Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“The Voice Myanmar Season 2 က ကြည့်လို့ကောင်းမယ့် အစီအစဉ်ပါ”

$
0
0

လူငယ်ပရိသတ်အကြိုက်တွေ့အောင် သီချင်းတွေ ဖန်တီးတတ်တဲ့ အဆိုတော်ကျားပေါက်က The Voice Myanmar ရဲ့ Season 2 မှာလည်း Coach အဖြစ် ထပ်မံပါဝင်လာပါတယ်။ Coach တယောက်အနေနဲ့ ဝေဖန်ပြောဆိုနေတာ တွေကိုလည်း ဘယ်လိုမှမနေပါဘူးလို့ မီဒီယာတွေကိုပြောပါတယ်။

“ကြည့်တဲ့ပရိသတ်တွေ Season 2 က ကြည့်လို့ကောင်းမယ့် အစီအစဉ်တခုဖြစ်မယ်လို့ ယုံကြည်ပါတယ်။ Stage ပေါ်မှာသာ အပြိုင်အဆိုင်ဆိုပေမယ့် နောက်မှာတော့ အားလုံးက ခင်ဖို့ကောင်းပါတယ်။ ကျနော်အခုရွေးထားတဲ့ သူတွေအကုန် ကျေနပ်တယ်။ အကုန်ကြိုက်တယ်”

“အဆိုးပြောတာတွေရော အကောင်းပြောတာတွေရော ချစ်ပါတယ်။ ဝေဖန်နေတာကို ဘယ်လိုမှမနေပါဘူး။ Coach တယောက်အဖြစ် ဆောင်ရွက်ရတော့ ကျနော့်ကိုမသိတဲ့ အသိုင်းအဝိုင်းကလည်း သိပြီးလာနှုတ်ဆက်ကြတယ်။ အဲ့ဒါကောင်းတာပေါ့” လို့ အဆိုတော်ကျားပေါက်က ဆိုပါတယ်။

သီချင်းဆိုပြိုင်ပွဲဝင်တွေအပေါ် ဆုံးဖြတ်ပေးမှုတဲ့ ဝေဖန်မှုတွေရှိနေတဲ့အပေါ်ကိုလည်း အဆိုတော်ကျားပေါက်က အခုလိုဆိုပါတယ်။

“အပြောခံရတာလည်း ဘယ်လိုမှမနေဘူး။ စိတ်လည်း မဆိုးဘူး။ ကိုယ့်ဆုံးဖြတ်ကြောင့် တယောက်ထိခိုက်မှာတို့ ဆက်လျှောက်ဖို့ ခက်သွားတာတို့ဖြစ်မှာတော့ ကြောက်တယ်။ အဲ့ဒါကတော့ ကျနော်အတွက် အဆိုးဆုံး Pressure ပါပဲ။ ဒီအစီအစဉ်လက်ခံဖြစ်တာကလည်း ကျနော်ဘာလုပ်ပေးနိုင်မလဲဆိုပြီး လက်ခံဖြစ်တာ တယောက်ယောက် လမ်းပွင့်သွားစေချင်တယ်”လို့ ကျားပေါက်ကပြောပါတယ်။

လတ်တလောမှာဂီတလှုပ်ရှားမှုနဲ့ ပတ်သက်ပြီးနောက်အခွေအတွက် စီစဉ်နေပြီး ကျားပေါက်ထုတ်ထားတဲ့ Bipolarbear ဆိုတဲ့ အကျီၤလေးတွေကိုလည်း ပရိသတ်အားပေးကြတာ အရမ်းဝမ်းသာတယ်လို့ဆိုပါတယ်။

“Bipolarbear က ရှေ့မှာ တီရှပ်လေးမျိုးထုတ်လိုက်တယ်။ ခဏခဏကုန်တယ်။ ဖိနပ်လေးတွေလည်း စောင့်နေကြတယ်။ ထပ်ထုတ်ဖို့လည်း ရှိပါတယ်။ အားပေးကြတာလည်း အရမ်းဝမ်းသာတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ဒီထက်ပိုလှတာတွေလည်း ဆွဲသွားပါဦးမယ်လို့”

“ကျနော်ဒါကို စီးပွားရေးအတွက်ဆိုတာမျိုး မဟုတ်ဘူး။ အဲ့လောက်လည်း ပိုက်ဆံမရဘူး။ ကိုယ်ပျော်လို့လုပ်နေတာ။ ကျနော်ပန်းချီတွေကိုလည်း တနေရာမှာ သတ်သတ်မှတ်မှတ်လေး သိမ်းထားချင်တာ အဲ့လောက်ပါပဲ။ အဲ့ထက် ဘာမှမပိုပါဘူး။ ဆွဲချင်တဲ့ ပရိသတ်တွေလည်းရုံးကို ဘိုကင်တင်လို့ရပါတယ်”လို့ ကျားပေါက်ကပြောပါတယ်။

အဆိုတော် ကျားပေါက်က လက်ရှိမှာတော့ Big Bag အဖွဲ့ဝင်များနဲ့အတူ အနုပညာအလုပ်များကိုလည်း လုပ်ကိုင်လျက်ရှိကာ Bipolarbear Gallery ကိုလည်း ဖွင့်လှစ်ထားပါတယ်။

The post “The Voice Myanmar Season 2 က ကြည့်လို့ကောင်းမယ့် အစီအစဉ်ပါ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ