Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကျောက်ကပ်မှာ ကျောက်တည်လို့ ဆေးရုံတက်ခဲ့ရတဲ့ မင်းသား Liam Hemsworth

$
0
0

မင်းသား Liam Hemsworth ဟာ ကျောက်ကပ်မှာ ကျောက်တည်တဲ့ ဝေဒနာကြောင့် ဆေးရုံ ခဏ တက်ရောက်ခဲ့ရပြီး အခုတော့ ပြန်သက်သာလာပြီလို့ ဆိုပါတယ်။

အသက် ၂၉ နှစ်အရွယ် မင်းသား Liam Hemsworth ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တုန်းက လော့စ်အင်ဂျလိစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့နောက်ဆုံးရုပ်ရှင် ” Isn’t It Romantic” အတွက် အထူးပွဲကိုတောင် တက်ရောက်နိုင်ခဲ့ခြင်း မရှိဘဲ ဇနီးဖြစ်သူ အဆိုတော် Miley Cyrus က သူ့ရဲ့ ကိုယ်စား တက်ရောက်ပေးခဲ့တာကို တွေ့ရပါတယ်။

သတင်းတွေရဲ့အဆိုအရ မင်းသား Hemsworth ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ဆေးရုံတက်ခဲ့ရပြီးတဲ့နောက် ကျောက်ကပ်မှာ ကျောက်တည်တဲ့ ဝေဒနာကနေ သက်သာလာပြီလို့ သိရပါတယ်။

မင်းသား Hemsworth ရဲ့ ကိုယ်စားလှယ်တွေဘက်က တခုခု တုံ့ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။ အဲဒီရုပ်ရှင်အထူးပွဲမှာ အဆိုတော် Miley ကို မေးကြည့်တော့ “Liam က အတော်တော်လေး ကောင်းနေပါပြီ။ သူအနားယူဖို့ လိုနေပါသေးတယ်။ ဒါပေမဲ့ သူက ဒီရုပ်ရှင်ကို သဘောကျပါတယ်။ သူက အရမ်း ဂုဏ်ယူနေတာပါ။ ပြီးတော့ သူ့အတွက် ကိုယ်စား ကျမ ရှိနေပေးချင်ပါတယ်” လို့ ပြန်လည် ဖြေဆိုပေးခဲ့ပါတယ်။

မင်းသား Liam Hemsworth

မင်းသားအနေနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ လိုအပ်နေပြီး ကျန်းမာကောင်းဖို့ဟာ တခြားအရာတွေထက် အရေးကြီးတယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာတော့ မင်းသား Hemsworth ဟာ Instagram အကောင့်မှာ သူ့ရဲ့ ” Isn’t It Romantic” ရုပ်ရှင်ထဲက တွဲဖက်သရုပ်ဆောင် Rebel Wilson နဲ့ ဇနီးတို့အတူတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံတပုံကို တင်ခဲ့ပါတယ်။

ပြီးတော့ ရုပ်ရှင်အထူးပွဲမှာ ရိုက်ခဲ့တဲ့ သူ့ဇနီးရဲ့ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါတယ်။ သြစတြေးလျမင်းသား Hemsworth က ကျန်းမာရေးပြဿနာတွေကို ကြုံတွေ့ခံစားနေရပြီး ကူညီပေးမှုအတွက် ဇနီးဖြစ်သူကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

မင်းသားက “ရုပ်ရှင်အထူးပွဲကို တက်ရောက်လာနိုင်ခဲ့ခြင်း မရှိတာ စိတ်မကောင်းဖြစ်မိပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်တုန်းက စိတ်ရှုပ်ဖို့ကောင်းတဲ့ ကျန်းမာရေး ပြဿနာတချို့နဲ့ ကြုံခဲ့ရပါတယ်။ ကံကောင်းတဲ့ ကျနော့်ဆီမှာ ကျနော့်ကိုယ်စားပြုဖို့ ကမ္ဘာကြီးမှာ အကောင်းဆုံး မိန်းကလေးကို ပိုင်ဆိုင်ထားပါပြီ။ မိန်းမရေ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ရုပ်ရှင်ကို အားလုံးသဘောကျနှစ်ခြိုက်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ချစ်သူများနေ့မှာ ဘာမှလုပ်စရာမရှိဘူးဆိုရင် အဲဒီရုပ်ရှင်ကို သွားကြည့်လိုက်ပါ။ တကယ့်ကိုပဲ ပြီးပြည့်စုံတဲ့ ချစ်သူများနေ့အတွက် ရုပ်ရှင်ဖြစ်ပါတယ်။ အားလုံးကို ချစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

Ref: etcanada

The post ကျောက်ကပ်မှာ ကျောက်တည်လို့ ဆေးရုံတက်ခဲ့ရတဲ့ မင်းသား Liam Hemsworth appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ