Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ချစ်သူများနေ့မှာ ခင်ပွန်းကို လက်ဆောင်ပေးဖို့ အစီအစဉ် မရှိဘူးလို့ ပြောတဲ့ အိန္ဒြာကျော်ဇင်

$
0
0

သရုပ်ဆောင် အိန္ဒြာကျော်ဇင် ချစ်သူများနေ့မှာ ခင်ပွန်းဖြစ်သူ ပြေတီဦးကို ဘာမှ ပေးစရာ မရှိသလို လုပ်ငန်းခွင် ဝင်နေတဲ့သူတွေဖြစ်တာကြောင့် အချစ်ကတော့ အမြဲရှိပေမယ့် အမှတ်တရ လုပ်တာတွေတော့ သိပ်မရှိတော့ပါဘူးလို့ ဆိုပါတယ်။

“Valentine’s Day မှာ ကားရိုက်နေမှာပါ။ ဘာမှလုပ်ဖို့ မရှိပါဘူး။ Surprise ကလူငယ်တွေ အတွက်တော့ ဟုတ်တာပေါ့။ အူဝဲတို့လို လုပ်ငန်းခွင် ဝင်နေတဲ့သူတွေကျတော့ အချစ်ကတော့ အမြဲရှိပေမယ့် အမှတ်တရလုပ်တာတွေတော့ သိပ်မရှိတော့ပါဘူး။ ဦးတီကိုပေးဖို့ မရှိဘူး။ သူလည်း အလုပ်၊ ကိုယ်လည်း အလုပ်နဲ့ ဆိုတော့ အစီအစဉ်တော့ ဘာမှ မရှိဘူး”လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။

“အလုပ်အားရင်တော့ မိသားစုလေး Dinner စားတာလောက်တော့ ရှိမှာပါ။ ဦးတီက မ Ro တတ်ဘူး။ အူဝဲလည်း မ Ro တတ်ဘူး။ ချစ်သူဘဝတုန်းကတော့ လက်ဆောင်ပေးတာတွေ ရှိတယ်။ ပရိသတ်တွေ ချစ်သူများနေ့မှ မဟုတ်ဘူး။ နေ့တိုင်း အချစ်တွေ ရှိနိုင်ကြပါစေ။ ကားရိုက်အားရင်တော့ သမီးနဲ့ သားကို ဦးတီရော အူဝဲရော အမြဲ ကျောင်းလိုက်ပို့ပေးတယ်။ အူဝဲကိုတွေ့တာနဲ့ ပရိသတ်တွေက ဝိုင်းအုံလာတာက ပရိသတ်တွေကို အူဝဲကချစ်လို့ ပရိသတ်တွေက ပြန်ချစ်တာပါ။ အဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”လို့ အိန္ဒြာကျော်ဇင်က ဆိုပါတယ်။

အိန္ဒြာကျော်ဇင်က ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးမယ့် “လရဲ့အောက်ဘက် မိုင်အဝေးမှာ’’ ရုပ်ရှင်မှာ သရုပ်ဆောင်ရမယ့် နေရာကို သဘောကျတာကြောင့်ရယ်၊ ဆရာမ ဂျူးရဲ့ ဝတ္ထုတွေကို ကြိုက်တာကြောင့် လက်ခံရိုက်ကူးဖြစ်တယ်လို့ ဆိုပါတယ်။

“လက်တလောတော့ “လရဲ့အောက်ဘက် မိုင်အဝေးမှာ’’ကားလေး ရိုက်မယ်။ ထူးပိုင်ဇော်ဥိးက အသစ်ဆိုပေမယ့် “ည”ဇာတ်ကား ကြည့်ပြီးကတည်းက သိထားတာပေါ့။ အရည်အချင်းရှိတဲ့ လူငယ်တယောက်ဖြစ်တယ်။ ဆရာမ ဂျူးရဲ့ ဝတ္ထုကို အရမ်းကြိုက်တယ်။ ကိုယ်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ကိုလည်း သဘောကျတာနဲ့ ရိုက်ဖို့ လက်ခံဖြစ်တာပါ”

“သရုပ်ဆောင်အသစ်တွေ ပါတယ်။ သရုပ်ဆောင်သစ်တွေနဲ့ အစ်မနဲ့က မစိမ်းဘူး။ အသစ်တွေနဲ့ ရိုက်တယ်။ အသစ်နဲ့ ရိုက်ရတယ် ဆိုတဲ့စိတ်မျိုး အစ်မမှာ မရှိဘူး။ လုပ်ဖော်ကိုင်ဖက်တွေ တူတူပဲ။ လုပ်ကိုင်နေတာပါ။ ဟိုးအရင်ကတည်းက ဆရာမ ဂျူးက အရမ်းကြိုက်ရတဲ့ စာရေးဆရာမပါ။ ဆရာမ စာအုပ်တွေလည်း အမြဲဖတ်ဖြစ်တယ်။ အူဝဲ ထုတ်လုပ်ရေးကနေ ရိုက်ဖို့နှစ်ကားရှိတယ်”လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။

အိန္ဒြာကျော်ဇင်ဟာ တီဗီကြော်ငြာပေါင်းများစွာ၊ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ အနုပညာရှင် တယောက်ပါ။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်ခံ ရိုက်ကူးနေပါတယ်၂၀၀၄ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အဖြစ် “မျက်နှာများတဲ့ မိုးကောင်းကင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံးအကြိမ် အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို “ရင်ဘတ်ထဲက ဓား”ရုပ်ရှင်ဇာတ်ကားနဲ့ ဒုတိယမြောက် အကယ်ဒမီ ထူးချွန်ဆုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ စီးပွားရေးအနေနဲ့လည်း သုန္ဒြာထုတ်လုပ်ရေးလုပ်ငန်းနဲ့ The Bridge Myanmar အမည်ရှိ အီတလီအိတ် လုပ်ငန်းများကို လုပ်ကိုင်နေပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပပြုလုပ်တဲ့ ကဏ္ဍအသီးသီးက ထူးချွန်ထက်မြတ်သူတွေကို ရွေးချယ် ဆုချီးမြှင့်တဲ့ Pride of Myanmar Awards 2018 ဆုကို ရရှိထားသူဖြစ်ပြီး ခင်ပွန်း ပြေတီဦး၊သမီး ပြေသုန္ဒြာ၊သားေ ပြေဓိရတို့နဲ့ အတူ ပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။

ဆက်စပ် သတင်းလင့်ခ်
“Pride of Myanmar Awards 2018” ပွဲမှာ ဆုရရှိခဲ့တဲ့ အိန္ဒြာကျော်ဇင်ရဲ့ စကားသံ 

The post ချစ်သူများနေ့မှာ ခင်ပွန်းကို လက်ဆောင်ပေးဖို့ အစီအစဉ် မရှိဘူးလို့ ပြောတဲ့ အိန္ဒြာကျော်ဇင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ