Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဒေါ်လာ ၇၁၄ သန်းဖိုးရှိတဲ့ ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းမယ့် မင်းသားကြီး ချောင်ယွန်ဖတ်

$
0
0

ဟောင်ကောင်မင်းသားကြီး ချောင်ယွန်ဖတ်ဟာ သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းတော့မယ်လို့ ဆိုပါတယ်။ မင်းသားကြီးချောင်က “အဲဒီ့ပိုက်ဆံတွေက ကျနော်ပိုင်ဆိုင်တာ မဟုတ်ပါဘူး။ အချိန်တခုကြာ ကျနော်က လုံလုံခြုံခြုံ သိမ်းထားပေးရုံတင်ပါ”လို့ ဆိုပါတယ်။

ပိုက်ဆံဆိုတာ ပျော်ရွှင်မှုအရင်းအမြစ် မဟုတ်ဘူးလို့လည်း သူကဆိုပါတယ်။ မင်းသားကြီးက “ကျနော့်ရဲ့ အိပ်မက်က ပျော်ရွှင်နေရတဲ့ သာမန်လူတယောက် ဖြစ်ဖို့ပါ။ ဘဝမှာ အခက်အခဲဆုံးက ပိုက်ဆံဘယ်လောက်ရှာနိုင်လဲ မဟုတ်ပါဘူး။ ကျန်ရှိတဲ့ ဘဝသက်တမ်းမှာ ရိုးရှင်းပြီး စိုးရိမ်စိတ်ကင်းလွတ်ရတဲ့ ပုံစံနဲ့ နေထိုင်ပြီး ငြိမ်းချမ်းတဲ့ စိတ်ထားကို ဘယ်လို ထိန်းသိမ်းရမယ် ဆိုတာပါပဲ”လို့ ဆိုပါတယ်။

မင်းသားကြီး ချောင်ကို သန့်ရှင်းရေးလုပ်ကိုင်ပြီး သီးနှံစိုက်ပျိုးတဲ့ လယ်သမားတယောက်ဖြစ်တဲ့ မိခင်နဲ့ Shell Oil Company မှာ အလုပ်လုပ်တဲ့ ဖခင်တို့ကနေ ဟောင်ကောင်၊ Lamma ကျွန်းမှာ မွေးဖွားခဲ့တာပါ။ မင်းသားကြီး ဟာ လယ်ယာစိုက်ပျိုးတဲ့ အသိုင်းအဝန်းမှာ ကြီးပြင်းခဲ့ရတာဖြစ်ပြီး လျှပ်စစ်မီး မရှိတဲ့ အိမ်မှာတောင် နေခဲ့ရသူပါ။

မနက်တိုင်း သီးစုံကျောက်ကျောနဲ့ Hakka လက်ဖက်ရွက် ထုပ်လုပ်ရောင်းတဲ့ မိခင်ကိုကူညီဖို့ မိုးသောက် အလင်း ရောက်တဲ့အချိန်ကတည်းက ထခဲ့ရသူပါ။ နေ့ခင်းမှာတော့ လယ်ကွင်းထဲမှာ အလုပ်လုပ်ရပါတယ်။ သူ ၁၀ နှစ်သား အရွယ်မှာ သူတို့ မိသားစုဟာ Kowloon ကို ပြောင်းရွှေ့ခဲ့ကြပြီး ၁၇ နှစ်သား အရွယ်မှာတော့ ဧည့်ကြို၊ စာပို့သမား၊ ကင်မရာရောင်းသူနဲ့ တက္ကစီမောင်းသူ အပါအဝင် ဟိုဟိုဒီဒီ အလုပ်တွေကို လုပ်ပြီး မိသားစုကို ထောက်ပံ့ဖို့ ကျောင်းကနေထွက်ခဲ့ရပါတယ်။

အဲဒီ့နောက် ကောလိပ်တက်ပြီးနောက်ပိုင်း ဒေသတွင်းရုပ်သံဌာနတခုကနေ သူ့ကို အလုပ်သင် သရုပ်ဆောင်အဖြစ် လက်ခံခဲ့ရာကနေ သရုပ်ဆောင်လောကထဲ ရောက်ရှိလာခဲ့ပါတယ်။ နိုင်ငံတကာအထိ ပေါက်တဲ့ အော်ပရာပြဇာတ်တွေမှာလည်း ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မင်းသား ဖြစ်လာခဲ့ပါတယ်။

အသက် ၆၃ နှစ်အရွယ် မင်းသားကြီးဟာ ဒေါ်လာ ၇၁၄ သန်းလောက်ရှိတဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းဖို့ အစီအစဉ်ရှိတဲ့အကြောင်း အင်တာဗျူးတခုမှာ ပြောဆိုခဲ့ပါတယ်။ တော်တော်လေးကို ချမ်းသာပေမယ့် မင်းသားကြီးရဲ့ ဘဝနေထိုင်မှုပုံစံဟာ ရိုးရှင်းပါတယ်။ တလလုံးကို သူ့တကိုယ်စာ အသုံးစရိတ်ဟာ ဟောင်ကောင်ဒေါ်လာ ၈၀၀ (အမေရိကန်ဒေါ်လာ ၁၀၀ ကျော်) ပဲရှိတယ်လို့ ဆိုပါတယ်။

Source: JayneStars.com

The post ဒေါ်လာ ၇၁၄ သန်းဖိုးရှိတဲ့ ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းမယ့် မင်းသားကြီး ချောင်ယွန်ဖတ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ