Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တိရစ္ဆာန်အရေခွံများကို ဖက်ရှင်အဖြစ် ဖန်တီးမည် မဟုတ်ကြောင်း ဗစ်တိုးရီးယားဘက်ခမ်း ကြေညာ

$
0
0

ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်းကတော့ သူ့ရဲ့ ဒီဇိုင်းတွေမှာ တိရစ္ဆာန်အရေခွံတွေကို အသုံးပြုမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်တဲ့ နောက်ဆုံး နာမည်ကျော် ဒီဇိုင်နာဖြစ်လာခဲ့ပြီး အဲဒီလို ဆုံးဖြတ်ချက်ကို တိရစ္ဆာန်အခွင့်အရေး လှုံ့ဆော်သူတွေက ကြိုဆိုလိုက်ကြပါတယ်။

အဲဒီ ဆုံးဖြတ်ချက်ဟာ Chaneland Vivienne Westwood အပါအဝင် နာမည်ကျော် Brand တွေရဲ့ ခြေလှမ်းအတိုင်း လိုက်ပါလုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

ဗစ်တိုးရီးယား အရင်ကထုတ်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်းတွေမှာလည်း တိရစ္ဆာန် သားမွှေးတွေကို အသုံးမပြုခဲ့ပေမယ့် သူ့ရဲ့ နောက်ဆုံး ထုတ်မယ်လို့ ပြောထားပြီး မိကျောင်း၊ မြွေနဲ့ ဖွတ်တို့ရဲ့ အရေခွံတို့နဲ့ ပြုလုပ်ထားတဲ့ အဝတ်အစားနဲ့ ဆက်စပ်ပစ္စည်းတွေကို ၂၀၁၉ ခုနှစ်၊ ဆောင်းဦးကာလကနေ စပြီး ဆက်ထုတ်တော့မှာ မဟုတ်တဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။

ဗစ်တိုးရီးယားရဲ့ ကုမ္ပဏီက “ဗစ်တိုးရီးယားဘက်ခမ်းဟာ AW19 လိုမျိုး စုစည်းဖြန့်ချိမှုတွေ အားလုံးမှာ ထူးခြားတဲ့ တိရစ္ဆာန်အရေခွံတွေ အသုံးပြုမှုကို ရပ်ဆိုင်းမှာပါ။ ပြီးတော့ ဗစ်တိုးရီးယားဘက်ခမ်း Brand ဟာလည်း အဝတ်အစားနဲ့ ဆက်စပ်ပစ္စည်း စုစည်းမှုတွေမှာ အဲဒီလိုမျိုး သားမွှေးတွေကို ဘယ်တုန်းကမှ အသုံးမပြုခဲ့ဘဲ အခုနှစ်မှာထုတ်မယ့် Brand မှာလည်း သားမွှေးကင်းလွတ်မယ်လို့ အတည်ပြုလိုက်ပါတယ်” လို့ ကြေညာချက်တခုမှာ ထည့်သွင်းဖော်ပြထားပါတယ်။

အခုလိုမျိုးဆုံးဖြတ်ချက်ကို ဖက်ရှင်လုပ်ငန်းမှာ မြွေအရေခွံအသုံးပြုကို တိုက်ဖျက်နေတဲ့ လှုံ့ဆောင်မှုကို လုပ်ဆောင်နေတဲ့ PETA လိုမျိုး တိရိစ္ဆာန်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ကြပါတယ်။

ယူကေနိုင်ငံဆိုင်ရာ PETA ဒါရိုက်တာ Elisa Allen “မိကျောင်း၊ မိကျောင်းခေါင်းတို၊ မြွေနဲ့ ဖွတ် လက်ကိုင်အိတ်တွေနဲ့ ရှူးဖိနပ် တွေတိုင်းရဲ့ နောက်ကွယ်မှာဆိုးရွားတဲ့ သေဆုံးခြင်းရှိပါတယ်။ အခုလိုမျိုး တိရစ္ဆာန်အရေခွံတွေကို မသုံးတော့ဘူးလို့ ဗစ်တိုးရီးယားဘက်ခမ်းရဲ့ ဆုံးဖြတ်ချက်ဟာ မရေအတွက်နိုင်လောက်အောင် ဆိုးဆိုးရွားရွား ခံစားနေရတဲ့ တိရစ္ဆာန်တွေအပေါ် စာနာနိုင်မယ်လို့ ထင်ပါတယ်။ PETA UK အဖွဲ့ကလည်း သူ့ရဲ့ ကြင်နာတတ်တဲ့ ဥပမာနောက်ကို လိုက်ပြီး တခြားဇိမ်ခံပစ္စည်းတွေကိုလည်း တောင်းဆိုပါတယ်” လို့ ဆိုပါတယ်။

ဒါဟာ တိရစ္ဆာန်တွေရဲ့ အရေခွံနဲ့ ပြုလုပ်ထားတဲ့ ထုတ်ကုန်ပစ္စည်းတွေကို တဖြည်းဖြည်း ဆက်လက် လျော့ချ ထုတ်လုပ်လာတဲ့ Trend တခုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလတုန်းက လန်ဒန် ဖက်ရှင်သီတင်းပတ်မှာ ပွဲစီစဉ်သူတွေက ပါဝင်မယ့် ဒီဇိုင်နာ အယောက် ၈၀ အနေနဲ့ တိရစ္ဆာန်တွေ နဲ့ ပတ်သက်တာ အသုံးမပြုကြောင်း ကြေညာခဲ့ပြီးနောက် သားမွှေးကင်းလွတ်တဲ့ ပထမဆုံး ဖက်ရှင်ပြပွဲ ဖြစ်လာခဲ့ပါတယ်။

အခုရာသီအတွက် လန်ဒန်ဖက်ရှင် သီတင်းပတ်ကို လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ကျင်းပဖို့ရှိပါတယ်။

Ref : CNN

The post တိရစ္ဆာန်အရေခွံများကို ဖက်ရှင်အဖြစ် ဖန်တီးမည် မဟုတ်ကြောင်း ဗစ်တိုးရီးယားဘက်ခမ်း ကြေညာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ