let it Go ဇာတ်ဝင်တေး အယ်လ်ဘမ်ဟာ ကော်ပီချပ်ရေ ၃ သန်းကျော် ရောင်းချခဲ့ရပြီး အဲဒီနှစ်ရဲ့ ထိပ်တန်း အယ်လ်ဘမ် တခုဖြစ်ခဲ့ရပါတယ်။

အဲဒီရုပ်ရှင်ကို Broadway ပြတဲ့ ရှိုးတခုအဖြစ် ဖန်တီးခဲ့ပြီး Disney World အပန်းဖြေဥယျာဉ်မှာလည်း “Frozen” ဥယျာဉ်ကို အထိမ်းအမှတ်အနေနဲ့ ဖန်တီးထားပြီး ဖြစ်ပါတယ်။ “Frozen 2” ရုပ်ရှင်ကိုတော့ လာမယ့် နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ရုံတင်တော့မှာဖြစ်ပါတယ်။

Ref: cnn

The post နိုဝင်ဘာလမှာ ပြသတော့မယ့် “Frozen 2” ရုပ်ရှင် အမြည်းဗီဒီယို ထွက်ရှိလာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ