Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အမေရိကန်နိုင်ငံမှာ လက်ထပ်ပါတီပွဲ ဆင်နွှဲခဲ့ကြတဲ့ Nick Jonasနဲ့ Priyanka Chopra

$
0
0

ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလတုန်းက အိန္ဒိယနိုင်ငံမှာ ဟိန္ဒူနဲ့ ခရစ်ယာန်ရိုးရာ မင်္ဂလာပွဲတွေကို ပြုလုပ်ခဲ့ပြီးတဲ့ နောက်မှာ Nick Jonas နဲ့ Priyanka Chopra တို့ဟာ အမေရိကန်နိုင်ငံမှာ လက်ထပ်ပွဲပါတီကို ကျင်းပခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ မြောက်ကာရိုလိုင်းနားပြည်နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့က အရင်ပွဲတွေတုန်းထက် ပိုပြီးတော့ သက်သောင့်သက်သာဖြစ်စေတဲ့ ပွဲတပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

Nick ရဲ့ မိဘတွေဖြစ်တဲ့ Jonas Sr. နဲ့ Denise Miller-Jonas တို့က သူတို့ရဲ့မိသားစုပိုင်ဆိုင်တဲ့ Nellie’s Southern Kitchen စားသောက်ဆိုင်မှာ အဲဒီ့ပွဲကို လက်ခံကျင်းပခဲ့တာဖြစ်ပါတယ်။ ပြီးတော့ ပွဲမှာကျွေးခဲ့တဲ့ အစားအစာ မီနူးကိုတော့ အဆိုတော်ရဲ့ ကွယ်လွန်သူအဖွားရဲ့ အစားအသောက်ချက်ပြုတ်နည်းပေါ်မှာ အခြေခံထားတယ် လို့ဆိုပါတယ်။

မင်းသမီး Chopra ကတော့ သူနဲ့အတူ Nick နဲ့ သူ့မိသားစုတွေပါ ခြံရံပြီး ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံကို ဇန်နဝါရီလ ၂၈ ရက်နေ့တုန်းက Instagram မှာတင်ခဲ့ပါသေးတယ်။ ပုံစာမှာတော့ “ဒီလိုမျိုး
ထူးခြားတဲ့ ဧည့်ခံပွဲအတွက် ကျေးဇူးတင်ပါတယ်။ ကျမတို ရှင်တို့ကို ချစ်ပါတယ်။ တော်တော်လေးကို အံ့သြဖို့ကောင်းပါတယ်” လို့ ရေးသားထားပါတယ်။

အဲဒီပွဲမှာတော့ မင်းသမီးဟာ ရင်ပြတ်အဖြူရောဂါဝန်ကို ဝတ်ဆင်ခဲ့ပြီး သူ့ရဲ့ ခင်ပွန်းကိုတော့ သံလွင်စိမ်းရောင် ရှပ်အကျီနဲ့ မြင်တွေ့ခဲ့ကြရပါတယ်။ Jonas Sr. ကတော့ အဲဒီပွဲ ကျင်းပမယ့်နေရာကို သူတိုဝင်လာတဲ့အချိန်မှာ တော်တော်လေး ဝမ်းပမ်းတသာ ကြိုဆိုခဲ့တာကို မြင်တွေ့ရပါတယ်။

Papa Jonas ကတော့ ပါတီမှာ ဖျော်ဖြေခဲ့ပြီး Joe Jonas နဲ့ သူ့ရဲ့ Pop တီးဝိုင်း DNCE တို့ကလည်း ဖျော်ဖြေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ အစားအသောက်တွေထဲမှာတော့ မင်္ဂလာစုံတွဲက လှီးထားတဲ့ သုံးထပ်ကိတ် အဖြူရောက်နဲ့ အခြား အချိုတည်းစရာတွေ ဖြစ်တယ်လို့ သိရပါတယ်။ တက်ရောက်လာကြသူတွေထဲမှာ Kevin Jonas နဲ့ ဇနီး Danielle အပြင် Joe ရဲ့ ဇနီးလောင်း မင်းသမီး Sophie Turner တို့လည်း ပါဝင်ပါတယ်။

အိန္ဒိယမှာ သူတို့ရဲ့ လက်ထပ်ပွဲပြီးတဲ့နောက် သူတို့စုံတွဲနှစ်ဦးဟာ ဆွစ်ဇာလန်နိုင်ငံမှာ Joe၊ Sophie တို့နဲ့အတူ စကိတ်စီးခရီးစဉ်တခုကို ထွက်ခဲ့ကြပါသေးတယ်။ အခုလထဲမှာပဲ သူတို့ဟာ ကာရေဘီယံဒေသကို ဟန်းနီးမွန်း ထွက်ခဲ့ပါတယ်။ ခရီးစဉ်တခုလုံးကို Nick က ရုတ်တရက်စီစဉ်ခဲ့တာလို့ E! News မီဒီယာကဆိုပါတယ်။

Ref: asiaone

The post အမေရိကန်နိုင်ငံမှာ လက်ထပ်ပါတီပွဲ ဆင်နွှဲခဲ့ကြတဲ့ Nick Jonasနဲ့ Priyanka Chopra appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


အသိမ်းသန်တဲ့ ဒို့နိုင်ငံ-တက္ကသိုလ်ဘုန်းကြွယ်


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ဝန်ရှင်တော်မင်းကြီး များ၏ နိုင်ငံရေး


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


ပ​ထွေးဖြစ်သူမှ မယားပါသမီးကို အဓမ္မကျင့်​မှု ရပ်ကွက်လူကြီးများနဲ့ ပက်ပင်းမိ !!!


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ